မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 20, 2010

ရွှေဧည့်သည် ဘယ်သွားမှာလ

      "ရွှေဧည့်သည် ဘယ်သွားမှာလဲ ?"

   ကျွန်ုပ်တို့အားလုံးသည် လူဘုံဘဝကို ခဏတာ အလည်ရောက်လာကြတာဖြစ်ပါတယ်...။ ဘာဖြစ်လိုလဲဆိုတော့ လက်ရှိလူ့သက်တမ်း နှစ်တရာ ဆိုတာ သံသရာနဲ့နှိုင်းယှဉ်လိုက်ရင်

ဘာမှမပြောပလောက်တဲ့ လျှပ်တစ်ပျက်စာ ကာလလေးသာဖြစ်နေလို့ပါပဲ..။
         မြတ်စွာဘုရားရှင်က လူ၊နတ်၊ဗြဟ္မာ လို့ခေါ်တဲ့ သုဂတိဘုံမှာရှိတဲ့ သတ္တဝါတွေက လက်သည်းခွံပေါ်ကမြေမှူန့်ပမာဏမျှသာ ရှိပြီး ငရဲ ၊ တိရိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ်လို့ခေါ်တဲ့

အပါယ်လေးဘုံမှာ ရှိတဲ့သတ္တာဝါတွေကတော့ မဟာမထဝီမြေကြီးပမာဏမျှရှိတယ်လို့ ရှင်အာနန္ဒာမထေရ်ကို မိန့်တော်မူခဲ့ပါတယ်...။

  (ဓမ္မပဒ ဋ္ဌ၊ ၁၊ ၁၆၆) ပါဠိတော်မှာလည်း

ပမတ္တဿ ဟိ စတ္တာရော အပါယာ သကဃရသဒိသာ  လို့ဟောတော်မူထားပါတယ်...။

ပမတ္တဿ ဟိ = ဘုရား တရား သံဃာ - ရတနားသုံးပါး၊ ဆရာမိဘဆိုတဲ့ အဖော်ကောင်းကို ရှောင်၊ ကုသိုလ် အဖော်ကောင်းကို ရှောင်ပြီးတော့ အဖော်ယုတ်နဲ့တူတဲ့ သားရေး သမီးရေး

 စီးပွားရေး ကြီးပွားရေး အကုသိုလ် အရေးတွေနဲ့ အချိန်ကုန် မေ့လျော့နေတဲ့သူအတွက်၊စတ္တာရော အပါယာ = ငရဲ တိရိစ္ဆာန် ပြိတ္တာ အသုရကာယ်လို့ ခေါ်တဲ့ အပါယ်လေးဘုံတို့ဟာ၊

သကဃရသဒိသာ = မိမိတို့ရဲ့ ကိုယ်ပိုင်အိမ်ကြီးများနဲ့တူတယ် လို့ ဟောတော်မူထားပါတယ်။

အပါယ်ဆိုတဲ့ စကားဟာ အပါယလို့ ခေါ်တဲ့ ပါဠိစကားမှ ဆင်းသက်လာတဲ့ ပါဠိသက်စကား ဖြစ်ပါတယ်။

 (အပ = ကင်းတယ် + အယ = ချမ်းသာ) အပါယ = ချမ်းသာကင်းတယ် ဆိုဆိုလိုပါတယ်..။

              လူချမ်းသာ ၊ နတ်ချမ်းသာ ၊ ဗြဟ္မာချမ်းသာ ဆိုတာလည်း တကယ့် ချမ်းသာအစစ်တွေ မဟုတ်ကြပါဘူး.. ကုသိုလ် အရှိန်ကုန်တာနဲ့ အပါယ်ဘုံကို ပြန်ကျမှာပါဘဲ..။

 မြတ်စွာဘုရားသခင်က လူတစ်သိန်း နတ်တစ်သိန်း သေလို့ သုဂတိဘုံကို တစ်ယောက်ပြန်မရောက်ဘူးလို့ ဟောတော်မူခဲ့ ပါတယ်..။ နတ်ပြည်ဆိုတာ လူဘုံထက် ပိုပြီး

ကုသိုလ်တရားတွေ မေလျှော့စေတတ်တဲ့ ကာမဂုဏ်ခံစားစရာတွေပေါပါတယ်..။ ကာမဂုဏ်ချမ်းသာခံစားတယ်ဆိုတာကို မြတ်စွာဘုရားရှင်က အမဲရိုးကို ကိုက်နေတဲ့

