မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 20, 2015

ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် ၃ ဦး ရွေးချယ်

၂၀၁၄-၁၅ ခုနှစ် ဘောလုံးရာသီရဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီ၊ ရိုနယ်လ်ဒိုနဲ့ ဆွာရက်စ်တို့ ၃ ဦးကို နောက်ဆုံး ရွေးချယ်ကြေညာခဲ့ပါတယ်။
သူတို့ ၃ ဦးဟာ ဂျူဗီဂိုးသမား ဘတ်ဖွန်၊ နေမာနဲ့ ချဲလ်ဆီး တောင်ပံကစားသမား ဟာဇတ် တို့ကို ကျော်ဖြတ်ပြီး အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ယူအီးအက်ဖ်အေအဖွဲ့ဝင် ၅၄ နိုင်ငံမှ အားကစား သတင်းထောက်တွေက ရွေးချယ်ပေးခဲ့တာဖြစ်ပြီး အားကစားသတင်းထောက်တယောက်က သူတို့ အနိုင်ရရှိမယ်ထင်တဲ့ ကစားသမား ၅ ယောက်ကို နောက်ဆုံး ဆန်ကာတင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ကစားသမား တယောက်စီဟာ လက်ခံရရှိတဲ့ မဲအရေအတွက်နဲ့ အမှတ်ရရှိတဲ့ အမှတ်အရေအတွက်ကို မူတည်ပြီး အဆင့်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စုပွဲတွေကို  မဲခွဲပေးမယ့်  သြဂုတ် ၂၇ ရက်နေ့မှာ ဆုရွေးချယ်ရေးအဖွဲ့က သူတို့ ၃ ဦးထဲက ၁ ဦးကို ဘောလုံးသမားဆုအတွက် ရွေးချယ် ကြေညာသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment