ယနေ့ခေတ်ကျွန်တော်တို့လူသားတွေဟာကျားမ မရွေးအလှအပကိုစိတ်ဝင်စားလှကြပါပြီး။အထူးသဖြင့်မျက်နှာပိုင်းပေါ့
ယောကျာ်းလေးဖြစ်ဖြစ်မိန်ခလေးဖြစ်ဖြစ် မျက်နှာပိုင်းကိုအဓိကထားတတ်ကြပါတယ်။ ခန္ဒာကိုယ်ဘယ်လောက်ပဲလှလှ
မျက်နှာမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် အားငယ်တတ်ကြပါတယ်။အရင်တစ်ခေါက်က ပေါင်းတင်နည်းတွေအကြောင်း
ပြောပြီးပြီဆိုတော့ ဒီတစ်ခေါက်တော့ မျက်နှာမှာ အဓိကကျတဲ့ မျက်ကွင်းညိုတာကိုဆွေးနွေးပါ့မယ်။ကျားမ မရွေးမျက်ကွင်းညိုလာပြီဆိုစိတ်ညစ်တတ်တာသဘာဝပါ။မျက်ကွင်းညိုခြင်းကြောင့်ကိုယ့်ကို သူငယ်ချင်းတွေက
ဟယ်နင့်မျက်ကွင်းကြီးကလည်း ရောဂါသည်နဲ့တူလိုက်တာ ဆေးသမားမျက်ကွင်းနဲ့တူလိုက်တာ စသဖြင့် နောက်လာရင်
တောင်နေရာမှာတင် ထိုင်ငိုတော့မတတ် အားငယ်သွားတတ်ကြပါတယ်။ကဲ ဒီတစ်ခါတော့မျက်ကွင်းညိုတဲ့သူငယ်ချင်း
တွေအတွက် ရှင်းဝူက ကောင်းနိုးရာရာ ဆေးနည်းလေးတွေပြောပြမယ်နော်။
မျက်ကွင်းညိုခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်ကြပါတယ်။မျိုးရိုးလိုက်တာ၊ အိပ်ရေးပျက်တာ
စသဖြင့်အကြောင်းအမျိုးမျိုးကြောင့်မျက်ကွင်းညိုလေ့ရှိပါတယ်။ဒါပေမယ့်မပူပါနဲ့ ပုစ္ဆာတိုင်းမှာအဖြေရှိသလိုမျက်ကွင်း
ညိုခြင်းကိုလည်း ဖျက်နိုင်တဲ့နည်းတွေရှိပါသေးတယ်။
ကဲအလွယ်နည်းလေးတွေအရင်ပြောမယ်နော်
ရေများများသောက်ပါ။ ။ မျက်ကွင်းညိုခြင်းဟာကိုယ်ခန္ဒာမှာရေဓာတ်နည်းခြင်းနဲ့လည်းဆိုင်ပါသတဲ့ ရေဆိုတာက
လည်းသုံးတတ်ရင်ဆေးပဲမဟုတ်ဘူးလား။အဲ့ဒီတော့မျက်ကွင်းညိုတာပျောက်ချင်ရင်
ရေများများသောက်ပါ။
UV creamလူးပါ။ ။ နေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေကလည်း မျက်ကွင်းညိုတာတွေကိုဖြစ်စေသတဲ့
အဲ့ဒီတော့ အနည်းတုံး SPF 30ပါတဲ့ခရင်တစ်မျိုးမျိုးကိုညစဉ်လူးပေးပါ။ခရင်လူးရုံနဲ့လည်းမပြီး
သေးဘူးနော် နေပူထဲသွားရင် ထီး ဦးထုပ် အစရှိတဲ့အကာအကွယ် တစ်ခုခုဆောင်းဖို့လည်း
မမေ့နဲ့နော် ထိုအရာတွေက မျက်ကွင်းညိုတာတင်မက အသားအရေအတွက်လည်းကာကွယ်
