မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

October 20, 2015

ကျားဟော်မုန်း လျော့နည်းသော လက္ခဏာများ


Testosterone ဟုခေါ်သော ကျားဟော်မုန်းသည် လူ့ခန္ဓာကိုယ်၏ ထုတ်လုပ်သော ဟော်မုန်းများအနက် တစ်ခုဖြစ်ပြီး အထူးသဖြင့် အမျိုးသားများ၏ကပ်ပယ်အိတ်များမှ ထုတ်လုပ်သည်။
ယင်းဟော်မုန်းက သုက်ရည်ထုတ်လုပ်မှုနှင့် ယောက်ျားတစ် ယောက်၏လိင်စိတ်တို့ကို တက်ကြွစေပြီး ကြွက်သားများတည် ဆောက်မှုနှင့် အရိုးများခိုင်မာမှုတို့အတွက် အထောက်အကူပြုသည်။

အမျိုးသားများအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်း ထုတ်လုပ်မှုလျော့ကျသွားလေ့ရှိသည်။ ကျားဟော်မုန်းများလျော့ကျ သင့်သောပမာဏထက် ပို၍ လျော့ကျနေပါက အမျိုးသားများတွင် လက္ခဏာများထွက်ပေါ်လာလေ့ရှိသည်။ ကျားဟော်မုန်းပမာဏကို တိုင်းတာသိရှိနိုင်ရန် သွေးစစ်ဆေးမှုခံယူနိုင်သည်။

ကျားဟော်မုန်းလျော့နည်းခြင်းကြောင့် အမျိုးသားများနှင့်အမျိုး သမီးများအားလုံး လိင်စိတ်လျော့ကျနိုင်သည်။ အမျိုးသားများအ သက်ကြီးလာလျှင် လိင်စိတ်လျော့နည်းသွားလေ့ရှိသော်လည်း ကျားဟော်မုန်းလျော့နည်းနေသူအနေဖြင့် ပို၍ စိတ်ဆန္ဒနည်းပါးမှုကြုံရ တတ်သည်။ အမျိုးသမီးများ ကျားဟော်မုန်းလျော့နည်းပါက ဟော် မုန်းနှင့် စိတ်ပြောင်းလဲခြင်းကဲ့သို့ ကိစ္စများနှင့်အတူ လိင်စိတ်လည်း အားနည်းလေ့ရှိသည်။
အမျိုးသားများတွင် ကျားဟော်မုန်း အလွန်လျော့နည်းနေပါက လိင်အင်္ဂါပြဿနာ ကြုံနိုင်သည်။ ယင်းပြဿနာမှာ အခြားသောကျန်းမာရေးပြဿနာများကြောင့်လည်း ဖြစ်ပေါ်နိုင်သဖြင့် ကျားဟော်မုန်းကြောင့် ဟုတ်၊ မဟုတ် စစ်ဆေးရန် အရေးကြီးသည်။
အမျိုးသားများ၏သုက်ရည်ထုတ်လုပ်ရာ၌ ကျားဟော်မုန်း သည် အဓိကနေရာမှ ပါဝင်သောကြောင့် ယင်းဟော်မုန်းလျော့နည်း သော အမျိုးသားများသုက်သွေးပမာဏလျော့နည်းမှုနှင့် ကြုံတွေ့ရ တတ်သည်။
ဆံပင်ပေါက်ခြင်းအပါအဝင် ခန္ဓာကိုယ်လုပ်ဆောင်ချက်များ စွာအတွက် ကျားဟော်မုန်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင် ရွက်သောကြောင့် အမျိုးသားများ ကျားဟော်မုန်းလျော့နည်းလျှင် ခန္ဓာကိုယ်၏အမွေးအမှင်များ လျော့နည်းလာလေ့ရှိသည်။
ကျားဟော်မုန်းနည်းသောအမျိုးသားများသည် အားအင်ကုန် ခန်းခြင်း၊ စွမ်းအင် သိသိသာသာ လျော့နည်းခြင်းတို့ ကြုံတွေ့ရလေ့ရှိ သည်။
ထို့ပြင် ခွန်အားများလျော့ကျခြင်းနှင့် ကြွက်သားထုလျော့ကျ လာခြင်းတို့နှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ကျားဟော်မုန်းသည် ခန္ဓာကိုယ်၏အဆီသိုလှောင်မှုအပေါ် လွှမ်းမိုးထားသောကြောင့် ကျားဟော်မုန်းလျော့နည်းပါက ခန္ဓာကိုယ်အဆီများလျော့နည်းသွား နိုင်သည်။ ထို့ပြင် သွေးဆုံးပြီး အမျိုးသမီးများ အရိုးပါးလေ့ရှိသကဲ့သို့ ကျားဟော်မုန်းနည်းသော အမျိုးသားများလည်း ယင်းပြဿနာကြုံ တွေ့ရသည်။
ထို့ပြင် သွေးဆုံးချိန် အမျိုးသမီးများ စိတ်အပြောင်းအလဲမြန် သကဲ့သို့ ကျားဟော်မုန်းလျော့နည်းသော အမျိုးသားများလည်း ယင်း အခြေအနေမျိုး ကြုံတွေ့နိုင်သည်။ ထို့ပြင် စိတ်ဓာတ်ကျခြင်း၊ အာရုံ မစူးစိုက်နိုင်ခြင်းတို့ ကြုံတွေ့နိုင်သည်ဟု သုတေသနပြုချက်များက ဖော်ပြသည်။
—Ref: Healthline

No comments:

Post a Comment