၁ ။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည့်ခြင်း ။
၂ ။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း ။
၃ ။ လက်ဆောင် ပေးကမ်း ပူဇော်မှု ( ပဟေဏကသက္ဌာရ )၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း ။
၎ ။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး ဆိုးကျိုး အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း ။
၅ ။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုး နှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
၆ ။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုး နှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
၇ ။ လူတို့ မမြင်နိုင်သည့် ငရဲ ၊ ဗြိတ္တာ ၊ နတ် ၊ သိကြား ၊ ဗြဟ္မာဟူသော ( သြပပါတိက ) သတ္တဝါ တို့ ရှိကြောင်း ယုံကြည်ခြင်း ။
၈ ။ ဤမျက်မှောက်လောက ရှိကြောင်း ယုံကြည်ခြင်း ။
၉ ။ သေပြီး နောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း ။
၁၀ ။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော သမဏေ ဗြာဟ္မဏ တို့ ရှိကြောင်း ၊ ယင်းတို့က ဤလောက တမလွန်လောကကို
ကိုယ်တိုင် သိမြင်၍ လူအများကို ပြန်လည် ဟောပြကြကြောင်း ယုံကြည်ခြင်း ။
No comments:
Post a Comment