မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

May 12, 2013

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော် လင်္ကာဆောင်ပုဒ်


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀တာ အကျဉ်းချုပ်

- ၂၇-၁၂-၁၈၉၉ - ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသည်။
- ၉ နှစ် သားတွင် ရှင်သာမဏေ ၀တ်၏။ အသက်၂၀ တွင် ရဟန်းဘောင်သို့ တက်ခဲ့၏။
- ရဟန်း သိက္ခာ ၅၀ါမှစ၍ စာသင်သားတို့ အား အဘိဓမ္မာ များ ပို့ချပေးခဲ့သည်။
- ၁၉၄၁ ဒုတိယကမ္ဘာ စစ်အတွင်း ဘော်ပတန်းရွာ ကျောက်လိုဏ်ဂူကြီး အတွင်း၌ တရား ဘာဝနာတို့ဖြင့် သီတင်းသုံးတော်မူခဲ့သည်။
- ၁၉၅၂ တွင် အမရပူရသို့ ပြန်လာခဲ့၍ ၀ိပဿနာ တရားတို့ကို ဟောကြားတော်မူခဲ့သည်။
- ၁၇-၁၀-၁၉၆၂ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချ၍ ဓာတ်တော်များ ကြွင်းကျန်ခဲ့သည်။

No comments:

Post a Comment