မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး
April 25, 2010
တရားနာဖူးအကျိုးကျေးဇူး(အာဂမသုတ)
မြတ်စွာဘုရားလက်ထက်တော်အခါက ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီးမောင်နှံ နှစ်ဦးတို့သည် အလှူဒါနပြုလုပ်သောအခါ မည့်သည့်အချိန်၌ဖြစ်စေ ဦးဦးဖျားဖျား အလှူကို
ပေးလှူလေ့ရှိ သောကြောင့် ပဉ္စဂ္ဂဒါယကာပုဏ္ဏား ဟု အမည်တွင်ခဲ့ပေသည်။
တစ်နေ့သောအခါ မြတ်စွာဘုရားသည် ပုဏ္ဏားဇနီး မောင်နှံနှစ်ဦး တရားထူးရနိုင်ကြောင်းကို ဥာဏ်တော်နှင့် သိမြင် တော်မူသဖြင့် နံနက်အချိန်တွင် ထိုပုဏ္ဏား၏
အိမ်အရှေ့၌ ဆွမ်းရပ်တော်မူပါသည်၊ ထိုအချိန် ပုဏ္ဏားက အိမ်အနောက်ဖက် သို့ မျက်နှာမူ၍၄င်း၊ ပုဏ္ဏေးမက အိမ်အရှေ့ဖက်သို့ မျက်နှာမူ၍ ၄င်း ထမင်းစားနေကြသည်၊
 မြတ်ဘုရားသည် အိမ်အရှေ့၌ ဆွမ်း အလှူခံရပ်တော်မူသည်ကို ဇနီးဖြစ်သူက မြင်၍ စဉ်းစားမိသည် မှာ “ ဘုရားကိုမြင်ရင် ငါ့ခင်ပွန်းဟာ သူ့အတွက်ချက်ပြုတ်ထား သည့်
ထမင်းကို လှူဦးမှာပဲ၊ နောက်တစ်ခါ ထမင်းချက်ဖို့ အတွက် ဆန်ဆေးရ၊မီးမွှေးရနှင့် အလုပ်များဦးမယ်၊ ထမင်းချက် ရတာမလွယ်ဘူး” ဟုတွေးကာ မြတ်စွာဘုရား အိမ်အရှေ့၌
 ဆွမ်းရပ်နေသည်ကို ခင်ပွန်းသည်အား မပြောဆိုဘဲ တိတ်ဆိတ် စွာ ထမင်းစားနေပါသည်၊ တစ်ဝက်မျှ ထမင်းစားပြီးသောအခါ ပုဏ္ဏေးမက အိမ်ရှေ့၌ ဆွမ်းရပ်တော်မူနေသော
 မြတ်စွာဘုရားအနီးသို့ ကပ်၍ “ ကန်တော့ဆွမ်းပါဘုရား” ဟု တိုးတိုးလေး ပြောလိုက်သောအခါ မြတ်ဘုရားသည် “ မင်းတို့ဆွမ်းကို မရရင် ငါမကြွနိုင်ဘူး” ဟူသောသဘောဖြင့်
 ဦးခေါင်းတော်ကို ညင်သာ စွာ ခါယမ်းတော်မူလိုက်သည်၊ ပုဏ္ဏေးမသည် မြတ်စွာဘုရား ဦးခေါင်းတော် ခါယမ်းတော်မူသည်ကို မအောင့်ထားနိုင်ဘဲ ရယ် မိလေတော့သည်။
ပုဏ္ဏေးမ ရယ်သံကြောင့် ပုဏ္ဏားကြီး အိမ်ရှေ့သို့ ကြည့် လိုက်သောအခါ မြတ်စွာဘုရား ဆွမ်းရပ်နေတော်မူနေသည်ကို တွေ့မြင်ရသည်၊ အိမ်ရှေ့သို့ထွက်လာပြီး
 “ အရှင်ဘုရား..ဆွမ်း ရပ်တော်မူနေတာ…တပည့်တော် မသိပါဘုရား၊ တပည့်တော်ရဲ့ ပန်းကန်ထဲမှာ စားပြီးလက်ကျန် တစ်ဝက်စာ ကျန်ပါတော့တယ် ဘုရား၊ ထိုစားကြွင်းစားကျန်က
ို မြတ်ဘုရား အလှူခံတော်မူပါ သလားဘုရား” ဟု လျှောက်ထားသောအခါ မြတ်ဘုရားက “ဒါယကာပုဏ္ဏား…ငါတို့အလှူခံပုဂ္ဂိုလ်တွေဆိုတာ ဦးဦးဖျားဖျားပဲ လှူလှူ ၊ စားကြွင်းကိုပဲလှူလှူ
 အလှူခံပါတယ်” ဟုမိန့်သော အခါ ပုဏ္ဏားသည် ချက်ချင်းပင် ကျန်ရှိနေသော ဆွမ်းကို မြတ်ဘု ရားအား ၀မ်းသာအားရ လောင်းလှူ လိုက်ပြီးလျှင် “အရှင်ဘုရား ….အရှင်ဘုရား
 တရားဟောသည့်အခါတိုင်း ဘိက္ခဝေ..ဘိက္ခဝေ လို့ခေါ်တာ တပည့်တော်ကြားရပါတယ်ဘုရား၊ အရှင်ဘုရား၏ တပည့်သားရဟန်းတော်များကိုသာ ဘိက္ခဝေ လို့ ခေါ်တာလား ဘုရား”
