မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

August 20, 2015

တရားတပုဒ် အနှစ်ချုပ်

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် တောအုပ်တခု၌ ရဟန်းတော်တပါး တရားကျင့်နေလျက် ရှိ၏။ ထိုရဟန်းသည် ဂါထာတပုဒ်သာ ရွတ်ဆို၍
တရားဟောလေ့ရှိသဖြင့် ဧကုဒါန-ရဟန်းဟု အမည်တွင်၏။တနေ့သ၌ ရဟန်းအခြံအရံ ငါးရာပါသော ပိဋကသုံးပုံဆောင် ရဟန်းနှစ်ပါးတို့သည် ထိုတောအုပ်သို့ ရောက်လာရာ
တောနေရဟန်းက-အရှင်ဘုရားတို့ ရောက်လာခိုက် တရားဟောတော်မူကြပါ။ ဤတောအုပ်ရှိ နတ်အပေါင်းတို့ ၀မ်းသာအားရ သာဓုအနုမောဒနာ ပြုကြပါလိမ့်မည်-ဟု လျှောက်ထား၏။
တိပိဋကဓရ ဆရာတော်နှစ်ပါးက တလှည့်စီ တရားဟောကြ၏။ တရားပွဲပြီးဆုံးသောအခါ သာဓုခေါ်သံ တသံမျှ မကြားရပေ။ တိပိဋက ဆရာတော်များက-အရှင်ဘုရားဟောပါဦး-ဟု
တောင်းပန်ရာ တောနေရဟန်းက သူဟောနေကျအတိုင်း ( အရဟတ္တဖိုလ်စိတ်၌ မမေ့မလျော့ အားထုတ်လေ့ရှိသော၊ အရဟတ္တမဂ်ဉာဏ်၏ အကြောင်းဖြစ်သော သိက္ခာသုံးပါး၌
ကျင့်သုံးပြီးဖြစ်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော၊ အခါခပ်သိမ်း သတိနှင့်ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား စိုးရိမ်ပူဆွေးခြင်း စသည် မဖြစ်ကြလေကုန်တကား-) ဟူသော ဥဒါန်းဂါထာကို
ဟောကြား၏။ထိုအခါ တောစောင့်နတ်အပေါင်းတို့သည် သောသောညံမျှ သာဓုခေါ်ကြလေသည်။ နတ်တို့သည် မျက်နှာလိုက်၍ သာဓုခေါ်ကြကုန်၏-ဟု တိပိဋကဓရ ရဟန်းတော်နှစ်ပါး၏
တပည့်များက ကဲ့ရဲ့အပြစ်ဆိုကြ၏။ ထိုအကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်တင်ကြရာမြတ်ဗုဒ္ဓက-ရဟန်းတို့ အကြင်သူသည် များစွာသော ပရိယတ်ကို သင်၏။ ရွတ်၏။ ထိုမျှဖြင့်
တရားဆောင်သူ မမည်။ အကြင်သူသည် တဂါထာမျှသာ သင်ယူ၍ သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်၏။ ထိုသူသည် တရားဆောင်သူမည်၏-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

( ပါဠိဂါထာ )
န တာဝတာ ဓမ္မဓရော ၊ ယာဝတာ ဗဟု ဘာသတိ ။
ယော စ အပ္ပမ္ပိ သုတွာန ၊ ဓမ္မံ ကာယေန ပဿတိ ။
သ ဝေ ဓမ္မဓရော ဟောတိ ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ ။
( မြန်မာပြန် )
စကားများစွာ ပြောကာမျှဖြင့် တရားဆောင်သူမမည်။
အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိမြင်၏။ ထိုသစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ်
တရားဆောင်သူ မည်၏။
( ဆောင်ပုဒ် )
စကားများများ၊ လွန်ပြောကြား၍၊ တရားပုဂ္ဂိုလ်။ မခေါ်ဆိုနိုင်၊
စွဲပိုင်ဉာဏ်ဝယ်၊ နည်းငယ်ဓမ္မ၊ ကြားရုံမျှဖြင့်၊ လေးဝသစ္စာ၊ မဂ်ဉာဏ်လွှာဖြင့်၊ ကောင်းစွာမြင်တွေ့၊ မမေ့မလျော့၊ မပေါ့မြဲအောင်၊ သတိဆောင်မှ၊ ဓမ္မဓရ၊ ခေါ်ဆိုရ၏။
( ဓမ္မဋ္ဌ၀ဂ်၊ ဧကုဒါန ခီဏာသ၀၀တ္ထု )

ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်

 "ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"
****************************** ********************

မကြာခင်ရေးသားပြီးတင်တော့မည့် ပဋ္ဌာန်း(၂၄)ပစ္စည်း မြန်မာပြန်အတွက် ရှေးဦးစွာ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမည့် လုပ်ငန်းလေးတွေအကြောင်းကို ရေးသားပြီးအသိပေးမှဖြစ်ပါမှာပါ။ဘာကြောင့်လဲလို့ဆိုတော့ ပဋ္ဌာန်းမရွတ်ဆိုမီလုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြော င်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။ မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူးအကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကိုရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။

၁။ယနေ့မှစ၍နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော် များ ရွတ်ဆိုပြီးမြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။

၂။တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ်ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော် များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအားပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။

၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍တပည့်တော်၏ ကိုယ်စောင့်နတ်၊ နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်းနတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ် မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကိုနာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။နေ့တိုင်းရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။တစ်လရွတ်ဆိုမည်ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီးတစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။(နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)

၎။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကိုကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြ စ်ပါတယ်။

၅။(သစ္စာဆိုပုံ) ။။ယခုအခါတစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာ တွင် ယနေ့အဓိဋ္ဌာန်အဖြစ်ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။ဤသစ္စာစကားကြောင့်လည်းကောင်း၊
ဤပဋ္ဌာန်းဒေသနာတော်၏တန်ခိုး ရှိန်စော် အာနုဘော်တို့
ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထ ပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ဟူ၍လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း
ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။

ဒါနသည် ပုဂ္ဂိုလ်အတန်းစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့် တရားဖြစ်၏၊

ဒါနသည် ပုဂ္ဂိုလ်အတန်းစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့် တရားဖြစ်၏၊ သံသရာခရီးသည် အားလုံးနှင့် သက်ဆိုင်၏၊ သံသရာခရီးသည်တိုင်း မဖြစ်မနေ
သယ်ဆောင်သွားရမည့် ရိက္ခာလည်းမည်၏၊ လျှောက်လှမ်းရမည့် သံသရာခရီး ရှည်လျှင် ရှည်သလောက် ဒါနရိက္ခာထုတ်များများ ပါသွာဖို့ အရေးကြီး၏၊ ကမ္ဘာအသင်္ချေချီ၍
သံသရာခရီးကိုလျှောက်လှမ်းတော်မူကြရသည့် ဘုရားအလောင်းတော်ကြီးများ အရေးတကြီးကျင့်ဆောင်ရမည့် ပါရမီအကျင့်တရားများကို ဆင်ခြင်တော်မူကြရာ၌ ဒါနပါရမီကို
ရှေးဦးစွာတွေ့မြင်တော်မူကြရသည်။

ဒါနအတွက်အခက်လေးပါး
°°°°°°°°°°°°°°°°°°°°°°°°

ဒါနသည်ဤမျှအရေးကြီးသော်လည်း မိမိပိုင်ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်နိုင်ရန်အတွက် သတ္တ၀ါတိုင်းအဖို့ အဟန့်အတားတွေက များပြားလှ၏၊ ယင်းအဟန့်အတား တရားများကား သံသရာနှင့်ချီ၍ အမတေ တည်နေကြပြီးဖြစ်ရာ ယင်းအဟန့်အတရား များကျော်လွှား၍ ပေးလှူနိုင်ရန်ခက်ခဲးလှ၏၊ ထို့ကြောင့်ဒါနအတွက် အခက်လေးပါးဟု
ရှေးပညာရှိများသတ်မှတ်တော်မူခဲ့ကြသည်။
၁။ မိမိနှစ်သက်သော ပစ္စည်းဥစ္စာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူအံ့ဟု စိတ်ထဲမှာ ကြံဖို့ရာခက်ခဲလှ၏။
၂။ ယင်းသို့စိတ်ထဲမှာ ကြံထားသည့်အတိုင် ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြေားဆိုနိုင်ခြင်းသည် ၃၃ လက်သစ်ရှိသောသံလျက်ကို မျိုရခြင်းထက်ခက်ခဲ၏။
၃။ ယင်းသို့ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြောကြားနိုင်ခြင်းထက် ရက်ရက်ရောရော လက်တွေ့ပေးလှူနိုင်ဖို့က ပို၍ခက်၏။
၎။ ယင်းသို့ယက်ယက်ရေားရေားလက်တွေ့ ပေးလှူနိုင်ခြင်းထက် ပေးလှူပြီးနောက် နောင်တတဖန် မပူပန်ဖို့က ပို၍ခက်ခဲးလှ၏။
ဤအကြောင်းနှင့်စပ်၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးကမိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့ဟူ၍၊ လှူမည်ဝမ်းထဲ၊ ကြံမရဲရှင့်၊ ကြံခဲစွာဘိ၊ ကြံသည်ရှိလည်း၊ မငြိမနား၊ မန္တန်အားဖြင့်အသွားမတုံး၊ ထိလျှင်ဆုံးမျှ၊ သုံးဆယ့်သုံးတန်၊ လက်သစ်ပြန်သည့်၊ သန်လျက်ဓါးကို၊ ထင်ရှားပြက်ပြက်၊ မျိုသော်ထက်လျှင်၊ နှုတ်ထွက်ငါသည်၊ ပေးမည်မြွက်ခဲ၊

