ရိုက်သင့်တယ်
တရားခွင် တစ်ခုတွင် တရားသူကြီးက တရားခံကို မေးသည်။
ခင်ဗျားလို လူကြီးလူကောင်း တစ်ယောက်က ကိုယ့်မိန်းမ ကိုယ် ကိုယ်ထိလက်ရောက်
ကျူးလွန်တယ်ဆိုတာ
ကျွန်တော့် အနေနဲ့ မယုံနိုင်အောင် ဖြစ်မိတယ်။
တရာခံကပြန်ပြောသည်။
တစ်ချိန်လုံး သူက ကျွန်တော့်ကို ဆူဆဲနေတော့ ပေါက်ကွဲပြီး ထိုးကြိတ်မိတာပါ
သူက ခင်ဗျားကို ဘယ်လိုပြောလို့လဲ
ရှင် ကျွန်မကိုရိုက်ရဲရင် ရိုက်ကြည့်စမ်း ရှင့် ကိုလုံးဝ မကြောက်ဘူး။
လက်တစ်ဖက်ရောက်ပြီဆိုတာနဲ့
ရှင့်ကို သင်္ချိုင်းဘက်ခြေတစ်ဖက်လှမ်းနေတဲ့ ဟိုတရားသူကြီး အစုတ်ပလုတ်ဆီ
ငါဆွဲခေါ်သွားမယ်ပြောပါတယ်။
ထိုစကားလည်း ကြားရော တရားသူကြီးသည် အမှု့ကိုချက်ချင်းပိတ်ပစ်သည်။
ယောက္ခမနှင့်သမက်
လူရွယ်တစ်ယောက်သည် ရဲသားဆီပြေးလာကာ အော်ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို ခဏဖမ်းချုပ်ထားစမ်းပါ။ မဟုတ်ရင် ကျွန်တော့်
ယောက္ခမ ကိုကျွန်တော်သတ်မိတော့မယ်”
ရဲသားက ပြန်ပြောလိုက်သည်။
”ကျုပ်ရဲ့ ယောက္ခမ ကိုပါ တစ်ဆက်တည်းသတ်ပေးစမ်းပါ ပြစ်ဒဏ်ပေါ့လျှော့အောင်
ကျုပ်ကူညီပေးမယ်”
လူရွယ်သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ အစိုးရရှေ့နေ ထံပြေးသည်။
“ရှေ့ နေမင်းခင်ဗျာ၊ ကျွန်တော့်ကို ထိန်းသိမ်းထားစမ်းပါ မဟုတ်ရင်
ကျွန်တော့် ယောက္ခမ ကိုကျွန်တော်သတ်မိပါတော့မယ်”
ကျုပ်ရဲ့ ယောက္ခမကိုပါ တစ်ခါတည်း သတ်ပေးစမ်းပါ ခင်ဗျား ပြစ်ဒဏ်လျှော့အောင်
ကျုပ်လုပ်ပေးမယ်”
လူရွယ်သည်အရင်က ထက်ပိုစိတ်ပျက်လက်ပျက်ဖြစ်သွားကာ အရက်ကိုဖိသောက်သည်။ နောက်တော့
မူးမူးရူးရူးနှင့် ရဲသားယောက္ခမရော ရှေ့နေမင်းယောက္ခမရော သူယောက္ခမပါ
သုံးယောက်စလုံးကိုသတ်ပစ်လိုက်
သည်။
လူသုံးယောက်ကို သတ်မှု့ဖြင့် လူရွယ်ကို ရုံးတင်စစ်ဆေးသည်။ တရားသူကြီးမင်းက
နောက်ဆုံး စီရင်ချက်ကို ဖတ်ကြားသည်။
”ယောက္ခမ သုံးဦးကို သတ်မှု့ဖြင့် တရားခံအား ထောင်ဒဏ်ခြောက်လ ကျခံစေ”
စီရင်ချက် ဖတ်အပြီးတွင် တရားသူကြီးသည် တရားခံလူရွယ်ဘက်လှည့်ကာလေသံတိုးတိုးဖြင့်
“မင်းသာ ငါ့ယောက္ခမ ကိုပါသတ်ပေးမယ်ဆိုရင် အမှု့ကနေ ကွင်းလုံးကျွတ်
လွှတ်ပေးဖို့ အဆင့်သင့်ပြင်ထားတာကွ ” ဟူ၏
...........................
ဒါတွေယူသွား
တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေးရင်း ပြောလိုက်တယ်..
`ရော့..ဒါတွေပါယူသွား..မယူသွားရင် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´
မငြင်းတော့ပါဘူး
ကျောင်းတွင် ဆရာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆရာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆရာပြားတယ် ထင်ရင်လဲ ထားလိုက်ပါတော့ ဆရာ..ကျွန်တော် ဆရာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
........................
အေးလေ..အေးလေ..
တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိုက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကိုေ၇ှ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမကိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား
ကျွန်တော့်ကားပေါ်က ဆင်း၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´
...................................
ရပါတယ်
အဆို သင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားပေးသည်။
“ဆရာ၊ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမ
သုံစားလို့ မရတော့ဘူးလား။”
“ဟာ ၊ ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ မီးလောင်တာတို့ ၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ ဆိုရင် ခင်ဗျားအသံက အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ။”
...................................
အပြန်အလှန်ယဉ်ကျေးမှု
ဧည့်ခံပွဲတစ်ခုတွင် ၁၅ နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန်
အမျိုးသမီးတစ်ဦးအား
သွားဖိတ်သည်၊
“ကျွန်မ ကလေးနဲ့ မကဘူး”
“တောင်းပန်ပါတယ်၊ ခင်ဗျားကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ”
အိမ်လွမ်းသူ ဆိုဒ်မှာ yint's post ကို ကုးယူတင်ပြသည် ။
ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ

No comments:
Post a Comment