ပါသတဲ့။
အိပ်ရေး၀၀အိပ်ပါ။ ။ အပျင်းကြီးတာတော့မကောင်းပေမယ့် သင့်တင့်မျှတတဲ့အိပ်စက်မှုကလည်းသင့်ကို
မျက်ကွင်းညိုခြင်းမှကာကွယ်ပေးပါတယ်။အဲ့ဒီတော့တစ်နေ့ကိုအနည်းဆုံး 8နာရီအိပ်စက်ဖို့
မမေ့ရဘူးနော်။
အေးသောအရာဖြင့်ကုစားပါ။ ။ ဒီနည်းလေးကလည်းလွယ်ပါတယ်သိတဲ့လူတွေတောင်ရှိမှာပါ။ရေခဲသေတ္တာထဲက
စတီးဇွန်း ၊ သခွားသီး နဲ့အာလူးအကွင်းလေးတွေ ၊ ကြက်ဥအကာအစရှိတာတွေ
ကိုမျက်ကွင်းညိုနေတဲ့နေရာမှာ နေ့စဉ်အိပ်ခါနီးတိုင်း (၁၅) မိနစ်ခန့်ထားပေးခြင်း
အားဖြင့်မျက်ကွင်းညိုတာကိုတိုက်ထုတ်လိုက်ပါ။
အချဉ်များများစားပါ။ ။ အချဉ်များများစားဆိုတာကမရမ်းပြားတွေ အချဉ်ထုပ်တွေစားခိုင်းတာမဟုတ်ဘူးနော်
ဗီတာမင်စီ ပါတဲ့ လိမ္မော်သီး နာနတ်သီး အစရှိတဲ့အသီးတွေကိုများများစားခိုင်းတာပါ။
အသီးအရွက်များများစားပါ။ ။အသီးအရွက်တွေကအသားအရေကိုကြည်လင်စေတဲ့သဘောရှိတဲ့အတွက်
အသီးအရွက်များများစားပါ။အစိမ်းစားတာကတော့အကောင်းဆုံးပေါ့နော်။
ငန်လွန်းသောအရာတွေလျှော့ပါ။ ။ငါးပိ ၊ ငံပြာရည်စတာတွေနဲ့တခြားသော အငန်ဓာတ်ပါတာတွေကိုလျှော့စားပါ။
သံပရာရေဖြင့်ကုမယ်။ ။သံပရာရည်အနည်းငယ်ကို မျက်ကွင်းညိုတဲ့နေရာကိုတစ်နေ့နှစ်ကြိမ်ပွတ်လမ်းပေးပါ။
မျက်စိစပ်မှာပေါ့လို့စောဒကတက်စရာရှိပါတယ်။လက်နဲ့အနည်းငယ်ယူပြီး ပွတ်ခိုင်းတာပါ။
နနွင်ူးကလည်းဆေးတစ်ပါး။ ။နနွင်းမှုန့်အနည်းငယ်ကို သဘာဝနာနတ်ရည်ဖြင့်ရောပြီးမျက်ကွင်းညိုတဲ့နေရာကို
ညတိုင်းပွတ်လိမ်းပြီး(၁၅)မိနစ်ခန့်ထားပါတဲ့။နာနတ်ရည်အလွယ်တကူမရပါက
ရေနွေးနွေးလေးနဲ့လည်းဖျော်နိုင်ပါတယ်။အော်မေ့တော့မလို့ နနွင်းကဈေးထဲကရောင်း
တဲ့အထုပ်တွေကိုမ၀ယ်ပါနဲ့ ဆန်မှုန့်တွေရောတတ်လို့ပါ။အကောင်းဆုံးကတော့
ပရဆေးဆိုင်တွေမှာ နနွင်းအစစ်ပေးပါဆိုပြီး ၀ယ်ရင်္ငရနိုင်ပါတယ်ခင်ဗျာ။
almond oil(ဗာဒီသီးအဆီ)။ ။ ဗာဒံသီးအဆီကိုမျက်ကွင်းညိုတဲ့နေရာပေါ်လူးပေးတာပါ။ဗာဒံသီးအဆီကတော့
နှင့်ကုမယ် စီးတီမတ်တွေမှာရနိုင်ပါတယ်ခင်ဗျာ။
လက်ဖက်အိတ်လေးတွေနဲ့ရော။ ။ရေနွေးပူပူထဲလူကြီးတွေစိမ်သောက်တဲ့ကြိုးတန်းလန်းနဲ့လက်ဖက်အိတ်လေးတွေ
