အာဆီယံယူ-၁၆
ဘောလုံးပြိုင်ပွဲအုပ်စု B ၏နောက်ဆုံးပွဲစဉ်များကို
ယမန်နေ့ကကျင်းပခဲ့ရာ သြစတြေးလျနှင့်မြန်မာတို့
နိုင်ပွဲရခဲ့ပြီး ဆီမီးဖိုင်နယ်သို့တက်ရောက် နိုင်ခဲ့ပြီဖြစ်သည်။

ပထမပွဲစဉ်ဖြစ်သည့် သြစတြေးလျနှင့်ဖိလစ်ပိုင်တို့ ပွဲစဉ်တွင်
သြစတြေးလျက ၈း၂ ဂိုးဖြင့်ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။

ထိုပွဲတွင်သြစတြေးလျက ၅ မိနစ်မှာပင်အဖွင့်ဂိုး ရခဲ့ပြီးနောက်
၈ မိနစ်အကြာတွင် ဖိလစ်ပိုင်ကချေပဂိုးသွင်းခဲ့သည်။

၂၂ မိနစ်တွင်သြစတြေးလျမှ အဖွင့်ဂိုးသွင်းခဲ့သူရောဘတ်ကနောက်
တစ်ဂိုးသွင်းခဲ့ပြီး ၂၄ မိနစ်တွင် ဖိလစ်ပိုင်က ပြန်လည်ချေပခဲ့သည်။

ရောဘတ်က ၂၈ နှင့် ၄၃ မိနစ်တို့တွင်သြစတြေးလျအတွက်
ဂိုးထပ်သွင်းခဲ့ပြီး ၃၁ မိနစ်တွင်ရိုင်ယန်က တစ်ဂိုးသွင်းခဲ့ကာ
ပထမပိုင်းတွင်သြစတြေးလျက ၅း၂ ဖြင့်အနိုင်ရနေခဲ့သည်၊
ဒုတိယပိုင်းမိနစ် ၇၀၊ ၇၉ မိနစ်နှင့် ၈၇ မိနစ်
တို့တွင်ဂိုးများထပ်သွင်းပြီး ၈း၂ ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒုတိယပွဲစဉ်တွင် သရေရလျင်ပင်ဆီမီးတက်မည်ဖြစ်သော်လည်းမြန်မာအသင်းက
ကြိုးစားကစားခဲ့ကာပြည့်စုံနိုင်၊ ၀င်းနိုင်ထွန်း၊ အောင်ချစ်ဦးတို့က ဂိုးများသွင်းယူပေးခဲ့သည်။

ဆီမီးဖိုင်နယ်ပထမပွဲစဉ်တွင် မြန်မာနှင့်လာအို၊ ဒုတိယပွဲစဉ်တွင်
ထိုင်းနှင့်သြစတြေးလျတို့ ကစားရမည်ဖြစ်သည်။

U Myo Thant
No comments:
Post a Comment