မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

May 06, 2010

ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ

* နံနက်ခင်း နေရောင်ခြည်လေးသည် တစ်နေ့လုံး ရှိနေမည်မဟုတ်။

* အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်။

* သင့်ဘ၀ကို ချစ်မြတ်နိုးလျှင် အချိန်ကို အလကား မဖြုံးတီး၊ မကုန်ဆုံးပါစေနှင့်။

* အချိန်သည် ဘ၀၏ အသက်တာ ဖြစ်သည်။

* ကုန်ဆုံးသွားသော အချိန်ကို ဘယ်တော့မှ ပြန်မရနိုင်။

* အိပ်ယာထ နေမြင့်သောသူသည် တစ်နေ့လုံး လမ်းသွားရတတ်၏။

* သူများအတွက် ကောင်းသော အပြုအမူကို လုပ်တတ်သူသည် ကိုယ့်အတွက်လည်း အကောင်းဆုံး လူတစ်ယောက် ဖြစ်သည်။

* လူအများ၏ ချီမွမ်း ပြောဆိုခြင်းကို ခံယူချင်လျှင် သိမ်မွေ့ယဉ်ကျေးသော စကားမျိုးကို ပြောပြီး ကောင်းမွန် အကျိုးရှိသော အလုပ်ကို လုပ်ပါ။

* လုံ့လ၀ီရိယ ရှိသူအတွက် ဘယ်အလုပ်မျိုးမဆို လွယ်ကူသော အလုပ်ချည်းသာ ဖြစ်သည်။

* ပျင်းရိသူအတွက် ဘယ်အလုပ်မျိုးမဆို ခက်ခဲသော အလုပ်ချည်းသာ ဖြစ်သည်။

* အမြဲတမ်း ရှေ့ကို လှမ်းပြီး ကြည့်ပါ။ သို့မဟုတ် သင်သည် သူများနောက်တွင် ကျန်ရစ်လိမ့်မည်။

* တိုးတက်သော လူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်ကြပေသည်။

ကမ္ဘာကျော်စာရေးဆရာကြီး ဘားနဒ်ရှော့က ကျွန်ုပ်အသက် ၉၂ နှစ် ရှိပေမဲ့ ယနေ့တိုင် သင်ယူနေရတုန်းပဲဟု ထုတ်ဖော် ပြောကြားခဲ့လေသည်။

သင်သင်အံအံ ကြံကြံကြည့်ကြည့် ဉာဏ်စုံဖွင့် နန်းမြင့်နိဗ္ဗာန် တိုင်စေသော်.....


ရွှေဥမင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment