အမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းကို အတိုချုံးကာ ဖေါ်ပြရသော် ၁၈၈၆ ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံတွင် ပညာရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုပညာရေးဌာနသည် ကိုလိုနီ ပညာရေးစနစ်ကို သင်ယူစေပြီး
ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို သက်ဆိုးရှည်စေခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏
ကိုလိုနီကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို
ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့ကြသောကြောင့် ဗြိတိသျှတို့က မြန်မာနိုင်ငံ၏
ပညာရေးစနစ်ကို ပြောင်းလဲပေးခဲ့ရသည်။ ထိုသို့ ဆန့်ကျင်ခဲ့သည့် ၁၂၈၂ ခုနှစ်
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ဂျီစီဘီအေ(GCBA)
အသင်းကြီးက သတ်မှတ်ခဲ့ပြီး ပထမဆုံး အမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ
၁၃ ရက် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့) တွင်
စတင်ကျင်းပခဲ့သည်။

ထိုသို့ ဇာတိသွေးဇာတိမာန်ကို နိုးကြားတက်ကြွစေရန် မျိုးစေ့ချပေးခဲ့သော အမျိုးသားနေ့ကို ကမ္ဘာအရပ်ရပ်ရှိ မြန်မာတိုင်း အစဉ်သတိရစေရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။
No comments:
Post a Comment