မိုးကောင်း ရွှေသာလျောင်း ဘုရားကြီး

August 24, 2010

ဆံပင်သန်စေသော နည်းလမ်း (၃) သွယ်

သင့်ဆံပင်သန်စွမ်းစေချင်လျှင် ဆံပင်ရှည်နှုန်းကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ပေးရန်လိုပါသည်။ ဆံပင်သည် တစ်လအတွင်း တစ် လက်မမှ ၃ လက်မအထိ ရှည်ထွက်လာသောကြောင့်ဖြစ်သည်။
ဆံပင်ပေါက်နှုန်းကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ပေးရန်အတွက် ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့် ဘိုင်အိုတင်းဓာတ် ပေါကြွယ်ဝသည့် ငှက်ပျောသီး၊ အခွံမာသီး၊ ဥအမျိုးမျိုး နှင့် နှံစားသီးနှံများကို
မှန်မှန်စားသုံးပေးရန်လိုပါသည်။
အစားအသောက်စားသုံးခြင်းဖြင့် အတွင်းပိုင်းမှ ပြုပြင်ပေးရန် လိုသကဲ့သို့ အပြင်ပိုင်းမှာလည်း ပြုပြင်ပေးရန် လိုအပ်ပါသည်။
အပြင်ပိုင်းမှ ပြုပြင်ပေးရမည့်နည်းလမ်း ၃ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း
ခေါင်း လျှော်ပေးရုံဖြင့် မလုံလောက်ပါ။ ဦးရေပြားကို လက်ချောင်းကလေးများဖြင့် မကြာခဏ နှိပ်နယ်ပေးရန်လိုပါသည်။ ဦးရေပြားတွင် ချေးများ၊ အဆီများ၊ အရေပြား ဆဲလ် အသေများ အလွှာလိုက်ကပ်နေပါက
ဆံအသစ်များသည် တိုးထွက်လာရန် အခက်အခဲရှိပါသည်။ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နေစဉ် ဦးရေပြားကို လက်ချောင်းကလေးများဖြင့် ၂ မိနစ်ခန့် အသာအယာ နှိပ်နယ်ပေးသင့်ပါသည်။
ထိုသို့ ပြုလုပ်ပေးခြင်းသည် ဆံပင်သန်စွမ်းမှုကို အဟန့်အတားဖြစ်စေသော အညစ်အကြေးများကို ဖယ်ရှားပေးရုံမက ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ ဦးရေပြားအတွင်း
သွေးလည်ပတ်မှု ကောင်းမွန်ပါက ဆံပင်ရှည်ထွက်မှုနှုန်း ပိုမိုမြင့်မားလာစေပါသည်။

၂။ အလှပြင်ပစ္စည်းကောင်းများကို သုံးစွဲပါ။
ဆံပင်သန်စွမ်းစေရန် ဦးရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးသည့် ခေါင်းလျှော်ရည်များ၊ ခေါင်းလိမ်းဆီများကို ရွေးချယ်သုံးစွဲပါ။ နေပူခံ ခရင်မ် သုံးစွဲခြင်းသည် ဆံပင်ခြောက်သွေ့ခြင်း၊ ကြွပ်ဆတ်ခြင်းတို့ကို
ကာကွယ်ပေးသည်။

၃။ ဦးခေါင်းကို အပူမခံပါနှင့်
ဆံပင်ပုံသွင်းပစ္စည်းများ၏ အပူရှိန်ကြောင့် ဆံပင်အမြစ်ခြေရင်းကို ပျက်စီးစေသည့်ပြင် ဆံပင်ကို ကြွပ်ဆတ်စေပါသည်။ ခေါင်းဖြီးလျှင် ဘီးကျဲကျဲဖြင့်ဖြီးပါ။ မလွှဲမရှောင်သာ၍ အလှပြင်ပစ္စည်းများကို
အသုံးပြုရတော့မည်ဆိုပါက ဆံပင်ကို အပူခံ ခရင်မ် တစ်မျိုးမျိုးကို သုံးစွဲပါ။

ပိတုန်းရောင်ဆံကေသာဖြင့် အလှတိုးနိုင်ကြပါစေ။






ကျမ်းကိုး
New Light of Myanmar
22-8-2010

No comments:

Post a Comment