မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

October 20, 2015

ကျားဟော်မုန်း လျော့နည်းသော လက္ခဏာများ


Testosterone ဟုခေါ်သော ကျားဟော်မုန်းသည် လူ့ခန္ဓာကိုယ်၏ ထုတ်လုပ်သော ဟော်မုန်းများအနက် တစ်ခုဖြစ်ပြီး အထူးသဖြင့် အမျိုးသားများ၏ကပ်ပယ်အိတ်များမှ ထုတ်လုပ်သည်။
ယင်းဟော်မုန်းက သုက်ရည်ထုတ်လုပ်မှုနှင့် ယောက်ျားတစ် ယောက်၏လိင်စိတ်တို့ကို တက်ကြွစေပြီး ကြွက်သားများတည် ဆောက်မှုနှင့် အရိုးများခိုင်မာမှုတို့အတွက် အထောက်အကူပြုသည်။

အမျိုးသားများအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်း ထုတ်လုပ်မှုလျော့ကျသွားလေ့ရှိသည်။ ကျားဟော်မုန်းများလျော့ကျ သင့်သောပမာဏထက် ပို၍ လျော့ကျနေပါက အမျိုးသားများတွင် လက္ခဏာများထွက်ပေါ်လာလေ့ရှိသည်။ ကျားဟော်မုန်းပမာဏကို တိုင်းတာသိရှိနိုင်ရန် သွေးစစ်ဆေးမှုခံယူနိုင်သည်။

ရော်နယ်ဒိုနှင့်နေမာ တစ်ပတ်အတွင်း ဂိုးသွင်းစံချိန်သစ်တင်



စနေညပိုင်းပွဲများတွင် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ပြိုင်ဘက်များကို အသီးသီးအနိုင်ရခဲ့ ရာ၌ ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးများဖြစ်သော  ရော်နယ်ဒိုနှင့်နေမာတို့က ဂိုးသွင်းစံချိန်များကို ချိုးနိုင်ခဲ့သည်။
ရော်နယ်ဒိုသည် လီဗန်တေး ကို  ရီးရဲလ်က ၃-၀ ဂိုးပြတ်ဖြင့်နိုင်သောပွဲတွင် လာလီဂါပွဲပေါင်း  ၃၁၀ ကစားရာ၌ ၃၂၄ ဂိုးမြောက် ဂိုးသွင်းပေးခဲ့ပြီး  ရာအူးလ်၏ ကလပ်အတွက် သွင်းဂိုး စံချိန်သာမက ပွဲကစားသည့် အ ရေအတွက်အရလည်း  ၄၃၁  ပွဲကစားထားသော ရာအူးလ်ထက်နည်းပြီး ဂိုးများသည့် စံချိန်ရှင်ဖြစ်လာခဲ့သည်။
ရော်နယ်ဒိုသည် လက်ရှိရာသီတွင် ခြောက်ဂိုးရထားပြီဖြစ်ကာ ဘန်ဇီးမားနှင့် ဂိုးအရေအတွက်တူခဲ့ပြီး ပြိုင်ဘက်မက်ဆီကမူ သုံးဂိုး သာရသေးသည်။
နေမာသည် ဗယ်လီကာနိုနှင့် ပွဲတွင် မက်ဆီမပါဝင်သော ဘာစီလိုနာတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး လေးဂိုးသွင်းခဲ့ရာ၌ ကစားသမား ဘဝသက်တမ်းတစ်လျှောက် ငါး ကြိမ်မြောက် တစ်ပွဲတည်းလေးဂိုးအထိသွင်းနိုင်သည့် စံချိန်သစ် ရခဲ့သည်။ နေမာသည် ဆန်းတို့စ်ကလပ်နှင့် ဘရာဇီးတွင်ကစားခဲ့ စဉ် ၂၀၁၀ ပြည့်နှစ်က ငါးဂိုးသွင်းခဲ့ဖူးပြီး လေးဂိုးသွင်းသည့် ပွဲများမှာမူ ယခင်က ဘရာဇီးလက်ရွေးစင်အသင်းနှင့် ဂျပန်အသင်းပွဲတွင်လည်းကောင်း၊ ဆန်းတို့စ်နှင့် ယူနီအိုဘာဘန်ရင့်စ်နှင့်ပွဲ၊ အက်သလက်တီကိုနှင့်ပွဲ၊ ဘရာဇီးလူငယ် အသင်းနှင့် ပါရာဂွေး ယူ-၂၀ အသင်းနှင့် ပွဲများတွင်လည်းကောင်း သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
—Ref:Goal

