မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 08, 2010

ဟာသ - ၆

မိုက်မဲသူ


‘ဟိုနားက ရုပ်ဆိုးဆိုး မိန်းမက ဘယ်သူတုန်းဗျ’

‘ကျွန်တော့် မိန်းမပါ’

‘ဟာ .. ဆောဒီးပါဗျာ။ ကျွန်တော် အင်မတန် မိုက်မဲပါတယ်’

‘ကိစ္စမရှိပါဘူးဗျာ။ မိုက်မဲမိတာက ကျွန်တော်ပါ’



မဖြစ်နိုင်ပါဘူး



ဆရာဝန် - ခင်ဗျား တစ်နေ့ကို ရေ (၁၀) ခွက်သောက်ရမယ်။

လူနာ - အဲဒါတော့ မဖြစ်နိုင်ပါဘူး။ ဆရာ။

ဆရာဝန် - ဘာဖြစ်လို့လဲဗျ။

လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက် (၄) လုံးပဲရှိလို့ပါ။



အထင်နဲ့ အမြင်



‘ဒေါက်တာ ကျွန်တော့်ဒဏ်ရာကို မချုပ်သေးဘဲနဲ့ ဘာဖြစ်လို့ အချွန်နဲ့ ထိုးကလိ နေရတာလဲ’

‘နည်းနည်းတော့ သည်းခံရမှာပေါ့။ အထဲရောက်နေတဲ့ ကျည်ဆံထပ်ဖူးကို ထုတ်ပစ်မှ ဖြစ်မှာမို့ပါ’

‘ဟင် စောစောက ပြောရောပေါ့ ဒေါက်တာရယ်၊ ကျည်ဆံက ကျွန်တော့် အိတ်ကပ်ထဲမှာဗျ’



ခံနေလို့ ဖြစ်မလား



ရုပ်ရှင်ရုံ အဝင်အဝမှာ အမျိုးသမီးကြီး တစ်ဦးက လက်မှတ်စစ်ကို ရိုက်လိုက်လို့

ဘာဖြစ်လို့ ရိုက်ရတာလဲလို့ နောက်တစ်ယောက်က မေးတယ်။

‘မိုက်ရိုင်းလို့ပါ။ ကျွန်မာဝယ်လာတဲ့ လက်မှတ်ကို ယူပြီး ဆွဲဆုတ်ပစ်တယ်လေ’


မဖြစ်ဘူး

"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာအကြံပေးပါအုန်း"
"လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

No comments:

Post a Comment