မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 25, 2010

စိတ်ဆိုတဲ့ စိတ်


လူတိုင်းတွင်စိတ်အမျိုးမျိုးစိတ်အထွေထွေရှိကြသည်။တစ်ချို.ကစိတ်ကောင်း
ရှိကြသည်။တစ်ချို.ကစိတ်ယုတ်စိတ်ညံ့ရှိကြသည်။
တစ်ချို.ကစိတ်ကောင်းကိုမရရအောင်ကြိုးစားထားတတ်ကြသည်။
ဟုတ်ပါသည်။“စိတ်ကြောင့်သေလက်ကြောင့်ကြေ”မဟုတ်ပါလား?
မိမိ၏စိတ်တွင်စိတ်ကောင်းဝင်နေပါကအရာအားလုံး
အဆင်ပြေပေလိမ့်မည်။ထိုသို.မဟုတ်စိတ်ယုတ်စိတ်ညံ့(မိမိအခေါ်မိစ္ဆာ၀ိတက်)ရှိနေပါကအရာ
အားလုံးအဆင်မပြေနိုင်ပေ။စိတ်သည်အရာရာကိုဦးဆောင်နိုင်သည်မဟုတ်ပါလား?
ထိုသို.အရာရာကိုဦးဆောင်နေသောစိတ်သည်စိတ်ကောင်းစိတ်မြတ်ဖြစ်နေရန်လိုပေလိမ့်မည်။
သို.မှသာကမ္ဘာလောကကြီးအေးချမ်းသာယာပေလိမ့်မည်။
ထိုသို.မဟုတ်ဘဲမိမိစိတ်တွင်စိတ်ဆိုးစိတ်ညံ့များဖြင့်ပြည့်နေပါကလောကကြီးအကျည်းတန်သွားပေလိမ့်မည်။
လူတိုင်းတွင်စိတ်ကောင်းရှိနိုင်ပါသလား။ရှိနိုင်ပါသည်။မည်သည့်နေရာမဆိုလေ့ကျင့်ပျိုးထောင်ယူနိုင်ပါသည်။
စိတ်ကောင်းကလေးရှိစေရန်မိမိစိတ်ကလေးကိုမိမိသိနေဖို.သည်လည်းအရေးပါပါသည်။
ပြဿနာတစ်ခုဖြစ်ပြီးလျှငစိတ်သည်အလိုလိုစစ်တတ်ပါသည်။ဤသည်ကိုလူတိုင်းသတိမချပ်မိကြပေ။
အကယ်၍မိမိစိတ်ကမှားနေကြောင်းသိလျှင်စိတ်ကချက်ချင်းပြင်ပြီးထုတ်ပြောတောင်းပန်ဖို.သင့်လျှင်ထုတ်ပြော
တောင်းပန်ရမည်။တစ်ခါတစ်ရံပါးစပ်ကပြောပြီးမှစိတ်ကပြန်စစ်သည်လည်းရှိပါသည်။
အဓိကပြောချင်သည်မှာစိတ်ဆိုသောစိတ်ဟုဆိုသည့်အတိုင်းအနုအလှကိုကြိုက်တတ်သည်လည်း
ဤစိတ်၊စိတ်ဆိုးချင်သည်လည်းဤစိတ်၊စိတ်ကောင်းချင်သည်လည်းဤစိတ်၊ဟိုဟာစားချင်သည်လည်း
ဤစိတ်၊အောင်မြင်ချင်သည်လည်းဤစိတ်၊………စသည်ဖြင့်စိတ်သည်အမျိုးမျိုးဖြစ်တတ်ပေသည်။
ထိုစိတ်အမျိုးမျိုးကိုအလိုက်သိလေးလိုက်ထိန်းပေးနိုင်ရန်လေ့ကျင့်ပေးရပေမည်။
အလေ့အထ၊ဂရုမပြုမိခဲ့သူဆိုကချက်ချင်းသိနိုင်မည်မဟုတ်ပေ။ယခုဤစာဖတ်နေရင်းပင်ကျွန်ု၏အဆင့်ကို
သင့်စိတ်ကသိလိုက်ပေပြီ။ထိုအချက်ကိုနောက်ကလိုက်လာသောစိတ်ကငြင်းပယ်ကောင်းငြင်းပယ်မည်။
လက်ခံကောင်းလက်ခံမည်။???
အခြားစိတ်နှင့်ပတ်သက်သောအကြောင်းအရာများစွာရှိကောင်းရှိနေပေအုံးမည်။
မဖြစ်စလောက်သောဉာဏ်ရည်ဖြင့်သိသလောက်မှတ်သလောက်ရေးဖွဲ.ထားသောစိတ်အကြောင်းလေးမျှဝေ
ခံစားနိုင်ကြပါစေ။
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းကိုလည်းလက်ဆယ်ဖြာယှက်မိုးလျက်

No comments:

Post a Comment