October 05, 2015

ယောင်္ကျာတို့ မသွားလာအပ်သော မိန်းမ ၂၀ ဆိုတာ နှင့် ကာမေသုမိစ္ဆာစာရကံအကျိုး

✿ ယောင်္ကျာတို့ မသွားလာအပ်သော မိန်းမ ၂၀ ဆိုတာ နှင့် ကာမေသုမိစ္ဆာစာရကံအကျိုး ✿
════════════════════════════════════════════
(မသွားလာအပ်တဲ့ မိန်းမ (၂၀)မျိုး မရှင်းလို့ တင်ပေးပါဆိုလို့)
---------------------------------------------------------------------
ယောက်ျားတို့ မသွားလာအပ်သော မိန်းမ ၂၀-ဟူလို။
-------------------------------------------------------------
(၁) မာတု ရက္ခတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဥတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ် စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။
မှတ်ချက်။ ။၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည်ဟူ၏။

ပဌာန်းတရားဆိုတာ ? ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန် သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်

✿ ပဌာန်းတရားဆိုတာ ? ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန် သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန် ✿
════════════════════════════════════════
ပဌာန်းတရားဆိုတာ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
■ ဘုရားရှင်တော်ပွင့်တော်မူသောအခါ အဘိဓမ္မာ ( ၇ )ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါတယ်။ အဲဒီလို သုံးသပ်တော်မူရာမှာ အဘိဓမ္မာနောက်ဆုံးကျမ်းဖြစ်တဲ့ ပဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တော်မူတဲ့အခါမှသာ ခန္ဓာကိုယ်က အသွေးတော်အသားတော် (ဓာတ်တော်)တွေဟာ ပီတိအဟုန်ကြောင့် ကြည်လင် ဖြူစင် ဝင်းလက်လာကာ ဖြိုးဖြိုးဖျတ်ဖျတ် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးထွက်ပေါ်လာခဲ့ပါတယ်။
ထိုရောင်ခြည်တော်ခြောက်သွယ်ရဲ့အလင်းရောင်ဟာ စင်္ကြာဝဠာတိုက်တစ်သောင်းအထိ ပြန့်နှံ့ရောက်ရှိသဖြင့် နတ်ဗြဟ္မာအပေါင်းဟာ လောက၌ ဘုရားပွင့်တော်မူပြီဟု သိခွင့်ရကြသည်။

■ ပဌာန်းတရားတော်ကြီးဟာ နက်နဲကျယ်ပြန့်လွန်းသဖြင့် မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်တက်၍ မယ်တော်မိနတ်သားနှင့် နတ်၊ဗြဟ္မာအပေါင်းကို ဟောကြားခဲ့သော တရားတော်ကြီးဖြစ်ပြီး လူ့ပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပဌာန်းကျမ်းထက် များစွာကျယ်ဝန်းနက်နဲပါတယ်။ လူ့ပြည်က ပဌာန်းကျမ်းကတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး စီစဉ်ထားခဲ့တဲ့ အကျဉ်းမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

September 09, 2015

Torrent ဆိုတာဘာလဲ



အင်တာနက်က file တွေ download ဆွဲတဲ့အခါ browser ဒါမှမဟုတ် downloader ကနေဆွဲလေ့ရှိပါတယ်။ ဒါတွေက web server ပေါ်မှာတင်ထားတဲ့ file ကို copy ကူးတာပါပဲ။ server ကဖျက်လိုက်ရင် download ဆွဲလို့မရတော့ပါဘူး။