ခွေးနဲ့ဥမာပေးထားပါတယ်..။ခွေးပါးစပ်ကထွက်တဲ့ သွားရည်နဲ့ အမဲရိုးအနံနဲ့ပေါင်းပြီး အရသာရှိတယ်ထင်နေတာပါ..။ ဒါကြောင့်လဲ မလွှတ်နိုင်ဖြစ်နေတာပေါ့..။

 ဒီလိုပါပဲ အဆင်း ၊ အသံ ၊ အနံ့၊ အရသာ ၊ အတွေ့ထိ ဆိုတဲ့ ငါးပါးအာရုံကာမဂုဏ်တွေဟာလည်း သူ့ပင်ကိုက စွဲမက်စရာမရှိပါဘူး .။ စွဲလမ်းတက်မက်မှူ တဏှာ

အစေးဓာတ်ကြောင့် ခင်မင်စရာအဖြစ်မြင်နေတာပါ..။ (တနည်း)  ခွေးသေကောင်ပုပ် ရလို့ပျော်နေတဲ့ လင်းဒ နဲလည်းတူပြန်ပါတယ်..၊အဝိဇ္ဖာအမှောင်ဖုံးနေတဲ့

ပုထုဇဉ်တွေအမြင်မှာ ကာမဂုဏ်အာရုံတွေကို တပ်မက်စရာအဖြစ် မြင်ပေမဲ့  အရိယာသူတော်ကောင်းကြီးတွေအမြင်မှာတော့ ကာမဂုဏ်အာရုံတွေဆိုတာ

 ခွေးသေကောင်ပုပ်လိုပဲ စက်ဆုပ်ရွံ့ရှာစရာအတိပါ...။  

ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က အဝိဇ္ဖာနဲ့ တဏှာကို သံသရာရှည်ကြောင်း တရားနှစ်ပါးလို့ ဟောခဲ့တာပေါ့...။    

                 ကျွန်ုပ်တို့ဟာ ယခုအချိန်မှာ ဒုလ္လဘ (ရခဲခြင်း)တရား (၅)ပါး လုံးပြည့်စုံနေတဲ့ (တနည်း) လမ်းဆုံကိုေ၇ာက်နေတဲ့ သံသရာခရီးသွားတွေ ဖြစ်ပါတယ်..။

ဒါကြောင့်  မြုပ်လမ်းဖြစ်တဲ့ ကာမဂုဏ်အာရုံတွေ ခံစားရင်း အပါယ်ဘုံကိုပြန်သွားမလား.? မျောလမ်းဖြစ်တဲ့ လူ ၊ နတ် ၊ ဗြဟ္မာ သုဂတိဘုံတောင့်တတဲ့ (တနည်း)

ဝဋ်တောင့်တပြုသော ဒါန ၊ သီလ ၊ သမထ အလုပ်တွေကို လုပ်ပြီး သုဂတိဘုံ ခဏသွားမလား...? သံသရာလွတ်ကင်းရာ နိဗ္ဗာန်၏အထောက်အပံ့ဖြစ်သော

ပါရမီကုသိုလ် (တနည်း) ဝိဝဋ်တ ဒါန ၊သီလ ၊ ဘာဝနာ အလုပ်တွေလုပ်ပြီး ပါရမီတွေဖြည့်ဆည်း ကြမလား ? ဒါမှမဟုတ် သံသရာဝဋ်ဆင်းရဲတွင်းက အပြီးတိုင်

လွတ်မြောက်ကြောင်း မင်္ဂင်အလုပ် ၊ (တနည်း) ဝိပဿနာ အလုပ် တွေကြိုစားအားထုတ်ပြီး သန္တိသုခ နိဗ္ဗာန်ရွေပြည်ကိုသွားမလား..? အခွင့်အရေး အားလုံးရှိပေသည်..။

 ထို့ကြောင့် လက်ရှိဘဝသည် ကြီးမြတ်သော မဟာကုသိုလ်ကြောင့်ဖြစ်သော (တနည်း) လာခြင်းကောင်းသော ရွှေဧည့်သည် ဟုခေါ်နိုင်ပေသည်...။



    ကျွန်ုပ်မေးလိုက်ချင်ပါသည် "ရွှေဧည့်သည် ဘယ်သွားမှာလဲ ?"

No comments:

Post a Comment