မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

September 04, 2015

မြန်မာ ယူ-၁၉ ပြန်လည်ဖွဲ့စည်းမည်


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့်အာရှ ယူ-၁၉ ခြေစစ်ပွဲများအတွက်မြန်မာ ယူ-၁၉ အသစ်ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်းမြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်ဂတ်ဆီဇီကပြောသည်။မြန်မာ ယူ-၁၉ အသင်းသည်မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကိုပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်း၌ဗီယက်နမ်၊ မလေးရှား အသင်းတို့နှင့်ရမှတ်ခုနစ်မှတ်ချင်း တူသော်လည်း ဂိုးကွာဟမှုကြောင့် အုပ်စု ထွက်ခဲ့ ရခြင်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်က အာရှ ယူ-၁၉ ခြေစစ်ပွဲကိုအောင်မြင်ဖို့ပါ။
ဒါကြောင့်အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။
အသင်းမှာရှိတဲ့တချို့ကစားသမားတွေက ပြိုင်ပွဲရောက်ရင် ကြိုးစားစိတ်လျော့နည်းနေတာကို တွေ့ရပါတယ်။ဒါကြောင့်အသင်းအတွက် အပြည့်အ၀ပေးဆပ်လိုတဲ့ ကစားသမားကောင်းတွေ ဆက်လက်ရှာဖွေရပါဦးမယ်" ဟု၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ယူ-၁၉ အသင်းကိုအနားပေး ထားကြောင်းသိရသည်။ 
မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်ကျင်းပမည့်အာရှယူ-၁၉ ခြေစစ်ပွဲအတွက်  ပြင်ဆင်မှုများကိုမကြာမီ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၆ အာရှ ယူ-၁၉ ပြိုင်ပွဲအတွက်အုပ်စု (ဆ) ကိုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရမည်ဖြစ်ပြီး ယခင်အိမ်ရှင်လုပ်ခဲ့သည့်အချိန်က ပရိသတ်များကွင်းအတွင်းသို့ ၀င်ရောက်အလွန်အကျူးအောင်ပွဲ ခံနေသောကြောင့် ပထမဆုံးကစားရမည့် ဘရူနိုင်းအသင်းနှင့်ပွဲစဉ်ကို ပရိသတ်မပါဘဲကစားရမည်ဖြစ်ပြီး ကျန်သုံးပွဲကိုပုံမှန်အတိုင်း ပရိသတ်များလာရောက်ကြည့်ရှု ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
အာရှ ယူ-၁၉ ခြေစစ်ပွဲများကို စက်တင်ဘာ ၂၈ ရက်မှအောက်တိုဘာ ၆ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းဓါက်ပုံ MFF)

No comments:

Post a Comment