မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 20, 2015

ဒါနသည် ပုဂ္ဂိုလ်အတန်းစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့် တရားဖြစ်၏၊

ဒါနသည် ပုဂ္ဂိုလ်အတန်းစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့် တရားဖြစ်၏၊ သံသရာခရီးသည် အားလုံးနှင့် သက်ဆိုင်၏၊ သံသရာခရီးသည်တိုင်း မဖြစ်မနေ
သယ်ဆောင်သွားရမည့် ရိက္ခာလည်းမည်၏၊ လျှောက်လှမ်းရမည့် သံသရာခရီး ရှည်လျှင် ရှည်သလောက် ဒါနရိက္ခာထုတ်များများ ပါသွာဖို့ အရေးကြီး၏၊ ကမ္ဘာအသင်္ချေချီ၍
သံသရာခရီးကိုလျှောက်လှမ်းတော်မူကြရသည့် ဘုရားအလောင်းတော်ကြီးများ အရေးတကြီးကျင့်ဆောင်ရမည့် ပါရမီအကျင့်တရားများကို ဆင်ခြင်တော်မူကြရာ၌ ဒါနပါရမီကို
ရှေးဦးစွာတွေ့မြင်တော်မူကြရသည်။

ဒါနအတွက်အခက်လေးပါး
°°°°°°°°°°°°°°°°°°°°°°°°

ဒါနသည်ဤမျှအရေးကြီးသော်လည်း မိမိပိုင်ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်နိုင်ရန်အတွက် သတ္တ၀ါတိုင်းအဖို့ အဟန့်အတားတွေက များပြားလှ၏၊ ယင်းအဟန့်အတား တရားများကား သံသရာနှင့်ချီ၍ အမတေ တည်နေကြပြီးဖြစ်ရာ ယင်းအဟန့်အတရား များကျော်လွှား၍ ပေးလှူနိုင်ရန်ခက်ခဲးလှ၏၊ ထို့ကြောင့်ဒါနအတွက် အခက်လေးပါးဟု
ရှေးပညာရှိများသတ်မှတ်တော်မူခဲ့ကြသည်။
၁။ မိမိနှစ်သက်သော ပစ္စည်းဥစ္စာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူအံ့ဟု စိတ်ထဲမှာ ကြံဖို့ရာခက်ခဲလှ၏။
၂။ ယင်းသို့စိတ်ထဲမှာ ကြံထားသည့်အတိုင် ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြေားဆိုနိုင်ခြင်းသည် ၃၃ လက်သစ်ရှိသောသံလျက်ကို မျိုရခြင်းထက်ခက်ခဲ၏။
၃။ ယင်းသို့ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြောကြားနိုင်ခြင်းထက် ရက်ရက်ရောရော လက်တွေ့ပေးလှူနိုင်ဖို့က ပို၍ခက်၏။
၎။ ယင်းသို့ယက်ယက်ရေားရေားလက်တွေ့ ပေးလှူနိုင်ခြင်းထက် ပေးလှူပြီးနောက် နောင်တတဖန် မပူပန်ဖို့က ပို၍ခက်ခဲးလှ၏။
ဤအကြောင်းနှင့်စပ်၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးကမိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့ဟူ၍၊ လှူမည်ဝမ်းထဲ၊ ကြံမရဲရှင့်၊ ကြံခဲစွာဘိ၊ ကြံသည်ရှိလည်း၊ မငြိမနား၊ မန္တန်အားဖြင့်အသွားမတုံး၊ ထိလျှင်ဆုံးမျှ၊ သုံးဆယ့်သုံးတန်၊ လက်သစ်ပြန်သည့်၊ သန်လျက်ဓါးကို၊ ထင်ရှားပြက်ပြက်၊ မျိုသော်ထက်လျှင်၊ နှုတ်ထွက်ငါသည်၊ ပေးမည်မြွက်ခဲ၊

