မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

September 09, 2015

Torrent ဆိုတာဘာလဲ



အင်တာနက်က file တွေ download ဆွဲတဲ့အခါ browser ဒါမှမဟုတ် downloader ကနေဆွဲလေ့ရှိပါတယ်။ ဒါတွေက web server ပေါ်မှာတင်ထားတဲ့ file ကို copy ကူးတာပါပဲ။ server ကဖျက်လိုက်ရင် download ဆွဲလို့မရတော့ပါဘူး။

Torrent ကကြတော့အဲ့လိုမဟုတ်ပါဘူး။ p2p connection ဖြစ်တဲ့အတွက် server မခံပဲ တိုက်ရိုက် sharing လုပ်တာပါ။ p2p ဆိုတာ Zapya အလုပ်လုပ်ပုံလိုမျိုးပါပဲ။ uploader က server ပေါ်တင် downloader တွေက server ကနေပြန်ဆွဲတာမျိုးမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ဆက်သွယ်တဲ့စနစ်ပါ။ Torrent မှာ တစ်ယောက်က file တစ်ခုကို upload တင်လိုက်ပါတယ်။


အဲ့ကို download ဆွဲတဲ့သူက download ဆွဲနေစဉ်အချိန်မှာ ပြန်ပြီးသူ့မှာရှိသလောက်ကို upload တင်ပါတယ်။ အောက်ကပုံအတိုင်း download ဆွဲတဲ့သူက တစ်ခြားကွန်ပြူတာတွေကနေ download ဆွဲပြီး နောက်တစ်ယောက်ကို ပြန်ပေးပါတယ်။ ကိုယ့်မှာရှိသလောက်ပဲတင်ပေးတာဖြစ်လို့ upload တင်နေတဲ့သူ တစ်ယောက်မှာမှ file အပြည့်မရှိရင် download ဆွဲရာမှာ % တစ်ခုရောက်ရင် ရပ်သွားမှာဖြစ်ပါတယ်။ download ဆွဲပြီးသား file ကို နာမည်ပြောင်းတာမျိုး ရွေ့လိုက်တာမျိုး ဖျက်လိုက်တာမျိုး လုပ်လိုက်ရင် upload တင်တော့မှာမဟုတ်ပါဘူး။ 100% ပြီးလို့ upload တင်နေတဲ့သူတွေကို seeder လို့ခေါ်ပြီး download ဆွဲနေဆဲသူတွေကို leecher လို့ခေါ်ပါတယ်။ download ဆွဲနေတဲ့သူတွေကလဲ upload တင်နေတာဖြစ်တဲ့အတွက် downloader လို့ခေါ်ရင် မမျှတဘူးလို့ BitTorrent founder ဖြစ်တဲ့ Bram Cohen ကထင်လို့ပါ။

Torrent ကိုအသုံးပြုဖို့ torrent client တစ်ခုလိုပါတယ်။ BitTorrent, uTorrent, folx, အစရှိသဖြင့် torrent client များစွာရှိပါတယ်။ uTorrent နဲ့ BitTorrent ကတော့သုံးရအလွယ်ဆုံးပါ။ Torrent ကိုဒေါင်းလုပ်ဆွဲမယ်ဆိုရင် နည်းနှစ်လမ်းရှိပါတယ်။ ပထမတစ်နည်းက Torrent file ကိုအရင် download ဆွဲတာပါ။ .torrent extension နဲ့ file တွေကို အရင် download ဆွဲလိုက်ပါတယ်။ torrent file ထဲမှာ ကိုယ်လိုချင်တဲ့ file ရဲ့ နာမည်၊ file size၊ folder structure အစရှိတဲ့ metadata ကိုသိမ်းထားပါတယ်။ torrent file kB အနည်းပဲရှိပါတယ်။ ဒီမှာတစ်ခုထည့်ပြောချင်တာက torrent ဒေါင်းလုပ်ဆွဲရင် folder တွေကိုပါ ဒီတိုင်း download ဆွဲပါတယ်။ zip တွေဘာတွေလုပ်စရာမလိုပါဘူး။ torrent file ကို အပေါ်မှာပြောခဲ့တဲ့ torrent client တစ်ခုခုနဲ့ဖွင့်ပြီး download ဆွဲလို့ရပါတယ်။ torrent client မှာ seeder, leecher အရေအတွက်ပြသပေးတဲ့အတွက် speed ကိုခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ 

တစ်ခုသတိထားရမှာက seeder လုံးဝမရှိဘူးဆိုရင်တော့ download ဆွဲရင်လုံးဝပြီးမှာမဟုတ်ပါဘူး။ torrent download ဆွဲတဲ့နောက်တစ်နည်းကတော့ magnet link ပါ torrent file download ဆွဲစရာမလိုပဲ magnet link ကိုနှိပ်လိုက်တာနဲ့ torrent client ပွင့်လာပြီး download ဆွဲတဲ့နည်းပါ .torrent file တွေပြန်ဖျက်ရတဲ့ ဒုက္ခကင်းဝေးစေမှာပါ။

Torrent ကို copyright နဲ့မကင်းလွတ်တဲ့ file တွေ share ရာမှာအသုံးများပါတယ်။ p2p ဆိုတော့ တရားစွဲရင် တစ်ယောက်ခြင်းတရားစွဲရမှာပါ။ ဒါတောင် နိုင်ငံတော်တော်များများမှာ torrent ကနေ တရားမဝင်ဒေါင်းလုပ်ဆွဲရင် isp ကတစ်ဆင့် ခြေရာခံပြီး လျှော်ကြေးတောင်းပါတယ်။ Singapore မှာ Dallas Buyers Club ရုပ်ရှင်ကို download ဆွဲတဲ့ လူတွေရဲ့အချက်အလက်ကို M1, StarHub နဲ့ SingTel တို့ပေးလိုက်ရတာ မကြာသေးပါဘူး။ ဒါပေမဲ့ file ကို server တစ်ခုမှာထားတာမဟုတ်တဲ့အတွက်ကြောင့် seeder ရှိနေသရွေ့ download ဆွဲနိုင်မှာဖြစ်ပါတယ်။


ဇူးနစ်(နည်းပညာ) www.zunite.org မှ ကူးယူတင်ပြသည်

No comments:

Post a Comment