မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 24, 2015


၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး လူငယ် ကစားသမား ဆုနဲ့ အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ် ဆုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့ ပါတယ်။
အကောင်းဆုံး လူငယ် ကစားသမား ဆုကို မြန်မာယူ ၂၀ ကစားသမား အောင်သူက ရရှိခဲ့သလို အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ် ဆုကိုတော့
မြန်မာဘောလုံး အဖွဲ့ချုပ်က ဆွတ်ခူး ရရှိ သွားတာ ဖြစ်ပါတယ်။
သြဂုတ် ၂၂ ရက် အာဆီယံ ဘောလုံး အဖွဲ့ချုပ် အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပြီး
အကောင်းဆုံး ဆုတွေ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ် အကောင်းဆုံးဆု ၁၈ ခု ချီးမြှင့် ခဲ့ရမှာ အတော် များများကို ထိုင်းနိုင်ငံက ရရှိ သွားပါတယ်။
၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဖူဆယ်ကစား သမားဆု၊ အကောင်းဆုံး ဖူဆယ် အသင်းဆု၊ အကောင်းဆုံး အမျိုးသမီး လက်ရွေးစင် အသင်းဆု၊
အကောင်းဆုံး အမျိုးသမီး နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီး ကစားသမား၊ အာဆီယံ အကောင်းဆုံး အမျိုးသား ကစားသမားဆု၊ အကောင်းဆုံး
အမျိုးသား လက်ရွေးစင် အသင်းဆု၊ အကောင်းဆုံး အမျိုးသား နည်းပြ ဆုတွေကို ထိုင်းက ရရှိ သွားပါတယ်။
အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်း မှာလည်း ထိုင်း၊ မလေးရှား၊ ဗီယက်နမ် ကစားသမားတွေပဲ ရွေးချယ် ခံခဲ့ရပါတယ်။
အကောင်းဆုံး အမျိုးသား အမျိုးသမီး ကွင်းလယ် ဒိုင်လူကြီးဆု၊ လက်ထောက် ဒိုင်လူကြီးဆုတွေ ကိုတော့ မလေးရှားက ရရှိ သွားပါတယ်။
၂၀၁၄ ခုနှစ် အတွက်  
အာဆီယံ အကောင်းဆုံး လူငယ် ကစားသမား ဆု- အောင်သူ
အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ် ဆု - မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်

Original link - http://burmese.dvb.no/archives/108836

No comments:

Post a Comment