Torrent ကကြတော့အဲ့လိုမဟုတ်ပါဘူး။ p2p connection ဖြစ်တဲ့အတွက် server မခံပဲ တိုက်ရိုက် sharing လုပ်တာပါ။ p2p ဆိုတာ Zapya အလုပ်လုပ်ပုံလိုမျိုးပါပဲ။ uploader က server ပေါ်တင် downloader တွေက server ကနေပြန်ဆွဲတာမျိုးမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ဆက်သွယ်တဲ့စနစ်ပါ။ Torrent မှာ တစ်ယောက်က file တစ်ခုကို upload တင်လိုက်ပါတယ်။


အဲ့ကို download ဆွဲတဲ့သူက download ဆွဲနေစဉ်အချိန်မှာ ပြန်ပြီးသူ့မှာရှိသလောက်ကို upload တင်ပါတယ်။ အောက်ကပုံအတိုင်း download ဆွဲတဲ့သူက တစ်ခြားကွန်ပြူတာတွေကနေ download ဆွဲပြီး နောက်တစ်ယောက်ကို ပြန်ပေးပါတယ်။ ကိုယ့်မှာရှိသလောက်ပဲတင်ပေးတာဖြစ်လို့ upload တင်နေတဲ့သူ တစ်ယောက်မှာမှ file အပြည့်မရှိရင် download ဆွဲရာမှာ % တစ်ခုရောက်ရင် ရပ်သွားမှာဖြစ်ပါတယ်။ download ဆွဲပြီးသား file ကို နာမည်ပြောင်းတာမျိုး ရွေ့လိုက်တာမျိုး ဖျက်လိုက်တာမျိုး လုပ်လိုက်ရင် upload တင်တော့မှာမဟုတ်ပါဘူး။ 100% ပြီးလို့ upload တင်နေတဲ့သူတွေကို seeder လို့ခေါ်ပြီး download ဆွဲနေဆဲသူတွေကို leecher လို့ခေါ်ပါတယ်။ download ဆွဲနေတဲ့သူတွေကလဲ upload တင်နေတာဖြစ်တဲ့အတွက် downloader လို့ခေါ်ရင် မမျှတဘူးလို့ BitTorrent founder ဖြစ်တဲ့ Bram Cohen ကထင်လို့ပါ။

Torrent ကိုအသုံးပြုဖို့ torrent client တစ်ခုလိုပါတယ်။ BitTorrent, uTorrent, folx, အစရှိသဖြင့် torrent client များစွာရှိပါတယ်။ uTorrent နဲ့ BitTorrent ကတော့သုံးရအလွယ်ဆုံးပါ။ Torrent ကိုဒေါင်းလုပ်ဆွဲမယ်ဆိုရင် နည်းနှစ်လမ်းရှိပါတယ်။ ပထမတစ်နည်းက Torrent file ကိုအရင် download ဆွဲတာပါ။ .torrent extension နဲ့ file တွေကို အရင် download ဆွဲလိုက်ပါတယ်။ torrent file ထဲမှာ ကိုယ်လိုချင်တဲ့ file ရဲ့ နာမည်၊ file size၊ folder structure အစရှိတဲ့ metadata ကိုသိမ်းထားပါတယ်။ torrent file kB အနည်းပဲရှိပါတယ်။ ဒီမှာတစ်ခုထည့်ပြောချင်တာက torrent ဒေါင်းလုပ်ဆွဲရင် folder တွေကိုပါ ဒီတိုင်း download ဆွဲပါတယ်။ zip တွေဘာတွေလုပ်စရာမလိုပါဘူး။ torrent file ကို အပေါ်မှာပြောခဲ့တဲ့ torrent client တစ်ခုခုနဲ့ဖွင့်ပြီး download ဆွဲလို့ရပါတယ်။ torrent client မှာ seeder, leecher အရေအတွက်ပြသပေးတဲ့အတွက် speed ကိုခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ 