မြွက်တပဲလျှက်၊ရဲရဲရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက်မုချ၊ ပေးပြီးမှလည်း၊ နောင်တမပူ၊ ခဲစွဟူ၏၊ ဟု စပ်ဆိုတော်မူခဲ့၏။ ပေးလှူလိုစိတ်ကို ညစ်နွမ်းစေတက် ဟန့်တားတက်သော တရားတို့ကားများပြားလှ၏၊ သတ္တ၀ါတိုင်းအဖို့ သံသရာက ထုနှင့် ထည်နှင့် ပါလာကြ၏။ ယင်းတို့ကာ လိုချင်တက်မက်မှု
လောဘ၊ အမျက်ထွက်မှု ဒေါသ၊ ပေးလှူုခြင်း၏ အကျိုးရှိ မရှိကို မသိတွေဝေမှု မောဟ၊ ငြူစူမှု ဣဿာ၊ နှမျေားတွန့်တိုမှု့ မစ္ဆရိယ၊ ထောင်လွှားတက်ကြွမှု့ မာန စသည်တို့ဖြစ်၏။
နှမြော ဝန်တိုသူတို့သည် ပစ္စည်းဥစ္စာများစွာရှိသ်ေလည်း မလှူရက် မဒါန်းရက်ကြ၊ မစ္ဆေရပြောထူ နှမြောဝန်တိုသူတို့သည် သူတော်ကောင်းတို့၏ လှူပုံလှူနည်းကို အတုလိုက်၍
မလှူနိုင်ကြကုန်(သံ၊၁၊၁၈)။ယင်းသို့မလှူနိုင်ခြင်းသည် အလှူခံပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ထွက်မုန်းတီးခြင်း ၊ လှူဖွယ်ဝတ္ထု၌ တပ်မက်ခင်တွယ်ခြင်းတို့ကြောင့်ဖြစ်၏။(ဣတိဝုတ်၊ဋ္ဌ။၂၂၇)။
ထို့ပြင် ပေးလှူလိုက်လျှင် ကုန်သွားလိမ့်မည် ၊ ငါနှင့်တကွ ငါ့အိမ်သူအိမ်သားများ စားကြရတော့မည်မဟုတ်ဟု နှမြောဝန်တိုမှု မစ္ဆေရ၊ မေ့လျှော့မှု ပမာဒ ဟူသော အကြောင်းနှစ်ပါးကြောင့်
လည်းဖြစ်တက်၏(သံ၊၁၊၁၇ စသည်)။

