မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 28, 2015

မြန်မာ ယူ ၁၉ နှင့် တီမော သရေကျ

လာအိုနိုင်ငံမှာ ဒီကနေ့ ညနေကျင်းပသွားတဲ့ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် အုပ်စု ခ ဒုတိယပွဲစဉ်မှာ မြန်မာနဲ့ အရှေ့တီမော အသင်းတို့ ၁ ဂိုးစီသရေကျပါတယ်။
တီမောအသင်းကပွဲစပြီး မကြာခင်မှာပဲ ဦးဆောင်ဂိုးသွင်းယူပြီးပွဲကို ဦးဆောင်ခဲ့ပါတယ်။ မြန်မာအသင်းက ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခွင့်အရေးကို အသုံးမချနိုင်တဲ့ အတွက် ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်း ဂိုးရရှိရေး ကြိုးပမ်းခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို သေချာက်ပေါက် အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။
ပွဲပြီးခါနီးအချိန်ရောက်မှာ မြန်မာအသင်း ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး သရေတမှတ် ရယူနိုင်ခဲ့ပါတယ်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ကံကောင်းလို့ သရေကျခဲ့ရတာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုဒ်မှာ ပြောပါတယ်။
“ကစားသမား အချို့ဟာ ကွင်းထဲရောက်ရင် ကိုယ့်အင်္ကျီရင်ဘတ်မှာ တပ်ထားတဲ့ အလံအတွက် အင်တိုက်အားတိုက် ကြိုးစားရမယ် ဆိုတာကို မေ့သွားကြတယ်။ တီမောလို အားနည်းတဲ့ အသင်းကိုတောင် ကျနော်တို့ အနိုင်မကစားနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ကျနော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ။”
အုပ်စု ခ မှာ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး တပွဲနိုင် တပွဲသရေကျကာ ၄ မှတ်ရထားပါတယ်။
အုပ်စုခမှာ မြန်မာအသင်းဟာ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ အရှေ့တီမော အသင်းတွေနဲ့ တအုပ်စုတည်းကျနေပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ မလေးရှား၊ သြဂုတ် ၃၁ ရက်မှာတော့ ဗီယက်နမ် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Data From   http://burmese.dvb

No comments:

Post a Comment