မေးမြန်းလျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားက “ ဒီပုဏ္ဏားဇနီးမောင်နှံကို ဘာတရားများ ဟောရပါ့မလဲ” ဟု ဥာဏ်တော်ဖြင့် ကြည့်ရှုတော် မူသောအခါ ကဿပ မြတ်စွာဘုရားလက်ထက်က
ရုပ်နာမ် အကြောင်းနဲ့စပ်ပြီး တရားနာခြင်း၊ အာဂမသုတ ရှိခဲ့သည်ကိုတွေ့မြင်တော်မူ၍ ရုပ်နာမ်နှင့်စပ်သော တရားစကားကို မိန့် ကြားတော်မူခဲ့ပါသည်။
သဗ္ဗသော နာမရူပသ္မိံ ၊ ယဿ နတ္ထိ မမာယိတံ။
အသတာစ နသောစတိ၊ သ ဝေ ဘိက္ခူတိ ၀ုစ္စတိ။
ဤနေရာ၌ စာပေအသံနှင့်ပြောပါက နားမလည်မည် စိုးသောကြောင့် လက်တွေ့သဘောတရားဖြင့် ပြောပေးပါမည်၊ ယောဂီများသည် တရားရှုမှတ်၍ အလေ့အကျင့် ကောင်းစွာ
 ရလာသောအခါ စိတ်တည်ငြိမ်မှု (concentration)များဖြစ်ပေါ် လာသည်နှင့်အမျှ ရှုမှတ်တိုင်း၌လည်း အာရုံနှင့် မှတ်စိတ်မှတစ် ပါး တစ်ခြားမရှိ ၊ငါ သူတစ်ပါး ယောင်္ကျား မိန်းမ ဆိုတာမရှိ
 ငါ ငါ့ဥစ္စာဆိုတာလည်းမရှိ ရုပ်နာမ်တို့၏ သဘောကား ပေါ်လိုက် ပျောက်လိုက် မမြဲသော သဘောပဲ ၊ မပြတ်တရစပ် ဖြစ်ပြီးပျက် နေသောကြောင့်ဆင်းရဲချည်းပဲဟု သိမြင်လာသောအခါ
ရုပ်နာမ် တရားများ ပေါ်ပြီးပျောက်သွားသော်လည်း စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်တော့ချေ။ (၀ိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ) ရှုမှတ် တိုင်း ရှုမှတ်တိုင်း လောဘ ဒေါသ စသော
 ကိလေသာများ ကင်းနေပါတော့သည်။
ထိုသို့ ကိလေသာများကို နည်းအောင်ပါးအောင် ကုန်သွားအောင် ကျင့်ဆောင်နေကြသော ပုဂ္ဂိုလ်များကို ရဟန်း မဟုတ်သော်လည်း “ဘိက္ခု” ဟု ခေါ်ထိုက်၏ ဟု ဟောတော်မူ ခဲ့ပါသည်။
တရားအဆုံး၌ ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီးမောင်နှံသည် သုံးမဂ်သုံးဖိုလ် အစဉ်အတိုင်းမျက်မှောက်ပြုလျှက် အနာဂါမ် အရိယာပုဂ္ဂိုလ်များ အဖြစ်သို့ ရောက်ရှိကြပါသည်၊ ဤဖြစ်ရပ်၌
 ပုဏ္ဏားဇနီးမောင်နှံတို့၏ အနာဂါမိ မဂ်ဖိုလ်ကို မျက်မှောက်ပြုရ ခြင်းသည် အတိတ်ကာလက ရုပ်နာမ်နှင့်စပ်သော တရားစကားကို နာကြားရခြင်း (အာဂမသုတ)၏ အကျိုးကျေးဇူး ပင်ဖြစ်ပါသည်။
ယနေ့ခေတ် မြန်မာနိုင်ငံတွင် ဓမ္မကထိက အကျော်အ မော်များ ထွက်ပေါ်နေသောကြောင့်၎င်း၊ ထေရ၀ါဒဆန်သော ဘာသာရေးမဂ္ဂဇင်းများလည်း များစွာထွက်ပေါ်နေသောကြောင့်
 ရှိပေသည်။ ထိုသို့ တရားနာကြားပြီးရုံမျှ အားရကျေနပ် မနေကြပါနဲ့၊ နာကြားလေ့လာထားသည့် အာဂမသုတကို အခြေ ခံကာ လက်တွေ့ကျင့်သုံးခြင်းဖြင့် မိမိသန္တာန်၌ “ အသိဥာဏ်စစ်”
ဟု ဆိုအပ်သော အဓိဂမသုတ ကို ရရှိနိုင်ရန် ကြိုးစားဖို့ လိုပေ သေးသည်။အဓိဂမသုတ အစွမ်းကြောင့် နောင်တစ်ချိန် တရား အားထုတ်လျှင် အဓိဂမသုတ အထောက်အပံ့ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်
 မျက်မှောက်ပြုနိုင်ကြောင်း ဖြစ်ရပ်မှန် အောက်ပါ ဇာတ်လမ်းကို တင်ပြပါဦးမည်။
No comments:
Post a Comment