တစ်ခုသတိထားရမှာက seeder လုံးဝမရှိဘူးဆိုရင်တော့ download ဆွဲရင်လုံးဝပြီးမှာမဟုတ်ပါဘူး။ torrent download ဆွဲတဲ့နောက်တစ်နည်းကတော့ magnet link ပါ torrent file download ဆွဲစရာမလိုပဲ magnet link ကိုနှိပ်လိုက်တာနဲ့ torrent client ပွင့်လာပြီး download ဆွဲတဲ့နည်းပါ .torrent file တွေပြန်ဖျက်ရတဲ့ ဒုက္ခကင်းဝေးစေမှာပါ။

Torrent ကို copyright နဲ့မကင်းလွတ်တဲ့ file တွေ share ရာမှာအသုံးများပါတယ်။ p2p ဆိုတော့ တရားစွဲရင် တစ်ယောက်ခြင်းတရားစွဲရမှာပါ။ ဒါတောင် နိုင်ငံတော်တော်များများမှာ torrent ကနေ တရားမဝင်ဒေါင်းလုပ်ဆွဲရင် isp ကတစ်ဆင့် ခြေရာခံပြီး လျှော်ကြေးတောင်းပါတယ်။ Singapore မှာ Dallas Buyers Club ရုပ်ရှင်ကို download ဆွဲတဲ့ လူတွေရဲ့အချက်အလက်ကို M1, StarHub နဲ့ SingTel တို့ပေးလိုက်ရတာ မကြာသေးပါဘူး။ ဒါပေမဲ့ file ကို server တစ်ခုမှာထားတာမဟုတ်တဲ့အတွက်ကြောင့် seeder ရှိနေသရွေ့ download ဆွဲနိုင်မှာဖြစ်ပါတယ်။


ဇူးနစ်(နည်းပညာ) www.zunite.org မှ ကူးယူတင်ပြသည်

ကစားသမား ခေါ်ယူပြီး အလေအလွင့်ဖြစ်မှု မန်ယူ ထိပ်ဆုံးရှိ



ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြီးခဲ့တဲ့ရာသီ ၃ ခုအတွင်း ကစားသမား ခေါ်ယူပြီး အလေ့အလွင့်ဖြစ်ခဲ့တဲ့ စာရင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက ရှိနေပါတယ်။
The Soccerex Transfer Review 2016 က ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ ရာသီအတွင်း ကစားသမားသစ်တွေရဲ့ ပွဲကစားချိန်၊ ခြေစွမ်းကြောင့်ဖြစ်စေ၊ ဒဏ်ရာကြောင့်ဖြစ်စေ အသင်းအတွက် ကစားပေးနိုင်မှု နည်းပါးခဲ့တဲ့ အချက်တွေအပေါ် တွက်ချက်ထားပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။
မန်ယူဟာ ဒီမာရီယာကို စံချိန်တင်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ခေါ်ခဲ့ပေမယ့် တရာသီအပြီးမှာတော့ ပေါင် ၄၄ သန်းနဲ့ ထုတ်ရောင်းခဲ့ရတာတွေ၊ တန်ဖိုးနဲ့မမျှဘဲ အကျိုးမရှိဖြစ်ခဲ့တဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ကို ဖော်ပြထားပါတယ်။
လုခ်ရှောနဲ့ ဖယ်လိုင်နီတို့ဟာ ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ မတန်ဘဲ ကစားရတဲ့ပွဲတွေ  နည်းပါးခဲ့ကြပြီး လုခ်ရှောဟာ တရာသီလုံးရဲ့ ၃၃ ရာခိုင်နှုန်း၊ ဒီမာရီယာက ၄၈ ရာခိုင်နှုန်းသာ ကစားခွင့်ရခဲ့ပါတယ်။
အကျိုးအရှိဆုံး ကစားမားကတော့ အာဆင်နယ်က ဆန်းချက်ဇ်ဖြစ်ပြီး ၈၆ ရာခိုင်နှုန်း အသင်းအတွက် ကစားပေးထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
copy from DVB