မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 20, 2015









ဘီလ်ဘာအိုနှင့်ကစားခဲ့သောပွဲတွင် တိုက်ရိုက်အနီကဒ်ဖြင့် ထွက်ခဲ့ရသော
ဘာစီလိုနာနောက်ခံလူ ပီကေးကစည်းကြပ်ဒိုင်ကို ဆဲဆိုခဲ့ခြင်းမရှိကြောင်းနှင့်
အထုတ်ခံခဲ့ရသည့်အတွက် တောင်းပန်ကြောင်း ပြောဆိုလိုက်သည်။
၂၈ နှစ်သားပီကေးမှာ ထိုပွဲစဉ်ဒုတိယပိုင်းတွင် အထုတ်ခံခဲ့ရခြင်းဖြစ်ပြီးယင်းပွဲ၌
၁ ဂိုးစီသရေကျခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၅း၁ ဖြင့်ရှုံးကာ စပိန်စူပါဖလားရရှိရေး မျှော်လင့်ချက်ပျက်ပြားခဲ့ရသည်။
သူအထုတ်ခံရချန်တွင် ကွင်းဘေးမှစည်းကြပ်ဒိုင်ကို ဆဲဆိုခဲ့သည်ဟူသော စွပ်စွဲချက်များကိုပီကေးက ငြင်းဆိုခဲ့ပြီး ဘာစီလိုနာ အသင်းကလည်း
ထိုအနီကဒ်အတွက် အယူခံဝင်ထားကြောင်းသိရသည်။သို့သော်ဒိုင်လူကြီး အစီရင်ခံစာကိုစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့နှောင်းပိုင်းတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကာ
အမှန်ပင်ကျူးလွန်ခဲ့သည့် ဆိုပါက ၄ ပွဲမှ ၁၂ ပွဲအထိပွဲပယ်ခံရလိမ့်မည်ဖြစ်သည်။

No comments:

Post a Comment