မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

September 04, 2015

မြန်မာ ယူ-၁၉ ပြန်လည်ဖွဲ့စည်းမည်


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့်အာရှ ယူ-၁၉ ခြေစစ်ပွဲများအတွက်မြန်မာ ယူ-၁၉ အသစ်ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်းမြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်ဂတ်ဆီဇီကပြောသည်။မြန်မာ ယူ-၁၉ အသင်းသည်မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကိုပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်း၌ဗီယက်နမ်၊ မလေးရှား အသင်းတို့နှင့်ရမှတ်ခုနစ်မှတ်ချင်း တူသော်လည်း ဂိုးကွာဟမှုကြောင့် အုပ်စု ထွက်ခဲ့ ရခြင်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်က အာရှ ယူ-၁၉ ခြေစစ်ပွဲကိုအောင်မြင်ဖို့ပါ။
ဒါကြောင့်အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။
အသင်းမှာရှိတဲ့တချို့ကစားသမားတွေက ပြိုင်ပွဲရောက်ရင် ကြိုးစားစိတ်လျော့နည်းနေတာကို တွေ့ရပါတယ်။ဒါကြောင့်အသင်းအတွက် အပြည့်အ၀ပေးဆပ်လိုတဲ့ ကစားသမားကောင်းတွေ ဆက်လက်ရှာဖွေရပါဦးမယ်" ဟု၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ယူ-၁၉ အသင်းကိုအနားပေး ထားကြောင်းသိရသည်။ 
မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်ကျင်းပမည့်အာရှယူ-၁၉ ခြေစစ်ပွဲအတွက်  ပြင်ဆင်မှုများကိုမကြာမီ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၆ အာရှ ယူ-၁၉ ပြိုင်ပွဲအတွက်အုပ်စု (ဆ) ကိုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရမည်ဖြစ်ပြီး ယခင်အိမ်ရှင်လုပ်ခဲ့သည့်အချိန်က ပရိသတ်များကွင်းအတွင်းသို့ ၀င်ရောက်အလွန်အကျူးအောင်ပွဲ ခံနေသောကြောင့် ပထမဆုံးကစားရမည့် ဘရူနိုင်းအသင်းနှင့်ပွဲစဉ်ကို ပရိသတ်မပါဘဲကစားရမည်ဖြစ်ပြီး ကျန်သုံးပွဲကိုပုံမှန်အတိုင်း ပရိသတ်များလာရောက်ကြည့်ရှု ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
အာရှ ယူ-၁၉ ခြေစစ်ပွဲများကို စက်တင်ဘာ ၂၈ ရက်မှအောက်တိုဘာ ၆ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းဓါက်ပုံ MFF)

Asia Myanmar (Myanmar Sport Song)



ကိုယ်ဘာသာ ဖွင့်ပြီး နားထောင်နေတာ
 မြန်မာ အသင်း နိုင်မှ နားထောင်ရမယ်ဆိုရင်
နားထောင်ဖြစ်တော့မှာ မဟုတ်ဘူး :D

August 28, 2015

2014-2015 ရာသီအတွက် UEFA အကောင်းဆုံး သမားဆု မက်ဆီရရှိ


2014-2015 ရာသီအတွက် UEFA အကောင်းဆုံး သမားဆု ကို ဆွာရက်စ်၊စီရိုနယ်ဒို
တို့ကို ကျော်ဖြတ်ပြီး လီယွန်နယ်မက်ဆီရရှိ
မက်ဆီ
က ဆွတ်ခူးရရှိသွားခဲ့သည်။
မက်ဆီမှာ ယင်းဆုကို 2010-2011 ရာသီက ပထမဆုံး ရရှိခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် အောင်မြင်မှု ဖြစ်ခဲ့သည်။
မက်ဆီမှာ ယခုဆုအတွက် ဂျာနယ်လစ် (၅၄)ဦး၏ မဲပေးမှု
မက်ဆီ - (၄၉)မဲ
ဆွာရက်စ် - ၃ မဲ
စီရိုနယ်ဒို- ၂ မဲ သာရရှိခဲ့သည်။
မက်ဆီ အနေဖြင့်
UEFA Goal of the year ဆု
ကိုလည်း ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် Semi-Final ဘိုင်ယန်နှင့်ပွဲတွင်
သွင်းယူခဲ့သော ဂိုးဖြင့် ဆွတ်ခူးခဲ့သည်။

