မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 05, 2010

မျက်စိနာခြင်း

မျက်စိရဲ့ အဖြူရောင်အပိုင်းကို ဖုံးအုပ်ထားတဲ့ မျက်ခွံမြှေး ရောင်ရမ်းတာပါ။ နီရဲပြီး ယားနာနေတတ်ပါတယ်။ ရောဂါပိုးဝင်တဲ့ မျက်စိဟာ
သဲမှုန်စ ၀င်သလိုမျိုး ခုလုခုလု ဖြစ်နေတတ်ပါတယ်။ မျက်ဝတ်တွေလည်း
ထွက်တတ်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ဓာတ်မတည့်
ပစ္စည်းကြောင့် ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းကို အသုံးပြုပါ။

၁။ အပူကပ်ပါ တစ်ကြိမ် ၅မိနစ်မှ ၁၀ မိနစ်ခန့်နဲ့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်အထိ မျက်လုံးပေါ် အပူငွေ.ကပ်ပေးတာကြောင့်
မျက်စိမှာ ခုလုခုလု ဖြစ်တာ သက်သာ သွားနိုင်ပါတယ်။
၂။ မျက်စိကို သန့့််ရှင်းအောင်ထားပါ မျက်စိနာတာဟာ
အချိန်တန်ရင် သူ့ဘာသာသူ ပျောက်ကင်း သွားနိုင်ပါတယ်။ ဒါပေမဲ့ မျက်စိနာတာ
အမြန် ပျောက်ကင်းအောင် မျက်လုံးနဲ့ မျက်ခမ်းကို သန့်သန့်ရှင်းရှင်း
ထားရပါမယ်။ သန့်စင်တဲ့ရေမှာ နှစ်စိမ်ထားတဲ့ ဂွမ်းလုံး (Cotton ball) ကို
အသုံးပြုပြီး မျက်ဝတ်တွေကို ဖယ်ရှားပါ။

၃။ ကလေးခေါင်းလျှာ်ရည် အသုံးပြုပါ ရေနွေးကပ်ပေးတာဟာ ကလေးငယ်တွေ အတွက် အလွန်ကောင်းမွန်ပါတယ်။ လူကြီးတွေ အနေနဲ့ ရေနွေးကပ်တာ
အပြင် အောက်ပါအတိုင်း လုပ်ဆောင်ပါ။ ကလေးခေါင်းလျှော်ရည် တစ်ဆကို
ရေနွေးတစ်ဆယ်ဆနဲ့  ရောစပ်ပြီးအဲဒီအရည်ထဲ ဂွမ်းလုံး (Cotton ball)
နှစ်စိမ်ပြီး မျက်တောင်တွေကို သန့်စင်ပေးပါ။ ရေနွေးဟာ မျက်ဝတ်တွေကို
ပျော်ဝင်စေပြီး ကလေးခေါင်းလျှော်ရည်ဟာ မျက်တောင်နဲ့ မျက်ခမ်း ထိစပ်နေတဲ့
နေရာကိုသန့်စင်ပေးပါတယ်။

၎။ မျက်နှာသုတ်ပ၀ါ သီးသန့်ထားပါ မိမိတစ်ယောက်တည်း သုံးဖို့မျက်နှာသုတ်ပ၀ါ သီးသန့်ထားပြီး အခြားအ၀တ်အစားနဲ့
မရောဘဲ သီးသန့်လျှော်ဖွပ်ပါ။ မျက်စိနာတာဟာ ကူးစက်လွယ်လို့ပါ။
၅။ ရေကူးကန်ထဲ ရေမကူးပါနဲ့ ရေကူးကန်ရှိ
ရေထဲမှာ ပါဝင်တဲ့ ကလိုရင်းတွေဟာ မျက်စိနာ (မျက်မြှေးရောင်ရမ်းနာ)
ဖြစ်တတ်ပါတယ်။ ရေကူးကန်ထဲမှာ ကလိုရင်း ခတ်မထားရင်လည်း ဘက်တီးရီးယားတွေ
ပေါက်ဖွားလွယ်ပြီး မျက်စိနာတတ်ပါတယ်။ ဒါကြောင့် သင်ဟာ
မျက်စိနာလွယ်တတ်သူဖြစ်ရင် ရေမကူးပါနဲ့။
၆။ ဓာတ်မတည့ှ်ုကြောင့်ဖြစ်တဲ့ မျက်စိနာတာအတွက် ရေခဲကပ်ပါ သင်မျက်လုံးထဲမှာ
ခြင်ကိုက်ခံရသလို ယားယံနေပြီး မျက်စိမှ မျက်ဝတ်တွေထွက်နေရင်
ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါ လက္ခဏာပါ။
Antihistamine(ယားယံပျောက်ဆေး)တွေ သောက်ဖို့ လိုအပ်ပြီး ရေခဲကပ်ပေးပါ။
ရေခဲကပ်တာကြောင့် ယားယံတာ သက်သာနိုင်ပါတယ်။
၇။ ညအိပ်ရာဝင်ခါနီး ပဋိဇီဝဆေးပါဝင်တဲ့ မျက်စဉ်းခတ်ပါ မျက်စိမှိတ်ထားရင်
ပိုးမွှားတွေကြောင့် မျက်စိနာတာ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်
ညအိပ်ပျော်စဉ်မှာ မျက်စိနာဝေဒနာ ပိုဆိုးတာပါ။ ဒါကြောင့် အိပ်ရာမ၀င်ခင်
ပဋိဇီဝပိုးသတ်ဆေးပါဝင်တဲ့ မျက်စဉ်းခတ်ဆေးအဆီ (antibioticsoinment)
ခတ်ထားပါ။
၈။ ဆရာဝန်န်နဲ့ ဘယ်အချိန်ပြမလဲ *မျက်စိနာအပြီး
ငါးရက်အကြာမှာ ရောဂါမပျောက်ဘဲ ပိုဆိုးလာရင် *မျက်စိနီရဲတာနဲ့အတူ
မျက်လုံးတွင်း သိသိသာသာ နာကျင်တာ၊ အမြင်အာရုံ ပြောင်းလဲတာ ဒါမှမဟုတ်
မျက်ဝတ်အစိမ်းရောင် ဒါမှမဟုတ် အ၀ါရောင် အများကြီးထွက်ရင် *မျက်လုံး
ထိခိုက်ဒဏ်ရာရတာကြောင့် မျက်စိနီရဲလာရင် တစ်ခါတစ်ရံ မျက်ကြည်လွှာကို
ခြစ်မိရာမှ ရောဂါပိုး ၀င်ရောက်ကာ အနာဖြစ်လာပြီး အမြင်ဆုံးရှုံးတာ ဒါမှမဟုတ်
မျက်လုံးဆုံးရှုံးတာတောင် ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ
ပါးစပ်မှာပေါက်တတ်တဲ့ ရေယုန်မှတစ်ဆင့် မျက်လုံးကိုထိမိရာမှလည်း
မျက်ကြည်လွှာတွင်းရောဂါပိုးဝင်ရောက်နိုင်ပါတယ်။
ဒေါက်တ်တ်တာခင်မိုးမိုး

No comments:

Post a Comment