အငတ်ဘေးကြောက်သူ များများလှူ
====================
နှမြောဝန်တိုသူ မှန်သမျှသည် ငတ်မည့်ဘေးကြောက်၍ မပေးမလှူဘဲ ရှိတက်ကြရာ ထိုကြောက်စရာ ထိုသူ့ထံသို့မကြာမှီ ဆိုက်ရောက်လာတက်၏၊ ထို့ကြောင့်နှမြေားဝန်တိုမှု မစ္ဆရိယသည်
စည်းစိမ်ဥစ္စာကို ရခြင်း၏ အကြောင်းဖြစ်သော ပေးကမ်းလှူဒါန်းမှုကို တားမြစ်တက်ရကာ ယင်မစ္ဆရိယလောက် ယုတ်ညံ့သောတရားဆိုးမရှိဟု ဖွင့်ပြတော်မူ၏(သံ၊ဋီ၊၁။၁၂၆)။
အမှန်စင်စစ် ငတ်မည့်ဘေးကြောက်လျှင် နှမြောဝန်တိုမှု့ မစ္ဆရိယကို ပယ်ဖြောက်ကာ စွန့်ကြဲးပေးကမ်း လှူဒါန်းကြရာ၏(သံ၊၁။၁၈၊၃၀ စသည်)။
Regards,Ko Myo
Dhammaransi.com Webmaster
www.dhammaransi.com



 

August 06, 2015

သြကာသ ကန်တော့ချိုး ရှင်းလင်းချက်

အပါယ်လေးပါး

ငရဲ...............ငရဲထိန်း ၊ ငရဲမီး.တို့ဖြင့်..အမြဲနှိပ်စက်ခံနေရပြီး.ဆင်းရဲခြင်းအတိပြီးသောဘုံဌာန..

တိရစ္ဆာန်........မဂ်....ဖိုလ်..နိဗ္ဗာန်..နှင့်ဖီလာဖြစ်နေသော.သတ္တ၀ါတို့၏.ဘုံဌာန..(  ကုန်းနေ.ရေနေ  )

ပြိတ္တာ...........စားရမဲ့ ၊  ၀တ်ရမဲ့ ၊ ခိုကိုးရာမဲ့..ဖြစ်နေသော.သူတို့၏.ဘုံဌာန..( သရဲ.တစ္ဆေ.မှင်စာ.ဖုတ်..သဘက်.ကျတ်ကောင် )

အသူရကာယ်....နတ်များကဲ့သို့မရဲရင့်မတောက်ပြောင် ၊ ပြိတ္တာများထက်အခြေအနေဆိုး၍.အမြဲပူလောင်ဆင်းရဲခံနေရသူ

များ၏.ဘုံဌာန
သြကာသကန်တော့ချိုး........ရှင်းလင်းချက်...
ကပ်သုံးပါး

ဒု ဗ္ဘိက္ခ န္တရကပ်.......ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသောခေတ်ကာလ..

သတ္တန္တရကပ်.........စစ်  ၊ လက်နက်..ဘေးအန္တရာယ်.ဆိုက်ရောက်နေသောခေတ်ကာလ

ရောဂန္တရကပ်........အနာရောဂါ.ကူးစက်ရောဂါ.ဘေးဆိုက်ရောက်နေသောခေတ်ကာလ..

ကပ်ဆိုက်ပုံ

သတ္တ၀ါတို့လောဘတရားကြီးမားလွှမ်းမိုးလာသောအခါ.....ဒု ဗ္ဘိ က္န္တ န္တရကပ်

သတ္တ၀ါတို့ဒေါသ  တရားကြီးမားလွှမ်းမိုးလာသောအခါ......သတ္တ န္တရကပ်

သတ္တ၀်တို့မောဟ တရားကြီးမားလွှမ်းမိုးလာသောအခါ......ရောဂ န္တရ ကပ်

ရပ်ပြစ်ရှစ်ပါး


( ၁ ) ငရဲ  ( ၂ ) တိရစ္ဆာန် ( ၃ ) ပြိတ္တာ ( ၄ ) လွန်စွာသက်တမ်းရှည်သော.အရူပဗြဟ္မာ ( နာမ်ခန္ဓာသာရှိ ) နှင့်အသညသတ်ဗြဟ္မာ

( ရုပ်ခန္ဓာသာရှိ )    ထို့ကြောင့်.ဘုရားပွင့်သော်လည်းတရားမနာနှိုင်ကြပေ....( ၅ ) ပစ္စ န္တရာစ်အရပ်သား = တိုင်းစွန်ပြည်ဖျားလမ်း

ပန်းဆက်သွယ်ရေးခက်ခဲ၍ဝေါဟာရမပြည့်စုံမကြွယ်ဝသည့်.လူရိုင်းမျိုးနွယ်  ( ၆ ) မိစ္ဆာဒိဌိ  = မှားယွင်းသောအယူရှိသူ

( ၇ ) ဒုပ္ပည = အသိညာဏ်လူစဉ်မမှီသူ  ( ၈ ) သာသနာပကာလ = ဘုရားရှင်၏ဒေသနာတော်ကိုနာကြားခွင့်မရရှိနှိုင်ခြင်း

