မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

January 09, 2012

World Soccer Magazine မှ အကောင်းဆုံး ဆုများကို ဘာစီလိုနာ အသင်း သိမ်းကြုံး ဆွတ်ခူး


World Soccer Magazine မှ ရွေးချယ် ချီးမြှင့်သည့်  ၂၀၁၁ အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုများကို ဘာစီလိုနာမှပင် သိမ်းကြုံးဆွတ်ခူးခဲ့သည်။ အကောင်းဆုံး (၄)ဆုပေးရာတွင် လူငယ် အကောင်းဆုံးဆုအဖြစ် ဘရာဇီးနှင့် ဆန်းတို့စ် တိုက်စစ်မှူး နေမာက ဆွတ်ခူးခဲ့ပြီး ကျန်ဆုများဖြစ်သည့် အကောင်းဆုံးကစားသမားဆု၊  နည်းပြဆုနှင့် အသင်းဆုတို့ကို ဘာစီလိုနာမှ ဆွတ်ခူးရရှိ ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် အကောင်းဆုံး ကစားသမားဆု တွင် ခေတ်ပြိုင် စီရော်နယ်ဒိုကို အံ့မခန်း မဲရာခိုင်နှုန်း အပြတ်အသတ်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မက်ဆီက မဲရာခိုင်နှုန်း (၆၀)မဲရရှိ ခဲ့ရာတွင် ၂၀၀၉ ခုနှစ်က ယခုဆုကို ရရှိဖူးသူ စီရော်နယ်ဒိုက (၉.၃) ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အကောင်းဆုံးနည်းပြဆုတွင် ဘာစီလိုနာ နည်းပြ ဂွါဒီယိုလာမှာ ဥရုဂွေး အသင်းကို ကိုပါ အမေရိက ဖလား ဆွတ်ခူးပေးခဲ့သည့် နည်းပြကြီး တာဘာရက်ဇ်အား (၂) ရာခိုင်နှုန်း အသာဖြင့် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ အံ့ဩဖွယ်ရာအဖြစ် အကောင်းဆုံးအသင်းဆုတွင် အင်္ဂလန် မှ မန်စီးတီး (အဆင့်၇)၊ မန်ယူ (အဆင့်၈) တို့သာ ရှိခဲ့ပြီး ရီးရဲလ်မှာ ထိပ်ဆုံး (၁၀)သင်း၌ပင် ပါဝင်လာခြင်း မရှိကြောင်း တွေ့ရသည်။

ယခုဆုကို နိုင်ငံပေါင်း (၄၀) ကျော်မှ ပရိသတ်များက ဗြိတိန် World Soccer Magazine ထံ မဲပေးကြခြင်း ဖြစ်ပြီး ယခုဆုကို ရရှိသူမှာ ဖီဖာ အကောင်းဆုံးဆုကို ဆွတ်ခူးလေ့ရှိ၍ လာမည့် ဖီဖာဆုများအတွက် မက်ဆီနှင့် ဂွါဒီယိုလာ တို့ ဆက်လက် ရေပန်းစားနေပါသည်။
အကောင်းဆုံး ကစားသမားဆုအတွက် မဲအများဆုံး ရခဲ့သူ ၅ ဦး
မက်ဆီ (ဘာစီလိုနာ / အာဂျင်တီးနား )  ၆၀.၂
စီရော်နယ်ဒို ( ရီးရဲလ် / ပေါ်တူဂီ )          ၉.၃
ဇာဗီ (ဘာစီလိုနာ / စပိန် )                     ၇.၆
ဆွာရက်ဇ် (လီဗာပူး / ဥရုဂွေး )              ၅.၆
အင်နီယေစတာ (ဘာစီလိုနာ/စပိန်)      ၂.၆
အကောင်းဆုံးနည်းပြဆုအတွက် မဲအများဆုံးရခဲ့သူ ၅ ဦး
ဂွါဒီယိုလာ (ဘာစီလိုနာ)     ၃၃.၁
တာဘာရက်ဇ် (ဥရုဂွေး)     ၃၁.၎
ဖာဂူဆန် (မန်ယူ)               ၁၀.၆
ကလော့ပ် (ဒေါ့မွန်)            ၄.၆
မော်ရင်ဟို (ရီးရဲလ်)            ၃.၃
အကောင်းဆုံး အသင်းဆုအတွက် မဲအများဆုံးရခဲ့သည့် ၅ သင်း
ဘာစီလိုနာ                  ၄၄.၂
ဥရုဂွေး                        ၂၅.၃
ပေါ်တို                         ၆.၆
ဆန်းတို့စ်                     ၆.၁
ဒေါ့မွန်                         ၅.၂

အကောင်းဆုံးလူငယ်ဆုအတွက် မဲအများဆုံး ရခဲ့သည့် ၅ ဦး

နေမာ (ဆန်းတို့စ် / ဘရာဇီးလ်)           ၂၉.၂
ဂေါ့ဇီ (ဒေါ့မွန် / ဂျာမနီ )                       ၂၆.၂
ဟာဇက် (လိုင်လီ / ဘယ်လ်ဂျီယံ)       ၁၇.၈
အယ်ကန်တာရာ (ဘာစီလိုနာ/စပိန်)     ၉.၁
ဂန်ဇို (ဆန်းတို့စ် / ဘရာဇီးလ်)              ၃.၃
 
http://www.myanmarstriker.com/  မှ တဆင့်ကူးယူတင်ပြသည်

No comments:

Post a Comment