မှားပါထင်ပါတယ်
တစ်နေ့ အရိုးကုဆေးခန်းသို့ မိန်းမတစ်ယောက်နှင့်ယောင်္ကျားတစ်ယောက်ရောက်လာ၏။ မိန်းမ မှာတင်းနေသောပုံဖြင့် ဆရာဝန်၏အခန်းထဲသို့ ၀င်သွား၏။ ဆရာဝန်က "ဘာများထိခိုက်သွားလို့လဲ" ဟုမေးမြန်းရာ မိန်းမက " ဆရာရယ် ကျွန်မယောင်္ကျားကလေ သူ့လက်နဲ့ တစ်ခြားမိန်းကလေးတွေရဲ့လက်တွေ ခါးတွေကို ကိုင်ကိုင်နေတယ်ရှင့် ၊ အဲ့ဒါကြောင့် သူ့ ရဲ့ လက်၂ ဘက်ကိုကျွန်မရိုက်ချိုးလိုက်တယ် " ဟုပြောလိုက်၏။ " ဒါပေမယ့်ကျွန်မမှားပြီထင်ပါတယ်" ၊ သူငွေမရှာနိုင်တော့ဘူးရှင့် "၊ ထိုအခါဆရာဝန်ကြီးက မေးမြန်းရာ " ခင်ဗျားယောင်္ကျားက ဘာအလုပ်လုပ်လဲဟုမေးမြန်းသောအခါ မိန်းမကြီးက သူက အကြောပြင်ဆရာပါ ဟုဖြေလိုက်လေသည်။
ရောဂါ
လူနာ။ ။ ဆရာ ကျွန်တော်အခုတလော ဖျားနေတယ် နေသိပ်မကောင်းဘူး လူလဲသိပ်မလန်းဘူး။
ဆရာဝန်။ ။ ခင်ဗျားကိုကျွန်တော်စမ်းသပ်ပါရစေ။
ဆရာဝန်။ ။ အော်သိပြီ ဒီဆေး အဖြူကိုရေ တစ်ပုလင်းနဲ့သောက် ၊ ဒီဆေးအပြာကိုရေတစ်ပုလင်းနဲ့သောက်၊ ဒီဆေးအ၀ါကို ရေတစ်ပုလင်းနဲ့သောက်ပျောက်ပြီ။
လူနာ။ ။ဒါနဲ့ဆရာကျွန်တော့ရောဂါက
ဆရာဝန်။ ။ ရေမသောက်တဲ့ရောဂါပါ။
နေရာဖယ်ပေးလိုက်ရလို့
ကလေး။ ။ မေမေ ဖေဖေ ကမတရားဘူး။
အမေ။ ။ ဘာလို့လဲသားရဲ့။
ကလေး။ ။ သားကိုမနက်ကကျောင်းလိုက်ပို့တုန်းက ဖေဖေ လမ်းမှာကောင်မလေးတစ်ယောက်တွေ့တယ်၊ ပြီးတော့ကားရပ်လိုက်ပြီး စကားပြောတယ်၊ နောက်တော့ သားထိုင်နေတဲ့နေရာကိုဖယ်ခိုင်းပြီး အနောက်မှာထိုင်ခိုင်းပါလေရော။
အမေ။ ။ အော် သားရယ် လူကြီးကိုနေရာဖယ်ပေးလိုက်လို့ ဘာဖြစ်မှာလဲ၊ ကုသိုလ်ရပါတယ်။
ကလေး။ ။ သားထိုင်နေတာက ဖေ့ဖေ့ပေါင်ပေါ်မှာလေ ။
အမေ။ ။ ဟိုက်
အတူတူနေမှာပေါ့
Male - မိန်းမ ငါသေရင်ဘယ်သူနဲ့နေမှာလဲ။
Female- အောကျွန်မက ဘယ်သူနဲ့နေရမှာလဲ ကျွန်မညီမလေးနဲ့နေရမှာပေါ့၊ ရှင်ရော
Male - ငါလဲမင်းလိုဘဲမင်း ညီမလေးနဲ့နေမှာပေါ့ဟ ။
နေရာပြောင်းပေးပါ့မယ်
တစ်နေ့ကောင်မလေးတစ်ယောက်လမ်းလျှောက်လာစဉ် လူပျိုတစ်အုပ် နောက်ကလိုက်လာလေ၏။ ထိုစဉ် ကောင်မလေး သည်ကြောက်လန့် ၍ ကြံရာမရဖြစ်နေသည်။ အတန်ကြာသော် သချိုင်းတစ်ခုတွေ့လေ၏။ ညနေလဲဆောင်းလေပြီ။ လူပျိုအုပ်မှာလိုက်လာဆဲပင်။ ကောင်မလေးသည် အကြံရကာ သချိုင်းထဲသို့ပြေးဝင်သွား၏ ။ လူပျိုတစ်စုမှာကြောင်၍ နေလေ၏။
ထို့နောက်အုတ်ဂူတစ်ခုရှေ့သို့ မတ်တပ်ရပ်ကာ " အဖေ သမီးအုတ်ဂူမှာ ဘာလို့လာနေနေတာလဲ သမီးအတွက်နေရာမှရှိတော့ဘူး " ဟုပြောလိုက်၏ ။ ထိုအခါ လူပျိုတစ်စုလဲကြောက်လန့်တကြားထွက်ပြေးကြကုန်၏ ။ ကောင်မလေးသည် အန္တရယ်ကင်းရှင်းပြီဟု ယူဆ၍ ပြန်ထွက်လာ၏ ။ ထိုစဉ် ကောင်မလေး အသံတစ်ခုကြာလို့က်၏။ " သမီးအဖေနေရာပြောင်းပေးပါ့မယ် စိတ်မဆိုးပါနဲ့နော် " ဟူ၍ ဖြစ်လေသည်။

No comments:
Post a Comment