ရန်သူမျိုးငါးပါး

( ၁ )  ရေ  ( ၂ ) မီး ( ၃ ) မင်း ( ၄ ) ခိုးသူ  (၅ ) မချစ်မနှစ်သက်သောသူ ( အမွေခံဆိုး )

ဝိပ္ပတ္တိတရားလေးပါး

( ၁ ) ဂတိဝိပ္ပတ္တိ...လားရာဖောက်ပြန်ခြင်း ( ၂ ) ဥပဓိဝိပ္ပတ္တိ....ရုပ်ဆင်းအင်္ဂါချို့ယွင်းခြင်း ( ၃ ) ကာလ၀ိပ္ပတ္တိ....ခေတ်ပျက်ကာလ

ပျက်ခြင်း၊တ၇ားဥပဒေဖြင့်အုပ်ချုပ်မှု့ကင်းမဲ့နေခြင်း ( ၄ ) ပယောဂ၀ိပ္ပတ္တိ...အားထုတ်မှု့မမှန်ကန်ခြင်း၊လုပ်မှားကိုင်မှားဖြစ်ခြင်း၊အပြစ်ကျူးလွန်ခြင်း

ဗျသနတရားငါးပါး

( ၁ ) ဥာတိဗျသန.....ဆွေမျိုးများပျက်စီးခြင်း  ( ၂ ) ဘောဂဗျသန.....စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်စီးခြင်း  ( ၃ ) ရောဂဗျသန....

အနာရောဂါစွဲကပ်နှိပ်စက်ခြင်း ( ၄ ) သီလဗျသန.....အကျင့်သီလပျက်ခြင်း ( ၅ ) ဒိဌိဗျသန.....အယူလွဲမှားခြင်း..

( ၄ ) ( ၅ )  သည်...ယခုဘ၀၌သာမဟုတ်ဘ၀များစွာဆင်းရဲခြင်းသို့ရောက်စေတတ်ခြင်းကြောင့်ကြောက်ဘွယ်ကောင်းပါသည် ။

မဂ်တရား

မဂ်ဟူသည်မှာသမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါစာ ၊ သမ္မာကမ္မ န္တ ၊ သမ္မာအာဇီဝ ၊ သမ္မာဝါယာမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိဟူသော

မဂ္ဂင်ရှစ်ပါးတည်း ။

ဖိုလ်တရား

မဂ်တရားကြော င့်ဖြစ်ပေါ်လာသောအကျိုးဖြစ်သောဝိပါက်စိတ်ကို...ဖိုလ်စိတ်  ( ဖိုလ်တရား )  ဟုခေါ်သည် ။

နိဗ္ဗာန်

တဏှာအစရှိသော.ကိလေသာအားလုံးနှင့် ဒုက္ခ ခပ်သိမ်း တို့၏ ချုပ်ငြိမ်း ကုန်ဆုံးရာ အေးချမ်းသာယာသော    သဘော.

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။

May 12, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒကထာများ

၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။ ၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။ ၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
 ၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
 ၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
 ၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ




(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။

ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။

(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။

မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။

မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။

မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော် လင်္ကာဆောင်ပုဒ်


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို
၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀တာ အကျဉ်းချုပ်

- ၂၇-၁၂-၁၈၉၉ - ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသည်။
- ၉ နှစ် သားတွင် ရှင်သာမဏေ ၀တ်၏။ အသက်၂၀ တွင် ရဟန်းဘောင်သို့ တက်ခဲ့၏။
- ရဟန်း သိက္ခာ ၅၀ါမှစ၍ စာသင်သားတို့ အား အဘိဓမ္မာ များ ပို့ချပေးခဲ့သည်။
- ၁၉၄၁ ဒုတိယကမ္ဘာ စစ်အတွင်း ဘော်ပတန်းရွာ ကျောက်လိုဏ်ဂူကြီး အတွင်း၌ တရား ဘာဝနာတို့ဖြင့် သီတင်းသုံးတော်မူခဲ့သည်။
- ၁၉၅၂ တွင် အမရပူရသို့ ပြန်လာခဲ့၍ ၀ိပဿနာ တရားတို့ကို ဟောကြားတော်မူခဲ့သည်။
- ၁၇-၁၀-၁၉၆၂ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချ၍ ဓာတ်တော်များ ကြွင်းကျန်ခဲ့သည်။

