မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

September 06, 2010

ပုညကြိယ၀တ္ထု [ ၁၀ ] ပါး

ကောင်သောအကျိုး၏ဖြစ်တည်ရာဖြစ်၍ ပြုသင်.ပြုထိုက်သောကုသိုလ်ကောင်မှု ၁၀ မျိုးကိုပုညကြိယသတ္ထု ၁၀ပါး ဟုခေါ်သည်။

၁။ ဒါ န = မိမိ၏ပစ္စည်းဥစ္စာကိုပေကမ်းလှူဒါန်းမှု

၂။သီလ=၅ ပါး၊၈ပါး ၊ ၁၀ပါး စသော သီလတို.ကိုစောင်.ထိန်းမှု

၃။ဘာဝနာ= သမထ ဘာဝနာနှင်.၀ိပဿနာ ဘာဝနာ စီးဖြန်းမှု

၎ ။အပစာယန = အသက် ၊ သိက္ခာ ၊ဂုဏ်ကြီးမြတ်သော သူတို.ကိုရိုသေ မှု

၅ ။ ဝေယျာဝစ္စ = ရ တနာ သုံးပါး၊ မိဘဆရာတို.၏အမှုကိစ္စမျာနှင့်ကုသိုလ်ကိစ္စများတွင် ပါဝင်ဆောင်ရွက်လိုမှု

၆။ ပတ္တိဒါန =မိမိရသောကုသိုလ်အဖို.ကိုအမျှဝေပေးမှု

၇။ ပတ္တာနုမောဒန=သူတပါးပေးသောကုသိုလ်အဖို.ကိုဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု

၈။ ဓမ္မဿဝန =သူတော်ကောင်းတရားကိုနာကြားမှု

၉။ဓမ္မဒေသနာ=သူတော်ကောင်းတရားကိုဟောကြားမှု

၁၀။ဒိဋ္ဌိဇုကမ္မ= အယူကိုမှန်ကန်စွာယူမှု။

အထက်ပါ ပုညကြိယ၀တ္တု ၁၀ပါး ကိုသဘောတူရာပေါင်းစုလိုက်လျှင် ဒါန ၊ သီလ ၊ ဘာဝနာ ဟူ၍

၃မျိုးသာရ၏ ။

ဒါနအုပ်စု = ဒါန ၊ ပတ္တိ ဒါန ၊ ပတ္တာနုမောဒန။

သီလအုပ်စု =သီလ ၊အပစာယန ၊ဝေယျာဝစ္စ။

ဘာဝနာအုပ်စု = ဘာဝနာ၊ ဓမ္မဿဝန ၊ဒမ္မဒေသနာ ။ဒိဋ္ဌိဇုကမ္မ။

ဒိဋ္ဌိဇုကမ္မ ---- အယူဖြောင့်မှန်ခြင်းကို ဒါနအုပ်စု ၊သီလအုပ်စု ၊ဘာဝနာအုပ်စု သုံးခုသလုံး၌ထည်.သွင်းလျှင်လည်းသင့်လျှော်ပါသည်။။အဘယ်.ကြောင်.ဆိုသော် ကံ - ကံ ၏ အကျိုးကိုသိမြင်ယုံကြည်ပါမှ

ဒါန ၊ သီလ ၊ ဘာဝနာ ကောင်းမှု များကို ပြု လုပ်ကြမည်ဖြစ်သည်။။

ဒေါက်တာမင်းတင်မွန်၏ မြတ်သီလ စာအုပ်မှ

No comments:

Post a Comment