မြွက်တပဲလျှက်၊ရဲရဲရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက်မုချ၊ ပေးပြီးမှလည်း၊ နောင်တမပူ၊ ခဲစွဟူ၏၊ ဟု စပ်ဆိုတော်မူခဲ့၏။ ပေးလှူလိုစိတ်ကို ညစ်နွမ်းစေတက် ဟန့်တားတက်သော တရားတို့ကားများပြားလှ၏၊ သတ္တ၀ါတိုင်းအဖို့ သံသရာက ထုနှင့် ထည်နှင့် ပါလာကြ၏။ ယင်းတို့ကာ လိုချင်တက်မက်မှု
လောဘ၊ အမျက်ထွက်မှု ဒေါသ၊ ပေးလှူုခြင်း၏ အကျိုးရှိ မရှိကို မသိတွေဝေမှု မောဟ၊ ငြူစူမှု ဣဿာ၊ နှမျေားတွန့်တိုမှု့ မစ္ဆရိယ၊ ထောင်လွှားတက်ကြွမှု့ မာန စသည်တို့ဖြစ်၏။
နှမြော ဝန်တိုသူတို့သည် ပစ္စည်းဥစ္စာများစွာရှိသ်ေလည်း မလှူရက် မဒါန်းရက်ကြ၊ မစ္ဆေရပြောထူ နှမြောဝန်တိုသူတို့သည် သူတော်ကောင်းတို့၏ လှူပုံလှူနည်းကို အတုလိုက်၍
မလှူနိုင်ကြကုန်(သံ၊၁၊၁၈)။ယင်းသို့မလှူနိုင်ခြင်းသည် အလှူခံပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ထွက်မုန်းတီးခြင်း ၊ လှူဖွယ်ဝတ္ထု၌ တပ်မက်ခင်တွယ်ခြင်းတို့ကြောင့်ဖြစ်၏။(ဣတိဝုတ်၊ဋ္ဌ။၂၂၇)။
ထို့ပြင် ပေးလှူလိုက်လျှင် ကုန်သွားလိမ့်မည် ၊ ငါနှင့်တကွ ငါ့အိမ်သူအိမ်သားများ စားကြရတော့မည်မဟုတ်ဟု နှမြောဝန်တိုမှု မစ္ဆေရ၊ မေ့လျှော့မှု ပမာဒ ဟူသော အကြောင်းနှစ်ပါးကြောင့်
လည်းဖြစ်တက်၏(သံ၊၁၊၁၇ စသည်)။

အငတ်ဘေးကြောက်သူ များများလှူ
====================
နှမြောဝန်တိုသူ မှန်သမျှသည် ငတ်မည့်ဘေးကြောက်၍ မပေးမလှူဘဲ ရှိတက်ကြရာ ထိုကြောက်စရာ ထိုသူ့ထံသို့မကြာမှီ ဆိုက်ရောက်လာတက်၏၊ ထို့ကြောင့်နှမြေားဝန်တိုမှု မစ္ဆရိယသည်
စည်းစိမ်ဥစ္စာကို ရခြင်း၏ အကြောင်းဖြစ်သော ပေးကမ်းလှူဒါန်းမှုကို တားမြစ်တက်ရကာ ယင်မစ္ဆရိယလောက် ယုတ်ညံ့သောတရားဆိုးမရှိဟု ဖွင့်ပြတော်မူ၏(သံ၊ဋီ၊၁။၁၂၆)။
အမှန်စင်စစ် ငတ်မည့်ဘေးကြောက်လျှင် နှမြောဝန်တိုမှု့ မစ္ဆရိယကို ပယ်ဖြောက်ကာ စွန့်ကြဲးပေးကမ်း လှူဒါန်းကြရာ၏(သံ၊၁။၁၈၊၃၀ စသည်)။
Regards,Ko Myo
Dhammaransi.com Webmaster
www.dhammaransi.com



 

No comments:

Post a Comment