ကိုတွေ့ဖူးပါသလား။အဲ့ဒီအိတ်လေးတွေကိုမလွင့်ပစ်နဲ့နော်။သူကလည်းမျက်ကွင်း
ညိုတာကုတဲပနေရာမှာအသုံးဝင်ပါသတဲ့။ပြုလပ်ပုံကတော့သုံးပြီးသားလက်ဖက်
အိတ်လေးတွေကိမျက်ခွံပေါ်တင်ပြီးမိနစ်(၂၀)ခန့်နေပေးပါတဲ့။အဲ့လိုပုံမျိုး တစ်ပတ်
ကိုနှစ်ခါလောက်လုပ်ပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုတာပျောက်သွားလို့
မျက်ကွင်းညိုတာဘယ်လိုပုံပါလိမ့်လို့ ရှင်းဝူကိုလာမေးနေရမယ်နော်။
ခရမ်းချဉ်းသီးဖျော်သောက်မယ်။ ။ဒါကလည်းအထောက်အကူပြုတဲ့နည်းလေးပါ။ပြုလုပ်ပုံကတော့လွယ်ပါတယ်။
ခရမ်းချဉ်သီးခပ်ကြီးကြီးနှစ်လုံးလောက်ကိုမွှေစက်(သို့မဟုတ်)ဇွန်းနဲ့ကြိတ်ချေ
ပြီးဆားအနည်းငယ်ရောကာသောက်ပေးပါတဲ့။အရသာတော့ရှိမှာမဟုတ်ဘူး
ဒါပေမယ့်ကိုယ်လှဖို့ကအရေးကြီးတယ်ဟုတ်။
နေကာမျက်မှန်တပ်ပါ။ ။နေကာမျက်မှန်တပ်ခိုင်းတာက စတိုင်ထုတ်ခိုင်းတာမဟုတ်ဘူးနော်။နေကာမျက်မှန်က
မျက်စိကိုဒုက္ခပေးတဲ့ရောင်စဉ်တန်းတွေကိုကာကွယ်ပေးပါသတဲ့။ကဲလှချင်တယ်ဆို
ပတ်ဝန်းကျင်ပြောတာကိုဂရုမစိုက်ပဲနေပူသွားရင်တတ်နိုင်သမျှနေကာမျက်မှန်တပ်နော်။
မျက်နှာကိုမကြာခဏသစ်ပါ။ ။မျက်နှာကိုမကြာခဏသစ်ပေးတာကသူငယ်ချင်းတို့ရဲ့ မျက်နှာလေးကို အစဉ်အေးမြ
လန်းဆန်းစေပြီးဗတ်တီးရီးယားတွေရန်ကလည်းကာကွယ်ပေးပါသတဲ့။
ကဲခုလောက်ဆိုနည်းတွေလည်းစုံသလောက်ရှိနေပြီနော်။အကုန်လုံးကသဘာဝနည်းတွေချည်းပဲဖြစ်တဲ့အတွက်
အလှကုန်တိုင်းနဲ့မတည့်တဲ့သူငယ်ချင်းတွေလည်းပူစရာမလိုတော့ဘူးပေါ့။နောက်ပြီးအိမ်သုံးပစ္စည်းလေးတွေနဲ့ လုပ်ရတာဆိုတော့ ကုန်ကျစရိတ်လည်းသက်သာတော့ လူတန်းစားမရွေးလုပ်နိုင်တာပေါ့။ ကဲရှင်းဝူ သူငယ်ချင်းတွေအကုန်လုံး မျက်ကွင်းညိုတာတွေကင်းပြီး ပြစ်မျိုးမှဲ့မထင်လှကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ဗျာ။ :)
မျက်ကွင်းညိုရင်မလှဘူးနော်
လက်ဖက်စိမ်းအိတ်လေး
ဒီလိုဗီတာမင်စီပါတဲ့အသီးတွေလည်းစားရမယ်နော်
ရေမှန်မှန်သောက်ဖို့မမေ့နဲ့နော်

No comments:
Post a Comment