July 26, 2010
ဒေါသပယ်ဖြတ်ခြင်းအကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းသည် မြတ်စွာဘုရားထံ လာရောက်၍ မေးလျှောက်သည်။
မြတ်စွာဘုရား-
(၁) အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း။
(၂) အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါသနည်း။
(၃) အရှင်ဘုရားသည် အဘယ်တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်း။ ဟု မေးလျှောက်သည်။
သိကြားမင်း-
(၁) အမျက်ထွက်ခြင်း ဒေါသကို ဖြတ်တောက်သော် မစိုးရိမ်ရပေ။
(၂) အမျက်ဒေါသကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏။
(၃) အဆိပ်နှင့်တူသော ချိုမြိန်မှုမရှိသော အမျက်ဒေါသအား ပယ်ဖြတ်ခြင်းကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းနှစ်သက်ကုန်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ သဂါထာဝဂ္ဂသံယုတ်၊ တတိယ၀ဂ်၊ ဆေတွာသုတ်။
ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment