မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 06, 2015

ကလာဟယ်ကိုခေါ်ယူနိုင်ရန် MFF ညှိနှိုင်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အင်္ဂလန်နိုင်ငံရှက်ဖီး ယူနိုက်တက်ကလပ် အသင်း
များတွင် ကစားနေသော မြန်မာနိုင်ငံသား ကရင်လူမျိုး ကလာဟယ်ကိုနိုင်ငံ 
ကိုယ်စားပြု ပါဝင်ကစားနိုင်ရန် မကြာမီဆက်သွယ်ခေါ် ယူမှုများ
 ပြုလုပ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
လက်ရှိတွင်ထိုင်းနိုင်ငံဘောလုံး အဖွဲ့ချုပ်မှကလာဟယ်ခေါ်ယူနိုင်ရေး ကင်းထောက်များစေလွှတ် လျက်ရှိကြောင်းနှင့် 
ကလာဟယ်သည် ထိုင်းနိုင်ငံ၌ ရွေ့ပြောင်းအလုပ်သမားအဖြစ် 
နေထိုင်ခဲ့ခြင်းကြောင့် ထိုင်းလက်ရွေးစင် အသင်းအတွက် 
ကစားပေးလိုပါက ကစားခွင့်ရှိနေသဖြင့် ထိုင်းနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆက်သွယ်လာလျှင်လည်း ကစားပေးဖွယ်ရှိကြောင်း သိရသည်။
ကလာဟယ်ကိုယ်တိုင်ကလည်း ၎င်းအနေဖြင့်ထိုင်းသို့မဟုတ် 
 မြန်မာနိုင်ငံအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားပေးလိုကြောင်းဖွင့်ဟထားသူ တစ်ဦးဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့မှ 
၎င်းကိုရရှိရေးအတွက် အပြိုင်ကြိုးစားရန်ရှိနေသည်။ ယခုအချိန်ထိမြန်မာနိုင်ငံ
 ဘောလုံးအဖွဲ့ချုပ်မှ သတင်းများအရ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ရာတွင်
ကလာဟယ် ပါဝင်နိုင်မည် မဟုတ်ကြောင်း နှင့်လက်ရှိလက်ရွေးစင် ကစားသမားများ အတွက်အယောက် ၅၀ စာရင်းသွင်းထားပြီးကြောင်းနှင့် နောက်ဆက်လက်ဖွဲ့စည်းမည့် 
လက်ရွေးစင် အသင်းများတွင်သာ ပါဝင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့လက်ရွေးစင်အသင်းကို အပြီးသတ်ဖွဲ့စည်းထားရခြင်း 
မရှိသေးသော်လည်း ပဏာမစာရင်းကိုနည်းပြချုပ်ထံ တင်ပြပြီးဖြစ်ကြောင်းသိရသည်။

U Myo Thant

http://www.myanmargoal.com/မှကူးယူတင်ပြသည်။

No comments:

Post a Comment