မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

November 10, 2010

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာ အရင်လို မဟုတ်တော့ဘူး။

ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့ အခါ

အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ င့ါကိုမရွံပါနဲ့ ၊

ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး ပြန်သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့  စကားတွေ ပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး

နားထောင်ပေးပါ။ ဇာတ်ကြီးဆယ်ဘွဲ့ တွေ စတဲ့ ပုံပြင်တွေ မရိုးအောင်ပြောရင်း

ငါချော့သိပ်ခဲ့ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊

ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့  ရေချိုးဖို့ 

အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့်

ရေချိုးပေးခဲ့ ဖူးတဲ့  ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ ရင် မလှောင်ပါနဲ့ ။

ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့ တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့


့လက်တစ်စုံနဲ့ငါ့ကိုကူတွဲပေးကြပါ။

လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့  ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။

အရန်တုန်းက လူ့ ဘ၀သက်လမ်းအတွက် ငါလမ်းညွန်ခဲ့ သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံး

အချိန်အတွက် ဖော်ပြုပေးပါ။ ချစ်ခြင်း မေတ္တာနဲ့  အေးမြမှုတွေကို ငါပြုံးပြုံးလေး

လက်ခံမှာပါ။အဲ့ဒီအပြုံးတွေထဲ မှာမဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ ရမှာပါ။

No comments:

Post a Comment