၁။ အချိန်တိုင်းတွေးနေရင်းပင် ဘ၀ပြောင်းနေသည်။
၂။ အမေမှားလည်း အမေမှန်တယ်။ အဖေမှားလည်း အဖေမှန်တယ်။
၃။ နိဗ္ဗ္ဗ္ဗ္ဗာန်လိုချင်လျှင် သူများအတင်းမပြောနဲ့။ ချမ်းသာလိုချင်လျှင် သူများအတင်းမပြောနဲ့။
၎။ ဘုရားစကားနားထောင်ကြပါ။ တကယ်မြင်ခဲ့ တကယ်တွေ့ခဲ့ သိခဲ့လို့ပြောတာနားထောင်ပါ။ ဘုရားကလုပ်ဆိုတာကိုလုပ်။ မလုပ်နဲ့ဆိုတာကို မလုပ်နဲ့ပေါ့။
၅။ တရားအသံကိုကြားရတယ်၊ တရားနာရတယ်ဆိုတာ ဘုန်းကံအင်မတန်ကြီးလို့ပါ။
၆။ တာဝန်တော့ကျေပါ။ မတွယ်တာပါနဲ့။
၇။ စိတ်ဆင်းရဲစရာမှန်သမျှ အကုသိုလ်အကျိုးပေး။ စိတ်ချမ်းသာစရာမှန်သမျှ ကုသိုလ်အကျိုးပေး။
၈။ ဒါန၊ သီလ၊ ဘာဝနာသည် ကုသိုလ်ဓါတ်ကို ထွက်စေသောအအေးဓါတ်။
၉။ ဘာပဲဖြစ်ဖြစ် ဖြစ်သင့်လို့ဖြစ်တာလို့မှတ်ပါ။
၁၀။ ကံကို ကံနှင့် ဖျက်ရတယ်။ မကောင်းတဲ့ကံကို ကောင်းတဲ့ကံနဲ့ ဖျက်ရတယ်။
၁၁။ စေတနာသည် လူတိုင်းနှင့်မတန်တာမဟုတ်ပါ။ ကိုယ့်စေတနာသူတပါးမသိသေးတာ လိုနေသေးလို့ပါ။ ထပ်တိုးလိုက်ပါ။
၁၂။ ခွေးကိုကျွေးတာကအစ တကယ်စိတ်ဝင်စားပြီး သန့်သန့်ရှင်းရှင်းနဲ့ ကျွေးရတယ်။
၁၃။ ရအောင်လဲရှာ ပါအောင်လဲယူ။
၁၄။ ဒါနဆိုတာ လောဘကိုသတ်တာပါ။
၁၅။ မိဘဆိုတာ မြတ်သောအလှူခံကြီးတွေပါ။
၁၆။ ကိုယ်ငယ်ငယ်က မိဘအပေါ်မှာ ချီးပါချ၊ သေးပါချ။ မိဘတွေက မုန်းမှမမုန်းတာ၊ ကိုယ့်အပေါ်သည်းခံတာပဲလေ။ ခုမိဘတွေက ကိုယ့်အပေါ်ချီးမှပါမချတာ၊ သည်းခံရမယ်။
၁၇။ မိဘကို အကြွင်းမဲ့ချစ်ရမယ်။ မိဘရင်ထဲအေးချမ်းအောင်နေပါ။ မိဘကို တန်ဖိုးထားရမယ်။
၁၈။ အမေနဲ့သေခန်းပြတ်၊ အဖေနဲ့သေခန်းပြတ် ဆိုတဲ့လူတွေသည် တရားနာလို့မရနိုင်ဘူး။ သဘောမပေါက်နိုင်ဘူး၊ မဂ်တားဖိုလ်တား ဖြစ်တတ်တယ်။
၁၉။ ကျေးဇူးမြင်ရင်မေတ္တာပေါ်တယ်။ ကျေးဇူးပျောက်ရင် မာနပေါ်တယ်။
၂၀။ ရှင်တာကမမြဲဘူး၊ သေတာကမြဲတယ်။ အခုချိန်သေရင် အားလုံးထားခဲ့ရမှာပါ။

No comments:
Post a Comment