ရတနာ သုံးပါးသည် အားလုံးသော ဝေနေယ သတ္တာအပေါင်း၏
မှီခိုအားထား ရာဖြစ်ပါစေသား..
ဈာန်နဲ့ အဘိညာဉ်အကြောင်းသိကောင်းစရာ
ဈာန်နဲ့အဘိညာဉ်တွဲပြီး ဈာန်အဘိညာဉ်ဆိုပြီး ပြောတတ်ကြပါတယ်။
ဈာန ( ဈာန် ) ဆိုတာက အာရုံတစ်ခုတည်းမှာ စူးစူးနစ်နစ် စိမ့်ဝင်နေတဲ့ စိတ်ကိုပြောတာပါ။
ဥာဏ် ( အဘိညာဉ် ) ဆိုတာ
အဘိ = အထူး၊ လွန်ကဲသော၊ ထူးမြတ်သော
ဥာဏ = သိရှိတွေးမြင်နိုင်တဲ့ သတ္တိအစွမ်း လို့ အနက်ရပါတယ်။
အဲဒီ အသိဥာဏ် အထူးကို ရသောသူဟာ မဟိဒ္ဓိရှင်၊ သိဒ္ဓိတန်ခိုးရှင် ဖြစ်တာပေါ့။ အဘိညာဉ် ၆ မျိုးရှိပါတယ်။
လောကီနဲ့ဆိုင်တဲ့ဈာန်က ၅ ပါး နဲ့
လောကုတ္တရာနဲ့ဆိုင်တာက နောက်ဆုံး တစ်ပါးဖြစ်တဲ့ အာသ၀က္ခယအဘိညာဉ်။
၁။ ပုဗ္ဗေနိဝါသဥာဏ် - ရှေ့ဘ၀ကို သိမြင်နိုင်တဲ့ ဥာဏ်။
၂။ ဒိဗ္ဗစက္ခုဥာဏ် - နတ်မျက်စိလို အထူးမြင်နိုင်တဲ့ ဥာဏ်။
၃။ ဒိဗ္ဗသောတဥာဏ် - နတ်နားလို အထူးကြားနိုင်တဲ့ ဥာဏ်။
၎။ ဣဒ္ဓိ၀ိဓဥာဏ် - သိဒ္ဓိတန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ ဥာဏ်။ ( မြေလျှိုး၊ မိုးပျံ၊ ရေပေါ် လမ်းလျှောက်၊ ကိုယ်ပွား များစွာ ခွဲနိုင်၊ ….. .. .. . )
၅။ ပရစိတ္တ၀ိဇာနဥာဏ် - သူတစ်ပါးရဲ့ စိတ်အကြံအစည်ကို သိနိုင်တဲ့ ဥာဏ်။
၆။ အာသ၀က္ခယဥာဏ် - အသဝေါတရားတွေ အားလုံးကုန်ခန်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ဥာဏ်။
No comments:
Post a Comment