မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

July 10, 2011

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။်ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။်ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်
၁) ဘုရားအဆုံးအမဖြစ်တဲ.ပိဋကသုံးပုံအကုန်လုံးဟာဆင်းရဲမှလွတ်မှုတခုဖြစ်၍နည်းတွေများ
သော်လည်းအားလုံးအတူတူပါပဲ။အကုန်လုံးလိုက်ပြီးလုပ်စရာမလိုပါဘူး။အများကြီးထဲကကြိုက်
တာတခုခုကိုဝီရိယမှန်မှန်နှင်. သန်သန်လုပ်ဖို.အရေးကြီးတယ်။
၂)စရဏနှင်.ဝိဇ္ဇာ တပြိုင်နက်ဖြစ်အောင်လုပ်ရတယ်၊တချိန်တည်းမှာအလုပ်နှစ်ခုပြီးတာဟာ
ဒါပဲရှိတယ်။
၃)ဘုရားစကား၊ဆရာစကား၊တထစ်ချနာယူ၊အရာရာရိုသေ၊ကိုယ်ကိုနှိမ်ချ၊ခန္တီနှင်. မေတ္တာများ
များထားပြီးလုပ်ရတယ်။

၎)ဝိပဿနာဆိုတာထင်းရှားရှိတဲ.တရားကိုမြင်အောင်ရှုမှတ်ခြင်းပင်ဖြစ်တယ်၊ထင်ရှားရှိတယ်
တရားကိုမြင်အောင်မရှုနိုင်ရင်ဝိပဿနာမဖြစ်ဘူး
၅)ထင်ရှားရှိတယ်တရားဆိုတာတခြားမှာသွား၍ရှာရတာမျိုးမဟုတ်၊ရှောင်မရ၊တိမ်းမရမမြင်ချင်
၍မနေရအောင်ကိုယ်မှာအမြဲထင်ရှားရှိနေတဲ.ရုပ်နာမ်တရားတွေဖြစ်ပါတယ်။
၆)ကိုယ်မှာအမြဲထင်ရှားရှိတဲ.ရုပ်နာမ်တရားတွေထဲမှာလူတိုင်းနားလည်လွယ်ကူတာဟာအာနာပါန
=ထွက်လေ၀င်လေရှုမှတ်မှုဖြစ်ပါတယ်။
၇)ထွက်လေ၀င်လေဆိုတာအမိဝမ်းမှမွေးကတည်းကသေသည်အထိအမြဲမပြတ်တရစပ်ရှိနေတဲ.
တရားသဘောဖြစ်ပါတယ်။အလုပ်လုပ်နေရင်း၊စကားပြောနေရင်း၊စာကျက်နေရင်း၊အိပ်ပျော်နေ
ရင်းလဲရှိနေပါတယ်။
၈)ထွက်လေ၀င်လေအမြဲမပြတ်ရှိနေသော်လဲအမှတ်တမဲ.နေကြ၍သတိမမူဂူမမြင်ဖြစ်နေကြတယ်။
သတိမူရင်မြူကိုတောင်မြင်ရတယ်ဆိုတာလိုဂရုစိုက်ပြီး၊ကြည်.ရှုနေမှရှိမှန်းသိကြတယ်။
၉) "ကြည်".ဆိုရာမှာဝိပဿနာဖြစ်ဖို.ရာအတွက်ထွက်လေ၀င်လေထိရာနှာဖျားနှာဝမှာဝင်တိုင်း
ထွက်တိုင်းရိပ်ရိပ် ရိပ်ရိပ်နှင်.တထိတည်းထိနေတာကိုတသိတည်းသိနေအောင်၊တရစပ်သိ
မြင်အောင်ကြည်.ရှုနေရမယ်။အိမ်အမိုးကိုစပ်အောင်ထူထူမိုးမှနေပူဒဏ်မိုးရွာဒဏ်ကိုခံနိုင်တယ်
