မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

July 04, 2010

ဖေမြင့်၏ရေးသားချက်ပါ

ဆရာရေးဆရာ ပေါ်ထွန်း(မြန်မာပြည်) ၏စာအုပ်မှ

မိမိကိုယ်စွမ်းကိုယ်စ ကို အစဉ်တစိုက် ကြိုးစားဖော်ထုတ်နိုင်သူအတွက် လောကတွင် “မဖြစ်နိုင်” ဟူသော အရာမရှိနိုင်။

ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှာသာလျှင် စွမ်းအားရှိသူ အောင်မြင်သူဖြစ်သည်။

ဘာမှမကြိုးစားပဲ အောင်မြင်သူထက် ကြိုးစားပြီး အောင်မြင်သူက ပိုတန်ဖိုးရှိ၏။

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်သူသည် မိမိဘ၀ တိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေသူဖြစ်သည်။

စာအုပ်မှရသော ပညာ ၊ဗဟုသုတကို ဘ၀မှရသော ပညာ ၊ဗဟုသုတဖြင့် ဖြည့်ဆည်းရာ၏။ တိုးတက်မှုဟူသမျှ မေးမြန်းစုံစမ်းခြင်းမှ ပေါက်ဖွားလာသည်။

သံသယရှိခြင်းသည် ယုံကြည်မှုလွန်ခြင်းထက်ပိုကောင်းသည်။သံသယကြောင့်မေးမြန်းစုံစမ်းခြင်း ဖြစ်ပေါ်လာသည်။


(ဆရာ ဖေမြင့်၏ စိတ်ဓာတ်နဲ့ နည်းနာ စာအုပ်မှ )

ရဲဝံ့သူ၊ သွက်လက်တက်ကြွသူ၊ ကိုယ့်ကိုကိုယ်အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပြင်ဆင်ထားတတ်သူများအား လောကသည် မျက်နှာသာ ပေးစမြဲဖြစ်သည်။

သူတစ်ပါးထံမှ အကူညီရယူလိုသူသည် တစ်ပါးသူ၏ အရေး ကိစ္စကိုဥပေက္ခာပြုထားလို့ မရနိုင်။

အကောင်းဘက်ကတွေးတတ်သူများသည် သူတစ်ပါးလောက် အလွယ်တစ်ကူ စိတ်အားမပျက်တတ်၊စိတ်ကျဝေဒနာ မခံစာရတတ်။

ပြသာနာတစ်ခု ကြုံလျှင် ပထမဆုံးသေသေချာချာစဉ်းစားပါ ပြီးမှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချပါ။

ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့ အောင်မြင်မှု သရဖူနဲ့ ကျေနပ်မနေပါနဲ့ ဒီ့ထက် မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုထပ်ချရမယ်။

အောင်မြင်မှုဆိုသည် ကို ဘယ်သူတွေ ဘာပေတံနဲ့ပဲတိုင်းကြပါစေ၊သင်သာလျှင် ဖြောင့်မတ် တည်ကြည်သူတစ်ဦး ဖြစ်အောင် အားထုတ်မည်၊ သစ္စာ သမာဓိ သတ္တိ ရှိသူ တစ်ဦးဖြစ်အောင် တည်

ဆောက်နိုင်မည် ဆိုက တစ်နေ့သောအခါ ၌ မုချမသွေ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး သင်ဖြစ်ရမည်။

“This ,too, will pass.” (ဒါတွေဟာ ပြီးသွားမှာပါ။)

ဖေမြင့် (စာဖတ်သမားမှတ်စုစာအုပ်မှ)

“ပြသာနာ ကြုံလာရင် ဟိုလူ့ အပြစ်တင်၊ဒီလူ့အပြစ်တင် လုပ်နေတာဟာ ခံနိုင်ရည်မရှိတာပဲ။

"“ပျော်တယ်ဆိုတာ တဒင်္ဂလွတ်လပ်ပေါ့ပါးမှု၊ စိတ်ချမ်းသာတယ်ဆိုတာ လူရဲ့စိတ်စွမ်းအားသာယာတာ၊အတွေ့ကြုံရင့်တာ။”

No comments:

Post a Comment