May 31, 2012

မေတ္တာသုတ်သမိုင်း


ဘုရားရှင်လက်ထက်တော်အခါက ကမ္မဋ္ဌာနယောဂီရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူကြပြီး၊ မြတ်စွာဘုရား၏ သြ၀ါဒအတိုင်း ဟိမ၀န္တာတောအရပ်ကိုမှီကာ
ဂန္ဓဓူရခေါ် ရဟန်းတရားကို အားထုတ်ပြီး သီတင်းသုံးနေကြကုန်၏။

ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် တောစောင့်နတ် တောင်စောင့်နတ်တို့သည် မိမိတို့နေရာ သစ်ပင်၊ တောတောင်တို့၌ မနေ၀ံ့ကြသည့်အတွက် ရဟန်းတော်များအား
စိတ်ဆင်းရဲကာ တရားအားမထုတ်တော့ဘဲ တောမှ ပြန်သွားအောင် ညအခါ ကြောက်မက်ဖွယ်သော အဆင်း၊ အသံတို့ဖြင့် နည်းမျိုးစုံသုံးကာ
ခြောက်လှန့်ကြသောကြောင့် ရဟန်းတော်များမှာ ဖြောင့်မတ်စွာ တရားကို နှလုံးမသွင်းနိုင်၊ သမာဓိ မရနိုင် ဖြစ်ကြ၍ မြတ်စွာဘုရားထံပြန်၍
အကြောင်းစုံကို လျှောက်ထားကြရာ..

မြတ်စွာဘုရားရှင်က နတ်များ အနှောင့်အယှက်ပေးခြင်းမှ ကင်းဝေးစေရန်နှင့် မေတ္တာကမ္မဋ္ဌာန်း-ပွားများတတ်ရန်အလို့ငှာ၊ ဤမေတ္တာသုတ်ပရိတ်တရားတော်ကို
သင်ကြားပေးပြီး ပြန်လွှတ်လိုက်လေ၏။

May 28, 2012

ဝိသုဒ္ဓိ ၇-ပါး


ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။ (လောကချမ်းသာဆရာတော်- New York)

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။

ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

မွေးနေ့ဆိုတာ အိုပွဲပါ


တစ်နေ့တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ၊ ရုပ် နာမ်ပါ ၊ ခန္ဓာမမြဲသိ။
ရုပ်နာမ် ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏
သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏
မွေးနေ့ဆိုတာ သေပွဲပါ သေချာဥာဏ်ဖြင့်ကြည့်။
အသက် သိက္ခာ ကြီးစရာ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏
အကျင့်သိက္ခာကြီးမှသာ မှန်စွာစိတ်အေး၏
ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏
အသိမှန်ကန် ကိုယ့်ဖို့ကျန် ဧကန်စိတ်အေး၏။

(ယောဆရာတော် ဘုရားကြီး )

မွေးနေ့တဲ့
သမုတိမင်္ဂလာ
ခန္ဓာမှာ တကယ်ရှိ
ဥာဏ်နှင့်ကြည့်လိုက်တော့
ဇာတိက ဇရာ၊ ဇရာက ဗျာဓိ
တအိအိသက်ဆင်း
သေမင်းထံ တံခါးခေါက်
နားပေါက်အောင် ပြောခြင်းပါပဲတဲ့။

သစ္စာမေတ္တာဆုတောင်း (မြစိမ်းတောင်ဆရာတော်)


သဗ္ဗုရိသ တစ်ကြိမ်မျှ တွေကစောင့်ရှောက်သည်။
သူယုတ်မာကားအကြိမ်များ တွေ့ ငြားမစောင့်ပြီ
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ

သူတော်ကောင်းသာ ပေါင်းသင်းရာ မြတ်စွာမိန့် ခဲ့သည်။
သူတော်ကောင်းတရား သိမြင်ငြား တိုးပွားမြင့်မြတ်သည်။
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။

သူတော်ကောင်းသာ ပေါင်းသင်းရာ မြတ်စွာမိန့် ခဲ့သည်
သူတော်ကောင်းတရားသိမြင်ငြား ၀တ္တရားကင်းပြတ်သည်။
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။

