မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

December 08, 2011

2012 AFC Cup အုပ်စုများ မဲခွဲ~ ဧရာဝတီ အသင်း အုပ်စု အဆင့်သို့ တိုက်ရိုက် ၀င်ခွင့်ရ




2012 AFC Cup ဘောလုံး ပြိုင်ပွဲ၏ အုပ်စု အဆင့် ပွဲစဉ်များ အတွက် မဲခွဲပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မဲခွဲပွဲတွင် အာရှတိုက် အရှေ့ပိုင်းနှင့် အနောက်ပိုင်း နိုင်ငံများမှ ကလပ် အသင်းပေါင်း (၃၂)သင်း တို့ကို အုပ်စု ခွဲဝေမှုများ ပြုလုပ်ခဲ့သည့် အပြင် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည့် နေ့ရက်များ ကိုလည်း သတ်မှတ်ခဲ့သည်။ ထူးခြားချက်မှာ AFC Cup ပြိုင်ပွဲသို့ ခြေစစ်ပွဲ အဆင့်မှ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟု သတ်မှတ်ခြင်း ခံထားရသည့် ဧရာဝတီ ယူနိုက်တက် အသင်းမှာ အုပ်စုအဆင့်သို့ တိုက်ရိုက် ၀င့်ခွင့် ရခဲ့ခြင်းဖြစ်သည်။
2012 AFC Cup အုပ်စုအဆင့် မဲခွဲမှု

အုပ်စု(၈)စု ခွဲခြားထားပြီး အုပ်စုတစ်စုလျှင် အသင်း(၄)သင်း ပါဝင်သည်။ အဆိုပါ အုပ်စု (၈)စုတွင် အနောက်အာရှ အသင်းများမှာ အုပ်စု(က)မှ (င)အထိဖြစ်ပြီး ကျန်အုပ်စု (၃)စု၌ အရှေ့အာရှ အသင်းများ ပါဝင်သည်။ ၂၀၁၁ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် အုပ်စု(ဆ)၌ ဟောင်ကောင် ပထမတန်း အသင်းတစ်သင်း ဖြစ်သည့် စီတီဇင်၊ စင်ကာပူ ထိပ်တန်း အသင်းတစ်သင်း ဖြစ်သည့် ဟုမ်းယူနိုက်တက် တို့နှင့် အတူ ကျရောက်လျှက်ရှိသည်။ ထို့အပြင် ACL ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်မှ ထွက်ခွာလာမည့် ကလပ်အသင်း တစ်သင်းလည်း အုပ်စု(ဆ)တွင် ပါဝင်မည် ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက် အသင်းမှာမူ မလေးရှား စူပါလိဂ် လက်ရှိချန်ပီယံ ကီလန်တန်၊ အင်ဒိုနီးရှား ကလပ် အေရီးမား၊ ဗီယက်နမ် ကလပ် နာဗီဘန့် ဆေဂုံ အသင်းများနှင့် အုပ်စု(ဇ)တွင် ရင်ဆိုင်ရမည် ဖြစ်သည်။

2012 AFC Cup ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် များကို မတ်လ(၆)ရက်နေ့ နှင့် (၇)ရက်နေ့ များတွင် စတင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရန်ကုန် ယူနိုက်တက်မှာ အဖွင့်ပွဲတွင် ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာလာသည့် အသင်းကို အိမ်ကွင်း၌ ဧည့်ခံရမည် ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက်မှာမူ အဖွင့်ပွဲစဉ်တွင် အင်ဒိုကလပ် အေရီးမားနှင့် အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရန်ကုန်နှင့် ဧရာဝတီ တို့၏ ပွဲစဉ်များ ကျင်းပပြုလုပ်မည့် ရက်ကို အတိအကျ မသတ်မှတ်ရသေးဘဲ နောက်ပိုင်းမှ ပြန်လည် ကြေငြာမည် ဖြစ်ကြောင်း သိရသည်။

2012 AFC Cup ပြိုင်ပွဲ အုပ်စု ခွဲဝေမှုများ

အုပ်စု(က) အယ်လ်ကတ်စီယာ(ကူဝိတ်)၊ အယ်လ်အီတီဟတ်(ဆီးရီးယား)၊ အယ်လ်ဖိုင်စလေ(ဂျော်ဒန်)၊ အယ်လ်ဆူဝစ်(အိုမန်)
အုပ်စု(ခ) အရှေ့ဘန်ဂေါ(အိန္ဒိယ)၊ ကတ်ဇ်မာ(ကူဝိတ်)၊ အာဘီလ်(အီရတ်)၊ အယ်လ်အိုရူဘာ(ယီမင်)
အုပ်စု(ဂ) အယ်လ်အေးဟ်(လက်ဘနွန်)၊ အယ်လ်ကူဝိတ်(ကူဝိတ်)၊ ဗွီဘီ(မော်လ်ဒိုက်)၊ ACL play-off loser
အုပ်စု(ဃ) ဆယ်လ်ဂါအိုကာ(အိန္ဒိယ)၊ အယ်လ်ဝါဒတ်(ဂျော်ဒန်)၊ ACL play-off loser ၊ Oman Cup Winner
အုပ်စု(င) အယ်လ်ရှော်တာ(ဆီးရီးယား)၊ အယ်လ်ဆာဖာ(လက်ဘနွန်)၊ အယ်လ်ဇာရာ(အီရတ်)၊ ACL play-off loser
အုပ်စု(စ) ကစ်တ်ချီ(ဟောင်ကောင်)၊ တာရင်ဂန်နူ(မလေးရှား)၊ ဆောင်လမ်ငယ်အန်(ဗီယက်နမ်)၊ တမ်ပိုင်းစ်ရိုဗာ(စင်ကာပူ)
အုပ်စု(ဆ) ရန်ကုန်ယူနိုက်တက်(မြန်မာ)၊ စီတီဇင်(ဟောင်ကောင်)၊ ဟုမ်းယူနိုက်တက်(စင်ကာပူ)၊ ACL play-off loser
အုပ်စု(ဇ) ကီလန်တန်(မလေးရှား)၊ ဧရာဝတီယူနိုက်တက်(မြန်မာ)၊ အေရီးမား(အင်ဒိုနီးရှား)၊ နာဗီဘန့်ဆေဂုံ(ဗီယက်နမ်)  မူရင်း Link ---  http://soccermyanmar.com

   

No comments:

Post a Comment