မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 29, 2011

စပိုင် ကင်မရာများကို အလွယ်တကူ ရှာဖွေနိုင်မည့် Receiver


စပိုင် ကင်မရာ တပ်ဆင်ထား သော လျှို့ဝှက် နေရာများကို အလွယ် တကူရှာဖွေ နိုင်မည့် Wireless Mini Receiver တစ်မျိုး ဈေးကွက် တွင်းဝင် ရောက်လာ ကြောင်းသိရ သည်။ အဆိုပါ Wireless Mini Receiver သည် CCTV ကင်မရာ တစ်လုံးမှ လေးလုံးထိ တပ်ဆင် အသုံး ပြုနိုင်ပြီး မှတ်ဉာဏ်ပမာဏ 1GB ပါဝင်သည်ဟု သိရသည်။ ထို့အပြင် SD ကတ်ကို 32GB ထိထည့် သွင်း အသုံးပြုနိုင်သလို အသံဖမ်းရာတွင် လည်းကောင်း၊
မီဒီယာပလေယာ အဖြစ်ပါ အသုံးပြုနိုင် မည်ဖြစ်သည်။

5W ရှိသော စပီကာတစ်ခုပါရှိပြီး Receiver က ရိုက်ကူးထားသော ဗီဒီ ယိုမှတ်တမ်းများ ကို ကွန်ပျူတာမှ တစ် ဆင့်ကြည့်ရှု နိုင်မည်ဟု သိရသည်။ “CCTV တပ်ထားတဲ့နေရာ ကို Receiver က Channel အလိုက် ရှာဖွေပေး နိုင်မှာဖြစ်လို့ စပိုင်ကင်မရာ တွေကိုပါ အလွယ်တကူရှာဖွေနိုင်သွား မယ်။ ပြီးတော့ ကလေးရှိတဲ့ အိမ်တွေ ဆိုလည်း ကလေးကို CCTV တစ်ခု နဲ့ချိန်ထားပြီး ကိုယ်ရှိနေမယ့် နေရာမှ Receiver ကိုယူထားရင် ကလေးရဲ့ လှုပ်ရှားမှုတွေကို တစ်လက်မ ပတ်လည် ရှိတဲ့ Receiver မှာကြည့်ရှု နိုင်မှာပါ။ ဓာတ်ခဲကလည်း တာရှည်ခံနိုင်မယ့် Lithium ion ကို ထည့်ပေးထားပါ တယ်။ ဈေးနှုန်းက ကျပ် (၁၅၀,ဝ၀ဝ) ဝန်းကျင်ကို Receiver နဲ့ CCTV တစ်လုံးပါဝင်ပါတယ်” ဟု Matrix Computer မှကိုအောင်ကိုဦးက ပြော သည်။

စပိုင်ကင်မရာများကို ဈေး ကွက်တွင်း၌ အလွယ်တကူ ဝယ်ယူနိုင် သော်လည်း ယင်းပစ္စည်းများကို မသမာမှုဖြင့် နေရာအချို့တွင်တပ် ဆင်မည်ဆိုပါက လူအများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်မည်ဖြစ် သည်။ ထို့ကြောင့် ယင်း Mini Receiver သည် ဆိုးကျိုး များကို ကာကွယ် ပေးနိုင်မည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်းနှင့် အမျိုးသမီးငယ်များ စိတ်ဝင်စား၍ ဝယ်ယူမှု ရှိနေကြောင်း သိရသည်။ အဝတ်လဲခန်းများ၊အများ ပြည်သူသုံး သန့်စင်ခန်း များ၌ စပိုင် ကင်မရာ တပ်ဆင်ကာ ပုဂ္ဂလိကလွတ် လပ်ခွင့်ကို ကျူးကျော်ရာရောက်သည့် ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးမှုများ ရှိနေကြောင်း သိရသည်။


ကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment