မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 27, 2015

28.8.2015 ရက်နေ့ မြန်မာနှင့်ယူအေအီး ခြေစမ်းကစားမည်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ် (၃) ကိုစက်တင်ဘာ လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီးမြန်မာ့ လက်ရွေးစင်အသင်းသည် ယင်းခြေစစ်ပွဲအတွက်ပြင်ဆင်သည့် အနေဖြင့်ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် လေ့ကျင့်လျက်ရှိပြီးသြဂုတ် ၂၈ ရက်တွင်ယူအေအီး လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက်  ပြင်ဆင်ရန်ယူအေအီးနိုင်ငံတွင် လေ့ကျင့်ရန်ယမန်နေ့နံနက်ပိုင်းက အဘူဒါဘီမြို့သို့ ထွက်ခွာသွားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည်  အဘူဒါဘီမြို့တွင်တစ်ပတ်ကြာ လေ့ကျင့်မည်ဖြစ်ပြီး ယူအေအီးအသင်းနှင့်ခြေစမ်းကာ ခြေစမ်းပွဲကစားမည့် ကူဝတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာအသင်းသည် စက်တင်ဘာ ၃ ရက်တွင်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကူဝိတ်အသင်နှင့်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူဦးသန်းတိုးအောင်၊ နည်းပြချုပ်အေဗရာမိုဗစ်ခ်ျ၊ လက်ထောက်နည်းပြ ဦးကြည်လွင်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြဦးအောင်သက်၊ ကြံ့ခိုင်ရေးနည်းပြ ကိုမာဆီဗစ်၊ ကစားသမားများအဖြစ် ဂိုး -ကျော်ဇင်ဖြိုး(မကွေး)၊ မျိုးမင်းလတ်(ကမ္ဘောဇ)၊ ရန်အောင်လင်း(ဟံသာဝတီ)၊ နောက်တန်း - ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း(ရန်ကုန်)၊ စည်သူအောင်(ရတနာပုံ)၊ ကျော်ဇင်လွင်၊ နန္ဒကျော်(မကွေး) ၊ အောင်ဇော်(ဟံသာဝတီ) ၊ဇော်လင်း(ကမ္ဘောဇ)၊ ဖြိုးကိုကိုသိန်း(ဧရာဝတီ)၊ အလယ်တန်း -ရဲကိုဦး၊ လှိုင်းဘိုဘို(ရတနာပုံ)၊ ကြည်လင်း၊ ရန်အောင်ကျော်(ရန်ကုန်)၊သီဟဇော်၊ ကျော်မင်းဦး၊ နေလင်းထွန်း(ဧရာဝတီ)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ဆွမ်လမ်မာန်(ချင်းယူနိုက်တက်)၊ ရှေ့တန်း -အောင်သူ(ရတနာပုံ)၊ ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်) ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင်နည်းပြချုပ် မိုဗစ်သည်လက်ရွေးစင်အသင်းကို သွေးသစ်လောင်းထားပြီးအသက် (၃၀) ၀န်းကျင်ကစားသမားများ ပါဝင်လာခြင်းမရှိဘဲ ၀ါရင့်ကစားသမားများအဖြစ် ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ကျော်၊ အောင်ဇော်၊ ဇော်မင်းထွန်းနှင့်ဒေးဗစ်ဒန်း တို့ပါဝင်လာသည်။ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ရမြန်မာယူ-၂၃ အသင်းနှင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းမှကစားသမားအများစု ပါဝင်လာသည်။
ယူ-၂၃ အသင်းမှကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ စည်သူအောင်၊ ဖြိုးကိုကိုသိန်း၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ နေလင်းထွန်းနှင့်သီဟဇော်၊ ယူ-၂၀ အသင်းမှအောင်သူ၊ သန်းပိုင်၊ ကျော်မင်းဦး၊ မောင်မောင်လွင်၊ နန္ဒကျော်နှင့်မျိုးမင်းလတ်တို့ အပြီးသတ်ရွေးချယ်ရာတွင် ပါဝင်လာသည်။မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၇ ရက်တွင်လည်း နယူးဇီလန်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။

(သတင်းဓါက်ပုံ MFF)

No comments:

Post a Comment