(၂၄-နာရီတစပ်တည်းရပါစေ)
၁၀)တရက်၂၄-နာရီတစပ်လောက်ရလျှင်အလွန်သိသာပါတယ်။(နိသဇ်ဓုတင်ဆောင်)။ဘုရား
ဆုံးမတာမှန်သမျှဆင်းရဲအောင်မဆုံးမဘူး၊ချမ်းသာဖို.ချည်းပဲ။ဘုရားလက်ထက်ကနိသဇ်ဆောင်
ပုဂ္ဂိုလ်များသည်ပိုပြီးအသက်ရှည်ကျန်းမာကြတယ်။အိပ်ချင်လို.အိပ်လျှင်တသံသရာလုံးနိုးတော့မှာ
မဟုတ်တောဘူး။အိပ်ချင်လျှင်မအိပ်ချင်တဲ.နေရာရှိတယ်၊အဲဒီကိုရောက်အောင်သွား။
၁၁)ထိတာကိုသိနေလျှင်သိက်ခါသုံးပါး၊မဂ်ဂင်ရှစ်ပါးမှအစဗောဓိပက်ခိယာတရား(၃၇)ပါးပိဋကတ်
သုံးပုံအလုံးစုံတပြိုက်နက်ပါဝင်ပြီးဖြစ်တယ်။
၁၂)ထိတာဟာရုပ်သဘောဖြစ်တယ်၊သိတာဟာနာမ်သဘောဖြစ်တယ်။
၁၃)တရိပ်ရိပ်နှင်.ထိတိုင်းပျောက်တိုင်း(ရုပ်နာမ်)ဖြစ်မှုပျက်မှုတွေဖြစ်ပျက်၍နေခြင်းဖြစ်တယ်။
၁၄)တရိပ်ရိပ်နှင်.နှားဖျားနှာဝမှာထိလိုက်ပျောက်လိုက်နေတာကိုသာတဆဲတည်းသိမြင်အောင်
ကြည်.ရှုနေရင်ကြာလျှင်ဝိပဿနာသမာဓိတစထက်တစတခဏတိုးတက်ပြီးအားကြီးလာတဲ.အခါ
နှာဖျားနှာဝတွင်သာမကခန္ဓာကိုယ်မှာလဲအလိုလိုတရိပ်ရိပ်တရွရွဖြစ်နေတာကိုတွေ.ရမယ်။
၁၅)တကိုယ်လုံးတရိပ်ရိပ်အမြဲမပြတ်ဖြစ်ပျက်နေတာကိုတွေ.လာရတဲ.အခါအအနိစ္စကောင်း
စွာမြင်သောကြောင်.ဒုက္ခနှင်.အနတ္တ ဟာအလိုလိုထင်မြင်လာပါလိမ်.မယ်၊ပါးစပ်ကနေဆိုနေ
ဖို.မလိုပါဘူး။ဝိပဿနာအလုပ်ဟာထိမှုကိုကြည်.ရှုနေရုံသာဖြစ်တယ်။ိုကြည်.ရှုနေရင်းသိထိုက်
သမျှကိုအလိုလိုတစ်နေ.ထက်တစ်နေ.တိုးပြီးတိုးပြီးသိလာပါလိမ်.မယ်
၁၆)အဲဒီလိုတရိပ်ရိပ်နှင်.ထိမှုသိမှုတို.ကိုကြည်.ရှုနေရင်းမဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဆိုက်လာပြီဆိုလျှင်
အလွန်သိသာလှပါတယ်၊ဘယ်လိုသိသာသလဲဆိုတော. "ရေငတ်၍နေသောသူသည်ရေကို
သောက်ရသည်ရှိသော်ရေငတ်ပြေ"သကဲ.သို.ဖြစ်သွားတော.တယ်။သူများမေးစရာမလို၊ကိုယ်တိုင်
သိမယ်။
၁၇)မဂ်ဖိုလ်ဥာဏ်ရောက်ပြီးလို့ ဖလသမာပတ်ကိုဝင်စားချင်လျှင်မိမိလာခဲ.ဖူးတဲ.ဝိပဿနာ
လမ်းကိုပြန်ကြည်.ရတယ်၊ဖလသမာပတ်ဟာကိုယ်ပိုင်အိမ်နှင်.တူတယ်။
၁၈)ယုံယုံကြည်ကြည်လုံ.လ၀ီရိယရှိရှိနှင်.ထိမှုသိမှုတို့ ကိုသာသဆက်ထဲဖြစ်အောင်ကြည်.