မင်းစီးရထား လွန်ဆန်းပြားအိုသွားကြလေသည်
ခန္ဓာကိုယ်လည်းနည်းတူဘဲ မလွဲအိုရမည်
သူတော်ကောင်းများသိတရား အိုသွားမရှိပြီ
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။

ကောင်းကင်တထွေ ကမ္ဘာမြေထူထွေဝေးလှသည်
သမုဒ္ဒရာ ဟိုကမ်းဟာ လွန်စွာဝေးလှသည်
သူတော်သူညစ်တရားနှင့် စင်စစ်ဝေးလှသည်
သစ္စာတရားမြတ်တရားကြောင့် အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကြပါစေ။

ဖမ်းခြင်း နှင့် လွှတ်ခြင်း ရဝေနွယ်(အင်းမ)


မြတ်စွာဘုရား သာဝတ္တိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေစဉ်အခါက ဒကာဒကာမတွေဟာ ဥပုသ်နေ့ရောက်ပြီဆိုရင် မနက်ပိုင်းမှာ အဝတ်ဖြူလေးတွေဝတ်ပြီး ဘုရားကျောင်းကိုသွားလေ့ရှိပါတယ်။ ကျောင်းရောက်တဲ့အခါ ကိုယ်တတ်နိုင်သလောက် ဆွမ်းဒါနပြုပြီး နေ့လည်ပိုင်းမှာ တော့ ကိုယ်နဲ့အကျွမ်းဝင်းရာ ကိုယ်ကြည်ညိုရာ ရဟန်းတွေဆီသွားပြီး ဆည်းကပ်ကြပါတယ်။
   
   ညနေချမ်းရောက်လာရင်တော့ တရားပွဲကျင်းပလေ့ရှိကြပါတယ်။ အလှည့်ကျရဟန်းတော်တွေက တရားဟောကြပါတယ်။ တရားဟော ချိန်ရောက်ပြီဆိုရင်တော့ တရားပွဲရှိရာကို သွားနာကြပါတယ်။

   တစ်နေ့ညနေမှာတော့ တရားဟောနေရင်းနဲ့ မှောင်သွားပါတယ်။ မှောင်သွားတာကို သတိထားမိတဲ့ အမျိုးသမီးလေးတစ်ယောက်က “ဒီအချိန်မှာ ဆီမီးထွန်းရမယ့်အချိန်ပဲ”လို့ တွေးလိုက်ပါတယ်။ ဒါကြောင့် အိမ်ကဆီမီးကိုယူပြီး တရားဟောပလ္လင်ရှေ့မှာ ထွန်းပေးထားလိုက်ပါတယ်။   

       အမျိုးသမီးလေးက လှူထားတဲ့ ဆီမီးလေးကိုကြည့်ပြီး ဝမ်းမြောက်လို့မဆုံးဖြစ်နေပါတယ်။တရားဆုံးတဲ့အခါမှာတော့ ဝမ်းသာကျေနပ်စိတ်နဲ့ပဲ အိမ်ကိုပြန်ခဲ့ပါတယ်။ အမျိုးသမီးလေးက သူလှူလိုက်ရတဲ့ ဆီမီးအလှူလေးကို မေ့လို့မရတော့ပါဘူး။

December 24, 2011

သူ့ဘုန်းကံနှင့်သူ


ဘုန်းကံဆိုရာ၌ ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုရှိခြင်းကြောင့် ရရှိသောအကျိုး တရားကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုအားကြီးခဲ့လျှင် ဘုန်း ကံကြီးမည်။ ကုသိုလ်ကောင်းမှုနည်းခဲ့လျှင် ဘုန်းကံနည်းမည်ကို သိထားရပေမည်။ သတ္တ၀ါတို့၏စိတ်သည် တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့် ပြုလုပ်ကြသော အ လုပ်တို့လည်း တစ်ယောက်နှင့်တစ်ယောက် တူကြမည်မဟုတ်ပေ။ ထိုအကြောင်း တို့ကြောင့် ရရှိကြသော အကျိုးတရားတို့လည်း မတူညီကြခြင်းဖြစ်၏။

တချို့က ဥပဓိရုပ် အင်မတန်ဆိုးကြသော်လည်း တချို့က အင်မတန်ကောင်း ကြ၏။ တချို့က စားဝတ်နေရေးအတွက် ပြင်းစွာရုန်းကန်လှုပ်ရှားကြရသော်လည်း တချို့က သက်သာလွယ်ကူစွာ နေကြရပေသည်။ ထိုသို့ ကွာခြားနေတာကတော့ မတူညီသော ကံတရားတို့ကြောင့်ပင်ဖြစ်၏။

December 13, 2011

သန္ဒိဌိက ဓမ္မလမ်းစဉ် ( ဝေဘူဆရာတော်...အဆုံးအမ )


ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။

စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)

ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။

‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။

ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။

‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။

December 04, 2011

မကောင်းကံနှင့်ကောင်းကံ

   မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။
   ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။
   စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။


မိမိပြုခဲ့သော ကံသည် မိမိအနေဖြင့် ကောင်းသည်ဟု ထင်၍ လုပ်ခဲ့ခြင်းဖြစ်စေကာမူ သေခါနီးကာလ၌ သူ့သဘောသူဆောင်ကာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့်တူသောအကျိုးပေးသည့်
သဘောကို မလွဲမသွေပြမည်ဖြစ်ပါတယ်။ ၀ရမ်းပြေး လူဆိုးသည် ရာဇ၀တ်ဘေးမှပြေး၍ လွတ်ချင်လွတ်ပါမယ်၊အကုသိုလ်ကို ပြုလုပ်ခဲ့ပါက ထိုအကုသိုလ်ကို မဂ်ဥာဏ်ဖြင့် မပယ်သတ်နိုင်လျှင် (၃၁)ဘုံ၌ ဘယ်နေရာပြေးပြေး
ယင်းအကုသိုလ်၏ပြစ်ဒဏ်မှ မလွတ်နိုင်။ ပုထုဇဉ်ဖြစ်လျှင် အပါယ်လေးပါးသို့ပင်ကျနိုင်ပါတယ်။

November 28, 2011

တဏှာနှင့်ဆန္ဒ

မေး။ ။ မှော်ဆရာအဖွဲ့မှ ရရှိသော မေးခွန်းဖြေလွှာများကိုတွေ့ရပါသောကြောင့် သိလိုသောအချက်တချို့ကိုမေးလိုက်ရပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ပါဠိဘာသာဖြင့် တဏှာဆိုသည့်စကားလုံး၏ အဓိပ္ပါယ်နှင့် ဆန္ဒဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကိုရှင်းရှင်းလင်းလင်းခွဲခြားသိလိုပါသည်။ အမှန်တကယ် မရှင်းလင်းသည့်အတွက် မေးမြန်းခြင်းဖြစ်ပါသည်။ ပညာစမ်းခြင်းမဟုတ်ပါ။

 အောင်ထက်နိုင်၊ နေရပ်မသိသေး။

အင်း ဒကာက မေးလ်ကနေ ချက်ခြင်း မေးတာဆိုတော့ ဦးဇင်းလည်း စာရေးနေတာမို့ ခုပဲ ချက်ခြင်း ဖြေပေးလိုက်ပါမယ်။ ဒီစကားလုံးနှစ်ခုကို ရှင်းလင်းအောင်ဖြေမယ်ဆိုရင်တော့ အများကြီး ရေးရမှာပါ။ ဒါပေမဲ့ သဘောပေါက်ဖို့အတွက်လောက်ကတော့ ခုပဲ ဖြေပေးလိုက်ပါမယ်။

တဏှာ-ဆိုတာက တက်မက်တဲ့စိတ်ကို ခေါ်တာပါ။ ဆန္ဒက ဖြစ်ချင်တာကို ဦးတည်တာပါ။ ဥပမာ-ဒကာက မိန်းကလေးတစ်ယောက်ကို လိုချင်တာ၊ တက်မက်တာ၊ ပိုင်ဆိုင်ချင်တာ အဲဒါတွေက တဏှာပါ။ ဆန္ဒ-ဆိုတာက အဲဒီမိန်းကလေးကို ကောင်းစားစေချင်တဲ့ဆန္ဒရှိတာ။ သူ့ကို ကောင်းစားအောင်ဆိုပြီး သူအကျိုးရှိမဲ့နေရာကို သွားစေချင်တာ။ အဲဒါမျိုးတွေက ဆန္ဒပါ။ ဒါက ဥပမာအနေနဲ့ပြောတာနော်။

အမြတ်ဆုံးသော တရား ၆ ပါး


November 18, 2011

ဆုတောင်းခြင်း - ၊အရှင်ကေ၀လ(အလင်းစက်)

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