အိပ်စက်အနားယူဖို့အတွက် သင့်ခန္ဓာကိုယ်နဲ့စိတ်ကို အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်မှသာ သင်ဟာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာမှာပါ။
၁။ ပေါ့ပေါ့ပါးပါး အစာစားပါ
အိပ်ရာမဝင်ခင် နွားနို့ပူပူလေး တစ်ခွက်သောက်လိုက်ခြင်းဟာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားရဖို့အတွက် ကူညီနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နွားနို့ထဲမှာ
အိပ်စက်ခြင်းကို အားပေးတဲ့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ Tryptophan တွေ
အများကြီးပါဝင်တာကြောင့်ပါ။ နောက်ထပ်လုပ်တဲ့ သုတေသနတွေအရ Tryptophanကို
ကာဗိုဟိုက်ဒရိတ်နဲ့ပေါင်းရင် အကျိုးကျေးဇူးပိုရပြီး ဦးနှောက်ဆီကို
Tryptophanတွေ ပိုရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်
အာနိသင်ပိုကောင်းဖို့အတွက် ခရက်ကာ၊ ပေါင်မုန့် ဒါမှမဟုတ် ကွေကာအုတ်တွေကို
နွားနို့နဲ့တွဲပြီး စားသောက်ပေးပါလို့ သုတေသီတွေက အကြံပြုထားပါတယ်။
၂။ အိပ်ပျော်ဖို့အတွက် အားထုတ်မကြိုးစားပါနဲ့
သင်ဟာ အိပ်ပျော်ဖို့အတွက် ကြိုးစားအားထုတ်ရင်း အိပ်ရာထဲမှာ လူးလိမ့်နေလေလေ၊ အိပ်ပျော်ဖို့ ပိုခက်လေလေပါ။ ဒါကြောင့် သင့်ကို တကယ်တည်ငြိမ်အေးဆေးဖို့
ကူညီနိုင်တဲ့ ဖြေလျှော့နည်းတွေကိုသာ လုပ်ဆောင်ပါ။ စာအုပ်ဖတ်တာ ဒါမှမဟုတ်
တရားထိုင်တာတွေပါ။ ပျင်းစရာကောင်းတဲ့ သင်ခန်းစာတွေကို ဖတ်တာက
ပိုကောင်းပါတယ်။
၃။ ညင်သာတဲ့ တေးဂီတနားထောင်ပါ
ညင်သာငြိမ့်ညောင်းတဲ့ ဂီတသံ ဒါမှမဟုတ် သဘာဝအသံတွေကို နားဆင်ရတာက သင့်စိတ်ကို ပြေလျော့ အနားရစေပြီး အိပ်စက်ဖို့အတွက် အဆင်သင့်ဖြစ်စေပါတယ်။ သီဆိုတဲ့အသံမပါဘဲ
တေးသွားချည်း သက်သက်ဆိုရင် ပိုကောင်းပါတယ်။ သင်နားထောင်တဲ့ ဂီတသံကို
အချိန်မှတ်ပြီး အလိုလိုပိတ်သွားစေမယ့် စနစ်တစ်ခုရှိဖို့တော့ လိုပါတယ်။
၎။ အိပ်ရာဝင်ချိန် အလေ့အထတွေ ရှိပါစေ
ဇိမ်ကျတဲ့ ကုလားထိုင် တစ်လုံးမှာ ထိုင်ပြီး စားဖတ်ခြင်း၊ နေ့စဉ် မှတ်တမ်းရေးခြင်း၊ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်း၊ မီးပိတ်ခြင်း ဒါမှမဟုတ် ညအိပ်မီးထွန်းကာ
မီးရောင်ကို မှိန်လိုက်ခြင်းတွေကို အိပ်ရာဝင်ခါနီးတိုင်း
လုပ်လေ့လုပ်ထရှိရင် သင့်ခန္ဓာကိုယ်ကို အိပ်စက်အနားယူခါနီး
အချိန်ဖြစ်ပြီဆိုတာ အချက်ပြနိုင်ပါတယ်။ အိပ်ရာဝင်ခါနီး အီးမေးလ်စစ်တာ၊
အင်တာနက်ကြည့်တာတွေကတော့ သင့်ဦးနှောက်ကို နိုးနိုးကြားကြားဖြစ်စေတဲ့ အတွက်
ရှောင်ကြဉ်သင့်ပါတယ်။
၅။ မှန်ကန်တဲ့ အိပ်ခန်းအနေအထား ရှိပါစေ
သင့်အိပ်ခန်းအနေအထားဟာ ညစဉ်သင်အိပ်ပျော်တဲ့အချိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုပေါ်မှာ ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်။ သင့်အိပ်ခန်းကိုလိုအပ်ရင်
ပြုပြင်ပြောင်းလဲမှုလုပ်ပါ။ အိပ်ခန်းထဲမှာ သင့်ကို အာရုံနိုးကြားစေမယ့်
အရာတွေ မရှိပါစေနဲ့။ ဥပမာ အလင်းရောင်စူးရှလွန်းတဲ့ မီးသီး၊ ပြင်ပမှ
အလင်းရောင်တွေ အလွယ်တကူ ဖောက်ဝင်နိုင်တဲ့ ခန်းဆီးလိုက်ကာ ဒါမှမဟုတ်
ဆူဆူညံညံ ဂီတသံတွေ မရှိပါစေနဲ့။ သင်ဟာ တစ်နေ့လုံး စွမ်းအင်ပြည့်ဝစွာ
လှုပ်ရှားနိုင်ဖို့အတွက် ညစဉ်နှစ်နှစ်ခြိုက်ခြိုက်နဲ့ အချိန်လုံလောက်အောင်
အိပ်စက်နိုင်ဖို့ အရေးကြီးပါတယ်။ သင့်ကို အိပ်မပျော်ဖြစ်စေမယ့်
အရာတွေကိုဖယ်ရှားပြီး ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူနိုင်ဖို့အတွက်
ပြင်ဆင်မှုတွေ ပြုလုပ်ပါ။
No comments:
Post a Comment