ရှုနေ၊ထွေလီကာလီတွေကိုလိုက်မလုပ်နှင်.၊အခုလုပ်၊အခုမီးငြိမ်း၊အခုချက်ချင်းပဲချမ်းသာတယ်၊
(အကာလိကော)။
ဆရာတော်လောင်းလျာမှာအင်းကြင်ပင်ရွာ-ဦးလူဖေ၊ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်တပေါင်း
လဆန်း၆ရက် တနင်လာနေ. နံနက် လေးချက်တီးကျော်မွေးဖွားခဲ.သည်။ ကျေးလက်တော
ရွာတွင်ကံက ပစ်ချခဲ.သော်လည်း ဆရာတော်ကားမင်းဆွေစိုးမျိုးဖြစ်ဧ။်။ ဆရာတော်ဧ။် အဘွား
(ဦးလူဖေဧ။်မိခင်)ကား အိမ်ရှေ့စံမိဖုရား တစ်ပါးဖြစ်ဧ။်။ ခင်ခင်ဟုခေါ်သည်။ ဆရာတော်ဧ။်
အဘိုးဦးကူးကားဘဏ္ဍ၀န်ဖြစ်သည်။ယခုအင်းကြင်ပင်မြောက်ဘက် ကျောင်းကြီးဒကာဖြစ်သည်။
၁၂၇၇ ခုနှစ်တွင်ရဟန်းဖြစ်၍ ၁၂၈၀-၈၁ ခုနှစ်များ မန်းတလေးမစိုးရိမ်ဆရာတော် အဘိစဇ
မဟာရဠဂုရု ထံပညာသင်ကြားခဲ.ဧ။်။ ၁၂၈၅ ခုနှစ်အထိ အင်ကြင်ပင်ကျောင်းတွင်ပင် နေပြီး
ထိုနှစ်နယုန်လ တောထွက်တော်မူသည်။
မယ်တော်ကြီးဒေါ်ကြင်နုမှာ ကျောင်းပွဲဘုရားပွဲရှိတိုင်း တောင်ဝှေးတစ်ချောင်းဖြစ် ကျောင်းသို.
လာရာ လာတိုင်းပင် ငို၍ပြန်ရဧ။်။ သတင်းအစအနမျှ စုံစမ်းမရသဖြင်. တစ်နှစ်အကြာ သား
သောကဖြင်.ပင် ကွယ်လွန်ရရှာဧ။်။
၁၂၈၅ ခုနှစ်တစ်ဝါ ရွှေဘိုမြို. ပုသိမ်တောရ ဆရာတော်ထံနေ၍ ၀ါကျွတ်လျှင် မင်းဘူး ရွှေစက်
တော်မှစ၍ တောတောင်အနှံ. ကြွရောက်တော်မူသည်။ ထိုနှစ်ကုန်ခါနီးမှာပင် ကျောက်ဆည်
ဝေဘူလတောင်ဝှမ်း အင်္ဂလိပ်သင်္ချိုင်းအနီးရှိ လျှိုမြောင်အကြားတွင် သီတင်းသုံးဧ။်။ ကျောက်
ဂူတစ်ခုလည်းရှိသည်။ တစ်နေ.သောအခါ ဟင်းရွက်ခူး ထင်းခွေသူများက ဂူထဲတွင် မကျန်း
မာ၍ လဲနေသည်ကို တွေ.ရမှာအစ ဆေးဝါးကုသကာ ဆန်စက်သူဌေးဦးပျော.က နေ.ချင်းပြီး
ကျောင်းငယ်တစ်ဆောင် ဆောက်လှူကိုးကွယ်သည်။
ကျောင်းဆောက်လှူရန် လျှောက်သော်လည်း ခုနှစ်ရက်တိုင်တိုင်ခွင်.မပြု ကပ်မိုးကပ်ကာနှစ်ခန်း
ကျောင်းကလေးဆောက်လှူပြီးသော်လည်း အရက်နှစ်ဆယ်ခန်. ကျောင်းဒကာအား စကားမပြော။
တို.များကိစ္စမပြီးခင် လူတွေက ၀ိုင်းအုံလိုက်နေလို. ပုန်းစရာတောင် မရှိတော.ဘူးဟု မိန်.တော်မူဧ။်။
ထိုတောထွက်သော နှစ်၊လ၊ပိုင်း အတွင်းတွင်ပင် တတိယအဆင်.အထိပြီးစီးတော်မူဟန်ရှိသည်။
အဲဒါတော. မကြာဘူးဟဲ. ဟူ၍သာ မိန်.တော်မူဧ။်။အနာဂမ်အဖြစ်နှင်.ကား နှစ်ပေါင်းမျာစွာ ကြာလွန်
