မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 21, 2011

သိမ်တောင်အင်းမကြီးတောရဆရာတော်ဘုရားကြီး

 မိမိမိုက်သည်၏ အဖြစ်ကို မိမိမသိ၊
 မလိမ္မာသည်၏...အဖြစ်၊
 မိမိ သီလမလုံသည်၏အဖြစ်၊
 မကျင့်ချင်သည်၏အဖြစ်၊
 မိမိလောဘ၊ ဒေါသ၊ မောဟ၊ က္ကသာမစ္ဆေရကြီးသည်၏အဖြစ်၊
 မိမိသံသရာမှ မလွတ်ချင်သည်၏အဖြစ်၊

 သံသရာမကြောက်သည်၏ အဖြစ်ကို မိမိ မသိနိုင်လေ။
ငရုတ်သီးထဲ နေသောပိုးသည် ပူမှန်းမသိကဲ့သို့တည်း။
သတိထားကြပါ။
သံသရာကြောက်မှ သူတော်ကောင်းတရား ကမ္မဌာန်းများကို ကျင့်နိုင်သည်။
သူတော်ကောင်းတရားကိုကျင့်နိုင်၊ အားထုတ်နိုင်မှ သံသရာမှ လွတ်နိုင်သည်။
 ဗုဒ္ဓဘာသာလူမျိုးမှန်က ကမ္မဌာန်းကိုလည်း ယုံကြည်ရမည်။
 သာသနာတော်ကိုလည်း ယုံကြည်ရမည်။
 နှစ်သက်ရမည်။ သံသရာကိုလည်း ကြောက်ကြရမည်။
 သူတော်ကောင်းတရား ကမ္မဌာန်းများကိုတော့
 မိမိတို့ ခံစားနေကြ ကာမဂုဏ်လောက်မှ မယုံကြည်၊
 မနှစ်သက်ကြ၊ ခွေးကိုက်မှာလောက်မှသံသရာကို မကြောက်ကြကုန်။
 ထို့ကြောင့် ကြပ်ကြပ်သတိထားကြပါ။


( ကျေးဇူးတော်ရှင် သိမ်တောင်အင်းမကြီးတောရ ဆရာတော်ကြီး၏ သြ၀ါဒတော်)

1 comment:

  1. .Greetings from Finland. This, through a blog is a great get to know other countries and their people, nature and culture. Come take a look Teuvo images and blog to tell all your friends that your country flag will stand up to my collection of flag higher. Sincerely, Teuvo Vehkalahti Finland

    ReplyDelete