မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

September 06, 2010

အမှောင်ငါးစင်း၊အလင်းငါးချက်တရားတော်

နာကြားဖူးတဲ့တရားတွေထဲကသူငယ်ချင်းတို့ကို အမှောင်ငါးစင်း၊အလင်းငါးချက်တရားတော် လေးကိုပြန်လည်ဝေမျှလိုက်ပါတယ်

နော်။

မိမိတို့ဖုံးလွမ်းနေတဲ့အမှောင်ငါးစင်းကဘာတွေလည်းဆိုတော့

(1) ကံကံ၏အကျိုးကိုမယုံကြည့်တဲ့အ၀ိဇ္ဇာတဲ့

(2)ရုပ်နမ်ကိုပိုင်းပိုင်းခြားခြားမသိတဲ့အ၀ိဇ္ဇာတဲ့

(3) အကြောင်းအကျိုးတို့ကိုသိမ်းစည်းမပြုလုပ်တတ်တဲ့အ၀ိဇ္ဇာတဲ့

(4)ပဋိစ္စသမုပ္ပါတ် ကိုမသိတဲ့အ၀ိဇ္ဇာတဲ့

(5) သစ္စာကိုမသိတဲ့အ၀ိဇ္ဇာဆိုပြီးအမှောင်ငါးစင်းရှိပါတယ်


(1) ကံကံ၏အကျိုးကိုမယုံကြည့်တဲ့အ၀ိဇ္ဇာဆိုတာကတော့ကိုယ်အတိတ်ကပြုလုပ်ခဲ့တဲ့ကံကြောင့်ယခုဘ၀မှာကောင်းကျိုး

ဆိုးကျိုးခံစားရတာကိုအယုံအကြည်မ၇ှိတဲ့အ၀ိဇ္ဇာ၊အ၀ိဇ္ဖာဆိုတာကတော့မသိတာကိုပြောတာပါ။ယခုဘ၀မှာပြုလုပ်တဲ့ကောင်း

ကျိုးဆိုးကျိုးကိုလည်းအနာဂတ်မှာကိုယ်ပြန်ခံစားရမှာပဲဆိုတာမသိတဲ့အ၀ိဇ္ဇာတဲ့ကိုယ်စိုက်ပျိုးသောသစ်ပင်ကိုကိုယ်သာပြန်၇ိတ်

သိမ်း၇မည်ဆိုတာကိုမသိသောမသိမူ


(2)ရုပ်နမ်ကိုပိုင်းပိုင်းခြားခြားမသိတဲ့အ၀ိဇ္ဇာကတော့၊သွားချင်တဲ့စိတ်လေးကနာမ်တရား၊သွားလိုက်တာကရုပ်တရား၊

ပြောချင်တဲ့စိတ်လေးကနာမ်တရား၊ပြောလိုက်တာကရုပ်တရား၊စားချင်တဲ့စိတ်လေးကနာမ်တရား၊စားလိုက်တာကရုပ်

တရားဆိုတာကသေသေခြာခြာကွဲကွဲပြားပြားမသိတဲ့အ၀ိဇ္ဇာတဲ့ဒီရုပ်နာမ်ကိုတစ်သားတည်းဟုထင်မှတ်နေသောမသိမူ၊

ခန္ဓာငါးပါးကိုတစ်သားတည်းဟုထင်မှတ်နေသောအ၀ိဇ္ဇာမသိမူ


(3)အကြောင်းအကျိုးတို့ကိုသိမ်းစည်းမပြုလုပ်တတ်တဲ့အ၀ိဇ္ဇာကတော့အတိတ်ကပြုလုပ်ခဲ့သောအကြောင်တရားတို့ကြောင့်

ယခုပစ္စုပန်အကျိုးမှာခံစားရပြီးယခုပစ္စုပန်မှာပြုလုပ်သောအကြောင်းတရားတို့ကြောင့်နှောင်အနာဂါတ်အကျိုးတွင်ခံစားရမည်

ကိုမသိသောအ၀ိဇ္ဇာ၊အကြောင်းကြောင့်အကျိုးဖြစ်သည်ဆိုတာကိုမသိသောညဏ်


(4)ပဋိစ္စသမုပ္ပါတ် ကိုမသိတဲ့အ၀ိဇ္ဇာကတော့ဝိပသနာကိုဘာဆိုဘားမှမသိသောအ၀ိဇ္ဇာ၊အနိစ္စ၊ဒုက္ခ၊အနတ္တ၊ဆိုတာကိုမသိတဲ့

ညဏ်ပဋိစ္စသမုပ္ပါတ် အကျဉ်းကတော့

မူလနှစ်ဖြာ၊သစ္စာနှစ်ခု၊လေးခုအလွာ၊အင်္ဂါတဆယ့်နှစ်ပါး၊တရာကိုယ်များနှင့်၊သုံးပါအစပ်၊နှစ်ရက်မူလ၊၀ဋ်သုံးဝနှင့်၊ကာလ

သုံးဖြာ၊ခြင်းရာနှစ်ဆယ်၊သည်ရှစ်သွယ်ကိုအလွယ်ကျက်မှတ်သိစေအပ်သည် သံသရာမှလွတ်ကြောင်းတည်း။

မူလနှစ်ဖြာ=အ၀ိဇ္ဇာနှင့်တဏှာ

သစ္စာနှစ်ခု=သမုဒ္ဒယသစ္စာ၊ဒုက္ခသစ္စာ

လေးခုအလွာ=အတိတ်အကြောင်းတလွာ၊ပစ္စုန်ပ္ပါန်အကျိုးတလွာ၊ပစ္စုန်ပ္ပါန်အကြောင်းတလွာ၊အနာဂ္ဂါတ်အကျိုးတလွာ

အင်္ဂါတဆယ်နှစ်ပါး= အ၀ိဇ္ဇာ၊သင်္ခါရ၊၀ိဥာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖသ၊ဝေဒနာ၊တဏှာ၊ဥပါဒါန်၊ကမ္မဘ၀၊ဇာတိ၊ဇရာ

မရဏ

သုံးပါးအစပ်=သင်္ခါရနှင့်ဝိဥာဏ်တစပ်၊ဝေဒနာနှင့်တဏှာတစပ်၊ကမ္မဘ၀နှင့်ဇာတိတစပ်

နှပ်ရပ်မူလ=တဏှာနှင့်အ၀ိဇ္ဇာ

ဝဋ်သုံးပါး=ကိလေသ၀ဋ်၊ကမ္မ၀ဋ်၊၀ိပါက၀ဋ်

ခြင်းရာနှစ်ဆယ်=အတိတ်အကြောင်းအခြင်းအရာငါးပါး၊ပစ္စုပ္ပါန်အကျိုးအခြင်းရာငါးပါး၊ပစ္စုပ္ပါန်အကြောင်းအခြင်းအရာငါးပါး

အနာဂတ်အကျိုးအခြင်းအရာငါးပါးစသည့်စက်ဝိုင်းပုံလည်ပတ်နေပုံတို့ကိုမသိသောအ၀ိဇ္ဇာတဲ့

(5) သစ္စာကိုမသိတဲ့အ၀ိဇ္ဇာကတော့ဒုက္ခသစ္စာကိုလည်းမသိ၊သမုသယသစ္စာကိုလည်းမသိ၊မဂ္ဂသစ္စာကိုလည်းမသိ၊နိေ၇ာဓသစ္စာ

ကိုလည်းမသိတဲ့ညဏ်တဲ့

ဒုက္ခသစ္စာ=ဆင်းရဲတာအမှန်ကိုဒုက္ခသစ္စာလို့ခေါ်ပါတယ်

သမုဒ္ဒယသစ္စာ=ဆင်းရဲကြောင်းအမှန်ကိုသမုဒ္ဒယသစ္စာလို့ခေါ်ပါတယ်

နိရောဓသစ္စာ=ဆင်းရဲချုပ်တာအမှန်ကိုနိရောဓသစ္စာလို့ခေါ်ပါတယ်

မဂ္ဂသစ္စာ=နိဗ္ဗာန်ေ၇ာက်ကြောင်းအကျင့်ကောင်းအမှန်ကိုမဂ္ဂသစ္စာလို့ခေါ်ပါတယ်

သစ္စာလေးပါးကိုလည်းမသိတဲ့အ၀ိဇ္ဇာဆိုပြီးအမှောင်ငါးစင်းရှိပါတယ်

အလင်းငါးချက်ကတော့

(1)ကံကံ၏အကျိုးကိုယုံကြည်တတ်တဲ့ညဏ်ကောင်စွာသိမြင်တတ်တဲ့ညဏ်

(2)ရုပ်တရားကဖောက်ပြန်နေတာကိုလည်းသိနေသောညဏ်။နာမ်တရားကဖောက်ပြန်ပျက်စီးနေတာကိုလည်း

သိနေသောညဏ်၊သူလည်းမဟုတ်၊ငါလည်းမဟုတ်ရုပ်တရားနှင့်နာမ်တ၇ားသာဖြစ်သည်ဆိုတာကိုသိနေသောညဏ်

(3)အကြောင်းကြောင့်အကျိုးဖြစ်လာသည်ကိုဆင်ခြင်သိမ်းဆည်းတတ်သောညဏ်

(4)အနိစ္စမမြဲခြင်း၊ဒုက္ခဆင်းရဲခြင်း၊အနတ္တအစိုးမရခြင်းတို့ကိုသိမြင်သောဥဏ်၊ပဋိစ္စသမုပ္ပါတ်ကိုနားလည်းသိမြင်ဆင်

ခြင်တတ်သောညဏ်

(5)နိဗ္ဗန်ေ၇ာက်ကြောင်းမြင်တဲ့မဂ္ဂင်ကိုသိတဲ့ညဏ်၊သစ္စာလေးပါကိုသိတဲ့ညဏ်ဆိုပြီးမှအလင်းငါးချက်ရှိပါတယ်တဲ့

့တရားမဟောခင်တိုင်းဆရာတော်များပြောကြားတော်မူကြတဲ့

တရားတွေကိုနာလည်းနာနိုင်ကြပါစေနာတဲ့အတိုင်းလည်းသိနိုင်ကြပါစေ၊သိတဲ့အတိုင်းလည်းကျင့်ကြံနိုင်ကြပါစေ

အခုလည်းကိုယ်နားကြားဖူးတဲ့တ၇ားတွေထဲမှအမှောင်ငါးစင်းအလင်းငါးချက်တရားလေးကိုပြန်လည်မျှဝေလိုက်ပါတယ်

ေ၇းမိတဲ့ထဲမှာအမှာများပါရင်လည်းခွင့်လွတ်နားလည်တောင်ပန်ပါတယ်ရှင်။

ရိုသေလေးစားစွာဖြင့်

No comments:

Post a Comment