နေရဟန် တူလေသည်။ အဘိညာဉ် ကိစ္စများလည်းတစ်ပါးတည်း ပြီးပြည်.စုံမူကြောင်း အထောက်အ
ထားများစွာရှိဧ။်။ ထိုအချိန်မှစ၍ကျိန်းစက်သည်ကိုလည်းမတွေ.ရ။ရာသီဥတုကြောင်.နှာစေးခြင်းမရှိဟု
ုဆိုကြသည်။ဦပျော.ကားဘုန်းကြီး ထွက်သွားမည်စိုးသဖြင်. အထူးဂရုစိုက်နေဧ။်။ ၁၂၈၉ ခုနှစ် သတင်း
စကားအရ ခမည်းတော်ရောက်လာဧ။်။ ရဟန်းပြုပေးပြီးနောက်ခမည်းတော် ဦးပဥွင်းကြီးနှင်.အတူ
အင်ကြင်းပင်သို.ပြန်ကြွရသည်၊ ထိုအချိန်မှစ၍ ကျောက်ဆည်နှင်.အင်ကြင်းပင်ခြောက်လစီ သီတင်း
သုံးသည်။ ၁၃၁၂ ခုနှစ်မှစ၍ ရွှေဘိုတွင် အောင်မြေရိပ်သာ ဖွင်၍ နှစ်လခန်. သီတင်းသုံးသည်။
ဆရာတော်ကား ဓုတင် တစ်ဆယ်.သုံးပါးကို အခါအားလျော်စွာ ဆောင်တော်မူဧ။်။ အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူပါသည်။
ကျောက်ဆည်ပတ်ဝန်းကျုင်၌် ရဟန်းဆယ်.နှစ်ဝါလောက်မှစ၍ ဆရာတော်ဧ။် သတင်းမှာ သင်းပျံ.စပြုလျက်ရှိပါသည်။
ကျောက်ဆည်မြို. ဖောင်ရွာဆန်စက်ပိုင်ရှင် သူဌေးဦးပျော. ဇနီးဒေါ်မြင်. ခဲအိုဦးချက်နှင်. သားမက်တော်သူ ဦးကြောင်နှင်. ဦးလှကျော်တို့ မှစ၍ ကျောက်ဆည်မြို.သူမြိုသားများ ပူဇော်ခွင်.ရခဲ.ကြပါသည်။
ဦးပျော.က ကျောင်းဆောက်လှူခွင်.ပြုရန် အတန်တန်လျှောက်၍ လက်ခံတော်မူရကာ ကျောင်းပြီးသောအခါ -ဒကာကျောင်းကတယ်ကျယ်ဝန်းသကိုး၊ကျုပ်က ခပ်ကျဉ်းကျဉ်း လိုတာပါ ဟုမိန်.တော်မူဧ။်။
စင်စစ်ကျောင်းမှာ လေးတိုင်စင်သာသာမျှသာ ရှိပါသည်။
ဆရာတော်သည် ဓုတင်တစ်ဆယ်.သုံးပါးလုံးကို ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက်တွန်းအားအကောင်ဆုံးဖြစ်သော နေသဇ်ဇိကင်္ဂဓုတင်ကိုမူ အထူးရှေ.တန်းတင်၍ ဆောင်တော်မူသည်။နည်းခံတပည်.များကိုလည်း အထူးတိုက်တွန်း ပြညွှန်တော်မူ လေ.ရှိပါဧ။်။
ထိုဓုတင်အကျင်.မှာ လူသာမန်အမြင်၌် ပြင်းထန်လွန်းသည်၊ကျန်းမာရေးချို.တဲ.လေမည်လားစသည်ဖြင်.ထင်ဖွယ်တွေးဖွယ်ရှိသော်လည်း ဆရာတော်ကမူ အရှင်မဟာကဿပ အရှင်ဗာကုလ စသည်တို့ ကိုထောက်ပြကာ ပို၍ပင် ကျန်းမာသက်ရှည်နိုင်ကြောင်း ရဲရဲကြီးတိုက် တွန်းတော်မူပါသည်။ အာမခံချက်ပေးတော်မူပါသည်။ စံနမူနာလည်းပြတော်မူပါသည်။ "ဘုရားဆုံးမတာက ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာအောင်ချည်းပဲ၊ကိုယ်ကသာထင်ချင်သလို ထင်နေတာ။" တစ်ရက် (၂၄-နာရီ) ပြည်.