မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

July 04, 2010

ကင်းမြီးကောက်၏ အဆိပ်သည် ဦနှောက်ကင်ဆာရောဂါအား ကုစားနိုင်ရန်အတွက် အသုံးဝင်ကြောင်း

ကင်းမြီးကောက်၏ အဆိပ်သည် ဦနှောက်ကင်ဆာရောဂါအား ကုစားနိုင်ရန်အတွက် အသုံးဝင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

ကင်းမြီးကောက်ရှိ အဆိပ်သည် လူ့အာရုံကြောများကို ဖျက်ဆီးပစ်နိုင်သော်လည်း ၎င်းအားရေဒီယို သတ္တိကြွစေရန် စနစ်တကျ ပြုလုပ်ပြီး စမ်းသပ်ကြည့်ရာတွင် အကြိတ်ဆဲလ်များကို
ဖျက်ဆီးပစ်နိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော
ဆဲလ်အဖွဲ့အစည်းများကို အန္တရယ်ဖြစ်စေခြင်းမရှိဟု သိရှိရသည်။

ယခုတွေ့ရှိမှုသည် ဦးနှောက်အတွင်း ကင်ဆာဖြစ်ပွားမှုအား ကုသနိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ကင်းမြီးကောက်၏အဆိပ်အား ရေဒီယိုသတ္တိကြွစေခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပရိုတိန်းအစုအဝေး အမိုင်နိုအက်ဆစ်နှင့် ပေါင်းစပ်သွားသည်။

ထိုပက်ပ်တိုက်ဆဲလ်များသည် ရင်သား၊ အရေပြား၊ ဦးနှောက်နှင့် အဆုပ်အတွင်းရှိ အကြိတ်အဖုများကို ချေဖျက်ပစ်လိုက်ပြီး လူ့အကျိုးပြုဆဲလ်များကို အထိအခိုက်မရှိ ချန်ထားခဲ့ကြောင်း
သုတေသီများကဆိုသည်။ ကင်းဘရစ်ခ်ျရှိ အမေရိကန်သုတေသနကုမ္ပဏီ Transmolecularမှ
ပညာရှင်များက

ကင်းမြီးကောက်အဆိပ်ကို ရေဒီယိုသတ္တိကြွနည်းပညာဖြင့် စနစ်တကျလေ့လာမှုများ ဆက်လက်ပြုလုပ်နေပြီး ထိုစမ်းသပ်မှုသည် လူ့ခန္ဓာကိုယ်အတွင်းသို့ အလွန်ပြင်းထန်သော ထိုးဆေးများသွင်းခြင်း၊
ခန္ဓာကိုယ်ကို ဓာတ်ရောင်ခြည်နည်းနှင့်

တိုက်ရိုက်ကုသမှု ခံယူရခြင်းတို့ထက် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးနိုင်ကြောင်း အတည်ပြုခဲ့ကြသည်။ ယမန်နှစ်အတွင်းက ဆရာဝန်များသည် ဦးနှောက်ကင်ဆာ အဆိုးရွားဆုံးခံစားနေရသော
ဝေဒနာရှင်များအား TM601ခေါ် ကင်ဆာရောဂါဆဲလ်များ ဖျက်ဆီးပစ်မည့်
ထိုးဆေးတစ်မျိုး ၄င်းတို့ဦးနှောက်ရှိ အကြိတ်များအတွင်းသို့
ထိုးသွင်းပေးခဲ့သည်။

ထိုလူနာများသည် မူလခန့်မှန်းထားသည်ထက် (၃)လခန့်သက်တမ်းပိုပြီး နေထိုင်သွားကြသော်လည်း ဦးနှောက်ကင်ဆာကြောင့် သေဆုံးခဲ့ကြသည်။ ထို့ကြောင့် ပိုမိုထိရောက်သောနည်းလမ်းများ စမ်းသပ်ရှာဖွေခဲ့ကြရာ ကင်းမြီးကောက်အဆိပ်အား
တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သုတေသနပညာရှင်များက TM601သို့ လက်ရှိစမ်းသပ်နေသော နည်းပညာသစ်မှ ရလဒ်ကောင်းများ ဖြည့်စွက်နိုင်မည်ဆိုလျင် ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီမှ
သုတေသနပညာရှင်များက ပြောကြားသွားသည်။

No comments:

Post a Comment