မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 29, 2010

အရိုးကိုဘုရားတည်ကောင်းလား............

အမေး။ ။ အရှင်ဘုရား ရုပ်ရှင်မင်းသား တစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ်
အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။
ပိုင်မင်းဦး
USA

အဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။
-သမ္မာသမ္ဗုဒ္ဓဘုရား၊
-ပစ္စေကဗုဒ္ဓါ ၊
-ရဟန္တာ ၊
-စကြာဝတေးမင်း တို့ ဖြစ်ပါတယ်။

ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊
လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့စကြာဝတေးမင်းကဘာပြုလို့ စေတီတည်ပြီးကိုးကွယ်
သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါကလူတို့ရဲ့ စီးပွားချမ်းသာမှုကိုဆောင်ရွက်ပေး
နိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။

လောကမှာ စကြာဝတေးမင်းဟာတစ်ဦးသာဖြစ်တဲ့အတွက်အံ့သြဖွယ်ရာလည်းဖြစ်၊
ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ဒါကြောင့် စေတီ တည်ပြီးကိုးကွယ်သင့်တဲ့အထဲ
မှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)

ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာ
ကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုး
စေတီအဖြစ်တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ
မရေမတွက်နိုင် လောက်အောင် များပြားလှပါတယ်။

ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီ တည်ကြမယ်ဆိုရင်နေရာအနှံ့
မရေမတွက်နိုင်လောက်အောင်များပြားလွန်းလှပါတယ်။ ဒိလိုသာဆိုရင်လူတွေကိုးကွယ်
နိုင်တော့မှာမဟုတ်တော့ဘူး။

ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီ
တည်ထားဖို့ အခွင့် မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁)
လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။

စာရေးသူ- ဦးကောဝိဒ(မြိတ်)
http://www.venkawwida.net

No comments:

Post a Comment