မြန်မာ ယူ ၁၉ နှင့် တီမော သရေကျ

လာအိုနိုင်ငံမှာ ဒီကနေ့ ညနေကျင်းပသွားတဲ့ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် အုပ်စု ခ ဒုတိယပွဲစဉ်မှာ မြန်မာနဲ့ အရှေ့တီမော အသင်းတို့ ၁ ဂိုးစီသရေကျပါတယ်။
တီမောအသင်းကပွဲစပြီး မကြာခင်မှာပဲ ဦးဆောင်ဂိုးသွင်းယူပြီးပွဲကို ဦးဆောင်ခဲ့ပါတယ်။ မြန်မာအသင်းက ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခွင့်အရေးကို အသုံးမချနိုင်တဲ့ အတွက် ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်း ဂိုးရရှိရေး ကြိုးပမ်းခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို သေချာက်ပေါက် အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။
ပွဲပြီးခါနီးအချိန်ရောက်မှာ မြန်မာအသင်း ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး သရေတမှတ် ရယူနိုင်ခဲ့ပါတယ်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ကံကောင်းလို့ သရေကျခဲ့ရတာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုဒ်မှာ ပြောပါတယ်။
“ကစားသမား အချို့ဟာ ကွင်းထဲရောက်ရင် ကိုယ့်အင်္ကျီရင်ဘတ်မှာ တပ်ထားတဲ့ အလံအတွက် အင်တိုက်အားတိုက် ကြိုးစားရမယ် ဆိုတာကို မေ့သွားကြတယ်။ တီမောလို အားနည်းတဲ့ အသင်းကိုတောင် ကျနော်တို့ အနိုင်မကစားနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ကျနော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ။”
အုပ်စု ခ မှာ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး တပွဲနိုင် တပွဲသရေကျကာ ၄ မှတ်ရထားပါတယ်။
အုပ်စုခမှာ မြန်မာအသင်းဟာ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ အရှေ့တီမော အသင်းတွေနဲ့ တအုပ်စုတည်းကျနေပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ မလေးရှား၊ သြဂုတ် ၃၁ ရက်မှာတော့ ဗီယက်နမ် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Data From   http://burmese.dvb

August 27, 2015

28.8.2015 ရက်နေ့ မြန်မာနှင့်ယူအေအီး ခြေစမ်းကစားမည်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ် (၃) ကိုစက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီးမြန်မာ့ လက်ရွေးစင်အသင်းသည် ယင်းခြေစစ်ပွဲအတွက်ပြင်ဆင်သည့် အနေဖြင့်ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် လေ့ကျင့်လျက်ရှိပြီးသြဂုတ် ၂၈ ရက်တွင်ယူအေအီး လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက်  ပြင်ဆင်ရန်ယူအေအီးနိုင်ငံတွင် လေ့ကျင့်ရန်ယမန်နေ့နံနက်ပိုင်းက အဘူဒါဘီမြို့သို့ ထွက်ခွာသွားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည်  အဘူဒါဘီမြို့တွင်တစ်ပတ်ကြာ လေ့ကျင့်မည်ဖြစ်ပြီး ယူအေအီးအသင်းနှင့်ခြေစမ်းကာ ခြေစမ်းပွဲကစားမည့် ကူဝတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာအသင်းသည် စက်တင်ဘာ ၃ ရက်တွင်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကူဝိတ်အသင်နှင့်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူဦးသန်းတိုးအောင်၊ နည်းပြချုပ်အေဗရာမိုဗစ်ခ်ျ၊ လက်ထောက်နည်းပြ ဦးကြည်လွင်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြဦးအောင်သက်၊ ကြံ့ခိုင်ရေးနည်းပြ ကိုမာဆီဗစ်၊ ကစားသမားများအဖြစ် ဂိုး -ကျော်ဇင်ဖြိုး(မကွေး)၊ မျိုးမင်းလတ်(ကမ္ဘောဇ)၊ ရန်အောင်လင်း(ဟံသာဝတီ)၊ နောက်တန်း - ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း(ရန်ကုန်)၊ စည်သူအောင်(ရတနာပုံ)၊ ကျော်ဇင်လွင်၊ နန္ဒကျော်(မကွေး) ၊ အောင်ဇော်(ဟံသာဝတီ) ၊ဇော်လင်း(ကမ္ဘောဇ)၊ ဖြိုးကိုကိုသိန်း(ဧရာဝတီ)၊ အလယ်တန်း -ရဲကိုဦး၊ လှိုင်းဘိုဘို(ရတနာပုံ)၊ ကြည်လင်း၊ ရန်အောင်ကျော်(ရန်ကုန်)၊သီဟဇော်၊ ကျော်မင်းဦး၊ နေလင်းထွန်း(ဧရာဝတီ)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ဆွမ်လမ်မာန်(ချင်းယူနိုက်တက်)၊ ရှေ့တန်း -အောင်သူ(ရတနာပုံ)၊ ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်) ပါဝင်ကြသည်။