သွားပြီဆိုတော. ကောင်ကောင်းလှလှကြီးသိပါလိမ်.မယ်၊ တချို.အားထုတ်တာ အနှစ်လေးငါးဆယ်ရှိပြီလို.ပြောကြတယ်၊ သေသေချာချာစိစစ်ပြီး ကြည်.ပါ၊ တစ်ရက်ပြည်. ရက်လား။ နေ.တိုင်းအိပ်နေတယ်၊ ဘာဖြစ်လို့ အိပ်ရေးမ၀ကြတာလဲ။ အိပ် ရေးဝအောင် လုပ်တာမှမဟုတ်ပဲ။ အိပ်ချင်ရင် မအိပ်ချင်တဲ.နေရာ ရှိတယ်။ အဲဒီနေရာကို ရောက်အောင်သွား ၊အိပ်ရေးဝသွားလိမ်.မယ်။အဲဒါ" (နေသဇ်ဓုတင်) ရန်သူ(ထိနမိဒွ)ကို နိုင်တဲ. လက်နက်ဗျာ.။ စစ်တိုက်မယ်နဲ. ခေါင်းအုံးကြီးတွေနဲ. ဆိုတော. မနိုင်တာဟာ ဒါကြောင်.ဗျာ။"
ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပေါင်းအတော်ကြာကပင် တစ်နှစ်ပြီးတစ်နှစ် အံ့သြကြည်.ညို
ဖွယ် သတင်းထူများက ဖုံးကွယ်၍ မရအောင် ဖြစ်လာတော၏။ နွားကျောင်းသား ကုလာလူ
မျိုး "အလီ" ဖောင်ရွာ နွားနို.ရောင်းကုလား "ဒေ၀ဒတ်" ကျောက်ဆည်မြို. မင်းရပ်"ဦးခ" စသော
မျက်မြင်ကိုယ်.တွေ. ပုဂ္ဂိုလ်များတနေ.တခြား များပြားလာသည်နှင်.အမျှ နည်းခံပွားများသော
ယောဂီမျာပင် တနေ.တခြား တိုးပွားခဲ.ပါသည်။ ကုလားမျာကမူ -
"ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး လူစွမ်းကောင်းရှိတယ်" ဟုတအံ.တသြပြောဆိုကာ ကုလားလူ
မျိုးများပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြပါသည်။ ဝေဘူလ ဝေဘာရ တောင်စဉ်တစ်ကြော
ရှိ စေတီငယ်များအား ကောင်းကင်ယံမှ ပျံကြွကာ ဘုရားမီး ပူဇော် သည်ကိုလည်း အကြိမ်ကြိမ်
ဖူးတွေ.ရသူများ ယခုတိုင် ရှိကြပေသေးသည်။
ကျောက်ဆည်မြို၏အရှေ့ တောင်အရပ် တောင်စဉ်တောင်ဝှမ်းများတွင် "တောင်ပေါင်းချောင်"
ခေါ်သော အရပ်ဌာန တစ်ခုရှိ၏။ လွန်ခဲ.သော နှစ်ပေါင်း ခုနှစ်ဆယ်ခန်.က ထို ၌်သီတင်းသုံးသော
တောင်ပေါင်းချောင်ဆရာတော် ခေါ်ရှေ.မြင်နောက်မြင်ဆရာတော် တပါးရှိခဲ.ဖူးရာ ၄င်းဆရာတော်
ကြီးကလည်း "ဝေဘူလချောင်နေရာ၌် အာဇာနည် ပုဂ္ဂိုလ်မြတ်တစ်ပါး ထွန်းပေါက်မည်" ကို ကြိုတင်
ပြောထားခဲ.ဖူးကြောင်း ကျောက်ဆည်ပတ်ဝန်းကျင်၌်ရှေ့ မီ နောက်မီ လူကြီးသူမများ ပြောဆိုကြပါသည်။


ကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment